အနာဂတ်မရေရာသေးတဲ့ အာဖဂန်ပြည်သူများ

 

 လင်းဟန်သစ်

နိုင်ငံခြားမှာနေထိုင်တဲ့ အာဖဂန်တွေဟာ သူတို့အာဖဂန်အစိုးရပြုတ်ကျပြီး တာလီဘန်တွေပြန်ပြီး အာဏာရရှိလာတဲ့အပေါ် အံ့သြမှင်တက်စွာနဲ့ စောင့်ကြည့်ခဲ့ရပါတယ်။ ဂျပန်နိုင်ငံမှာ ပညာလာသင်နေတဲ့ ပညာတော်သင်ကျောင်းသားတစ်ယောက်နဲ့ ဘွဲ့ရပြီး အမိနိုင်ငံကို ပြန်သွားတဲ့  ပညာတော်သင်တစ်ဦးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်နဲ့ စိုးရိမ်စိတ်တွေအကြောင်း နိုင်ငံတကာရေးရာကဏ္ဍအနေနဲ့ စိတ်ဝင်စားဖွယ်  ဖော်ပြပေးလိုက်ပါတယ်။ 


အိမ်ပြန်တာက သေမိန့်ချလိုက်သလို 


အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ထောက်ပံ့ကူညီဖို့   ဂျပန်နိုင်ငံက      ကမကထ လုပ်ထားတဲ့    ပညာသင်ဆုပေးတဲ့      အစီအစဉ်မှာ သူတို့တွေ ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၁၁     ခုနှစ် ကတည်းကစပြီး ဒီအစီအစဉ်မှာ အာဖဂန် ၆၀၀ လောက် ပါဝင်ခဲ့ပါတယ်။


အာရှရက်ဖ်လို့   နာမည်လွှဲထားတဲ့    အာဖဂန် ပညာတော်သင်တစ်ဦးက   တာလီဘန်တွေအာဏာ ပြန်ရလာကတည်းက     စိုးတထိတ်ထိတ်နဲ့    အိပ် ပျော်ရုံသာရှိခဲ့တယ်လို့    ဖွင့်ဟခဲ့ပါတယ်။ ဂျပန်နိုင်ငံ မှာနေထိုင်ဖို့  ခွင့်ပြုထားတဲ့ ကျောင်းသားဗီဇာဟာ လာမယ့်နှစ်မှာ  သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါ တယ်။   ကျောင်းပြီးလို့      အိမ်ပြန်တာက  သေမိန့် ချလိုက်သလိုပါပဲလို့ ပြောခဲ့ပါတယ်။ 


အခွင့်မသာခဲ့ 


ဂျပန်နိုင်ငံကို   မလာခင်က   သူဟာ  အာဖဂန် အစိုးရနဲ့ အမေရိကန်စစ်တပ်မှာ     အလုပ်လုပ်ခဲ့ပါ တယ်။ အဲဒါက တာလီဘန်တွေကို စိတ်ဆိုးဒေါသထွက်စရာတွေဖြစ်ခဲ့ပြီး   သူဟာ   တာလီဘန်ရဲ့ ငြိုးမာန်ဖွဲ့ မုန်းဖွဲ့မှုစက်ကွင်းအတွင်း ကျရောက် ခဲ့ရပါတယ်။ အဲဒီအချိန်က ရရှိခဲ့တဲ့ မက်ဆေ့ချ်မှာ “မင်းဟာနိုင်ငံခြားတိုင်းပြည်တွေကို       ထောက်ပံ့ ပေးနေတယ်၊ ငါတို့မင်းကို ဖမ်းမိရင်ကတော့ ငါတို့ ရဲ့လက်မရွံ့သမားတွေက မင်းကို အမဲဖျက်ကြလိမ့်  မယ်” လို့ ရေးသားဖော်ပြထားပါတယ်။ 
အာရှရက်ဖ်ဟာ  မိသားစုရှိတဲ့အတွက်   သူ့ရဲ့ အနာဂတ်နဲ့ သူ့ရဲ့မိဘတွေကို  စိုးရိမ်လျက်ရှိပါတယ်။ သူ့အဖေဟာ        အာဖဂန်စစ်တပ်အရာရှိတစ်ဦး ဖြစ်ပြီး  အခုတော့   အိမ်မှာ ပုန်းအောင်းနေရပါတယ်။   သူ့အမေကလည်း သူ့ကိုဘယ်သူမှ   မမှတ်မိစေဖို့    စျေးဝယ်ထွက်တဲ့ အခါမှာ အမြဲတမ်းဖုံးကွယ်ပြီး    သွားနေရပါတယ်။   အာဖဂန်အစိုးရ      ပြုတ်ကျသွား ပြီးတဲ့နောက်မှာ သူတို့ဟာ    ထွက်ပြေးဖို့   ကြိုးစား ခဲ့ကြပါတယ်။   ဒါပေမယ့်လည်း    နည်းလမ်းရှာမရ ခဲ့သလို  ထွက်ပြေးဖို့လည်း    အခွင့်မသာခဲ့ပါဘူး။ 


ရန်ပုံငွေတွေ ပြတ်လပ်ကုန်ပြီ


အာရှရက်ဖ်ဟာ     သူ့ရဲ့     ငှားရမ်းနေထိုင်မှုကို ကာမိတဲ့    သူ့ရဲ့ပညာသင်ထောက်ပံ့ကြေး   ယန်း ၁၅၀၀၀၀ ကနေ အပိုလေးတွေကို    သူ့ရဲ့ဆွေမျိုးတွေ အတွက် စုဆောင်းဖယ်ထားခဲ့ပါတယ်။   အဲဒီထဲမှာ သူ့ဇနီးနဲ့ကလေးတွေ    အစားအစာအတွက်လည်း ပါဝင်ပါတယ်။   သို့သော်လည်း   ပိုက်ဆံကိုတော့ ဘယ်လိုပြန်ပို့ပေးရမလဲဆိုတာ နည်းလမ်းရှာမတွေ့ သေးပါဘူး။ 


အာဖဂန်နစ္စတန်မှာရှိတဲ့     ဘဏ်အများစုက လည်း ပိတ်ကုန်ကြပါပြီ။ အကယ်၍ သူတို့ပြန်ဖွင့်ရင် လည်း ပိုက်ဆံထုတ်တာတွေကို    ကန့်သတ်ချက်နဲ့ လုပ်ဆောင်ရမှာ   ဖြစ်ပါတယ်။   တာလီဘန်တို့  နိုင်ငံကို    သိမ်းလိုက်ကတည်းက     နိုင်ငံတကာ အသိုင်းအဝိုင်းက    ပိုင်ဆိုင်မှုတွေကို  ထိန်းသိမ်း လိုက်တဲ့အခါမှာတော့  ဘဏ္ဍာရေးအဆောက်အအုံ တွေ၊  အင်စတီကျူးရှင်းတွေအနေနဲ့  ရန်ပုံငွေတွေ ပြတ်လပ်သွားပါတယ်။


ကျေးဇူးပြုပြီး လျစ်လျူမရှုလိုက်ပါနဲ့ 


“ကျွန်တော်တို့ အာဖဂန်တွေဟာ    အမြဲတမ်း   အကူအညီ    တောင်းခံနေရပါတယ်။    ဒါပေမယ့်   ဒီတစ်ခါကတော့  တကယ့်ကို  အရေးကြီးကိစ္စပါပဲ။ ကျေးဇူးပြုပြီး   လျစ်လျူမရှုလိုက်ပါနဲ့” လို့   ဂျပန် အစိုးရကို အာရှရက်ဖ်က ပြောလိုက်ပါတယ်။ 


လွတ်မြောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ 


အကူအညီပေးဖို့ တောင်းခံတာက အာရှရက်ဖ် တစ်ယောက်တည်း   မဟုတ်ပါဘူး။   ယာမာလို့ နာမည်လွှဲထားတဲ့ အာဖဂန် ပညာသင်တစ်ယောက် လည်းရှိပါသေးတယ်။ သူဟာ ဂျပန်နိုင်ငံမှာ   ပညာ သင်ပြီးလို့    အာဖဂန်နစ္စတန်ကို      ပြန်ခဲ့တဲ့ ကျောင်းသားတစ်ယောက်   ဖြစ်ပါတယ်။    သူက ဂျပန်အစိုးရကို   သူ့မိသားစုကို   ကယ်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 


သူ့ရဲ့   နောက်ခံပညာရေးအချက်အလက်တွေ ကို  တာလီဘန်တို့   စိတ်ဝင်စားလာမှာကို   သူက စိုးရိမ်လျက်ရှိပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မြို့အနှံ့   တစ်အိမ်တက်တစ်အိမ်ဆင်း   လှည့်လည် သွားလာနေပြီးတော့ တစ်ခါတစ်ရံမှာ ပြည်သူတွေကို ခေါ်ထုတ်သွားတယ်လို့ သူက ပြောပါတယ်။ 
သူ့ကလေးတွေရဲ့   အနာဂတ်ကို     စဉ်းစားပြီး ယာမာဟာ  လွှတ်မြောက်ဖို့    ဆုံးဖြတ်ချက်ချခဲ့ပါ တယ်။     ကလေးဘဝ      ပျော်ရွှင်မှုတွေကိုလည်း    ပိတ်ပင်ထားတယ်လို့   သူကပြောပါတယ်။ 


လိင်ခွဲခြားမှုမရှိဘဲ ပညာရေးအခွင့်အလမ်း 
တန်းတူပေးစေချင် 


လိင်ခွဲခြားမှုမရှိဘဲ  ယောကျ်ားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ပညာရေးအခွင့်အလမ်းတွေကိုကျွန်တော်ပေးချင်တယ်။   အခုတော့    သူတို့ကို ကျောင်းတက်ခွင့်တော့ပေးထားတယ်။ ဒါပေမယ့် သူတို့ရဲ့ တက်ကြွမှုကတော့ ပျောက်ကွယ်ကုန်ပြီ။ ဘာဖြစ်လို့လဲဆိုတော့  သူတို့သာ  ဒီမှာဆက်နေမယ် ဆိုရင် သူတို့ရဲ့အနာဂတ်ဟာ ဘယ်လိုဖြစ်လာမလဲ ဆိုတာ သူတို့သိနေလို့ပဲလို့  ယာမာက ပြောပါတယ်။


မိသားစုကို အေးအေးချမ်းချမ်းထားချင် 


သူက ဂျပန်ကိုပြန်ချင်တယ်။   သူ့ကလေးတွေ လည်း ဂျပန်နိုင်ငံရဲ့  ယဉ်ကျေးမှုနဲ့   လူနေမှုဘဝကို အသားကျနေကြပြီလို့ သူကပြောပါတယ်။
ယာမာတစ်ယောက်ကတော့     ဂျပန်နိုင်ငံရဲ့ အကြောင်းကြားစာကို စောင့်နေပါတယ်။ ပြန်လာဖို့ လက်ခံခဲ့တယ်ဆိုရင်တောင်မှ   ခရီးသွားဖို့   စာရွက် စာတမ်းကိစ္စဟာ   ပြောသလောက်    လွယ်ကူမှာ မဟုတ်ပါဘူး။ 


သူ့မိသားစုတချို့ရဲ့      နိုင်ငံကူးလက်မှတ်တွေ ဟာ   သက်တမ်းကုန်ဆုံးတော့မှာပဲ      ဖြစ်ပါတယ်။ အသစ်လုပ်ပေးဖို့ကလည်း     ရုံးတွေပိတ်ထားပါသေး တယ်။ မိသားစုကို အေးအေးချမ်းချမ်း စောင့်ရှောက် ချင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ   နေထိုင်ချင်တယ်လို့ သူကပြောပါတယ်။ 


မိန်းကလေးနဲ့ ကလေးအများစုပြောင်းရွှေ့


အာဖဂန်နစ္စတန်ရဲ့     လူသားချင်း     စာနာ ထောက်ထားမှုဆိုင်ရာ       အကျပ်အတည်းကို ကုလသမဂ္ဂက သတိပေးထားပါတယ်။   ဒီနှစ်အတွင်း မှာ   လူပေါင်း   ၆၃၄၀၀၀  လောက် ‌  ရွှေ့ပြောင်း နေထိုင်ခဲ့မှုအပါအဝင် စုစုပေါင်း ၃ ဒသမ ၅ သန်း လောက် နေရပ်ရွှေ့ပြောင်းကုန်ကြပါတယ်။ အများစု ကတော့     မိန်းကလေးတွေနဲ့    ကလေးတွေပဲ ဖြစ်ပါတယ်။ 


ကြမ်းတမ်းခက်ခဲတဲ့ ဆောင်းတွင်းကို ဝင်ရောက် ဖို့   နီးကပ်လာပြီဖြစ်တဲ့အတွက်    ကယ်ဆယ်ရေး လုပ်သားတွေလည်း       သူတို့ရဲ့လုပ်ငန်းတွေကို တက်သုတ်ရိုက်  လုပ်ကိုင်နေကြပါတယ်။ 


အာဖဂန်အများစုကတော့ နိုင်ငံတကာ   အကူ အညီကို မှီခိုနေကြတယ်လို့    ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီရဲ့   ကမ္ဘာလုံးဆိုင်ရာ   ပြောရေးဆိုခွင့်ရှိသူ ဘာဘာဘလော့ချ်က     ပြောကြားလိုက်ပါတယ်။ သူတို့တွေသာ တံခါးလာခေါက်ခဲ့မယ်ဆိုရင်  ကျေးဇူး ပြုပြီး ကူညီထောက်ပံ့မှုတွေကို ရှေ့ဆက်လုပ်ဆောင် ပေးကြပါ။ သူတို့ကို ပစ်ထားရမယ့်အချိန်မဟုတ် ဘူးလို့   သူက  ပြောပါတယ်။ 


ကိုးကား-အင်န်အိတ်ချ်ကေ