
ပဲခူး အောက်တိုဘာ ၁၃
ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး တောင်ဘက် မုခ်တွင် ဓာတ်လှေကားတည်ဆောက်ရန်အတွက် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အောက်တို ဘာ ၁၂ ရက်က ကျင်းပသည်။
စေတီတော်မြတ်ကြီးတွင် ၁၂ ယောက်စီး ဓာတ်လှေကားတပ်ဆင်ခြင်းအတွက် ငွေကျပ်သိန်း ၂၇၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသ ကြီး အစိုးရအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီအတွင်း အပြီးတည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။
ပန္နက်တင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟင်္သာကုန်းစေတီ တော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များက ပန္နက် များ တင်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဟင်္သာကုန်းစေတီတော် ဩဝါဒါစရိယဆရာတော်နှင့် ဆရာတော်ကြီးများအား သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ကိုးသိန်းကျောင်းတိုက် ဆရာ တော်က လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
တင်စိုး(ပဲခူး)