ငါးသိုင်းချောင်းမြို့၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

 

ငါးသိုင်းချောင်း အောက်တိုဘာ ၁၃


ဧရာဝတီတိုင်းဒေသကြီး   ပုသိမ် ခရိုင်  ငါးသိုင်းချောင်းမြို့ အထက ကျောင်းဆေးထိုးစုရပ်၌ အောက် တိုဘာ  ၁၃ ရက် နံနက်ပိုင်းက
အသက်   ၅၅   နှစ်နှင့်အထက် ဒေသခံပြည်သူများ၊ မသန်စွမ်းသူ များ၊   နာတာရှည်နှင့်  ကူးစက် ရောဂါမရှိသူများ၊ အစိုးရဝန်ထမ်း များနှင့်  ပုဂ္ဂလိကဝန်ထမ်းများ အစရှိသည့်   ဦးစားပေးဦးတည် အုပ်စုအလိုက် လူဦးရေ ၃၅၀ ခန့် အား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ပထမအကြိမ်  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း   သိရ သည်။ 


အဆိုပါ       ဆေးထိုးစုရပ်၌ စက်တင်ဘာလနှင့်   အောက်တို ဘာ  ၁၂  ရက်အထိ ဦးစားပေး ဦးတည်အုပ်စုအလိုက် ကာကွယ် ဆေး  ပထမအကြိမ် ထိုးနှံပြီးစီးသူ  ၃၇၈၁ ဦးရှိခဲ့ရာ ၎င်းတို့အနက် ဒုတိယအကြိမ်    ကာကွယ်ဆေး ထိုးရန်ရှိသူ    ၂၅၀    ကိုလည်း ဒုတိယအကြိမ်   ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့်  ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း  သက်သေခံ လက်မှတ်များ ထုတ်ပေးခြင်းကိုပါ တစ်ပြိုင်တည်း  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဆက်လက်၍ ကာကွယ်ဆေး ခွဲဝေရရှိမှု    အခြေအနေပေါ် မူတည်၍ ဦးစားပေးဦးတည်အုပ်စု များအလိုက် ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်     ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရပြီး သက်ဆိုင် ရာ မြို့အဆင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်     တုံ့ပြန်ရေးကော်မတီ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊      ကြက်ခြေနီသူနာပြု တပ်ဖွဲ့၊  စေတနာ့ဝန်ထမ်းများနှင့် သက်ဆိုင်ရာ  တာဝန်ရှိသူများက ဒေသခံပြည်သူများ   ကာကွယ် ဆေး    အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ပေးလျက်ရှိကြောင်း       သိရ သည်။


ကိုဦး(ငါးသိုင်းချောင်း)