လက်ဖက်စိုက်ခင်းများ၌ ရွှေတူးဖော်မှုများကြောင့် ဒေသခံများ စိုးရိမ်နေ

 

ဟုမ္မလင်း   အောက်တိုဘာ   ၁၃


စစ်ကိုင်းတိုင်းဒေသကြီး   အထက်ပိုင်း ဟုမ္မလင်းမြို့နယ်  ရှမ်းနီတိုင်းရင်းသား များ    နေထိုင်ရာ     ကျေးရွာအချို့တို့ရှိ လက်ဖက်စိုက်ခင်းများ၌    ယခုအခါ တရားမဝင်    ရွှေသတ္တုတူးဖော်မှုများ လုပ်ကိုင်လာကြောင်း ဒေသခံများထံမှ သိရသည်။​


ဟုမ္မလင်းမြို့နယ်       ချင်းတွင်း မြစ်ကမ်းဘေးရှိ    နောင်ပင်၊​    မိုင်း ဝယ်၊​    ဆယ်နှိုင်းနှင့်    မိုင်းတောင်း စသည့်ကျေးရွာများရှိ      ရှေးအစဉ် အဆက်        စိုက်ပျိုးထားခဲ့သော   လက်ဖက်စိုက်ခင်းများကို     ရွှေသတ္တု တူးဖော်ကြသူများက       ဝယ်ယူကာ  ဘက်ဟိုးစက်ယန္တရားကြီးများနှင့် မြေ သယ်ယာဉ်ကြီးများကို    အသုံးပြုပြီး ရွှေတူးဖော်နေကြသောကြောင့် လက် ဖက်စိုက်ခင်းများ      ကုန်လုနီးပါးဖြစ်နေ ကြောင်း၊ တရားမဝင်ရွှေသတ္တုတူးဖော် နေမှုကို     တားဆီးလိုကြသော်လည်း အခက်အခဲများရှိကြောင်း   ဒေသခံများထံမှ သိရသည်။ 


“နောင်ပင်မျက်စောင်းထိုး မိုင်းဝယ်၊  ဆယ်နှိုင်း    အဲဒီဘက်က   လက်ဖက်ခင်း ကုန်းတွေလည်း ကုန်နေပြီနဲ့   တူတယ်၊ စက်ယန္တရားကြီးတွေနဲ့   တိုက်နေတာ။​  နောင်ပင်ရဲ့      အောက်ဘက်မှာလည်း  မိုင်းတောင်းဆိုတဲ့ ရွာရှိတယ်။   သူတို့ ရွာသစ်    တည်ထားတဲ့     နေရာကနေ လက်ဖက်ကုန်းတွေအထိလည်း ကုန် နေပြီပြောတယ်။ ဒီလက်ဖက်ခင်းတွေ ပျောက်ရင်        ဒေသခံရှမ်းနီတွေ     မြေပျောက်တာနဲ့     မထူးတော့ဘူး၊ ရွှေမျှောတွေက တိုက်ပြီး ပြန်သွားတာ။  ဒေသခံက       ဘာမှ      ပြန်စိုက်မရ    ပျိုးမရနဲ့   ဖြစ်ကုန်ရော။   ပြီးတော့    ရေဝေရေလဲကုန်းတွေဆို အောက်ဘက် မှာရှိတဲ့  လယ်တွေအတွက်ပါ    ထိပါ တယ်” ဟု   ဒေသခံတစ်ဦးဖြစ်သူ စိုင်းဆေခမ်းဖက ပြောသည်။ 


ရှေးယခင်က   ခုတ်ထွင်ရှင်းလင်း၍  စိုက်ပျိုးခဲ့သော  လက်ဖက်ခင်းများကို   မှီခိုကာ စားဝတ်နေရေး အဆင်ပြေခဲ့ ကြသော်လည်း ယခုအခါ   တရားမဝင် ရွှေမျှောများ   တူးဖော်ကြခြင်းကြောင့် လက်ဖက်ခင်းများ   ပျက်စီးခဲ့သဖြင့်  စားဝတ်နေရေးနှင့်            စီးပွားရေး အခက်အခဲများ  ကြုံတွေ့လာရကြောင်း သိရသည်။
“ရွှေမျှောလုပ်ငန်းကြီးထွားလာတာနဲ့  ဒါကိုမှီခိုပြီး  စားသောက်တဲ့သူတွေ လည်း ရှိလာမှာပါ။  ဒါပေမယ့်လည်း ဒီ လက်ဖက်ခင်းတွေ၊    ဒီတောတောင် ရေမြေသဘာဝတွေ   ပျက်စီးသွားတာ ဆိုရင်  နှိုင်းယှဉ်လို့ရမှာ မဟုတ်ပါဘူး” ဟု        နောင်ပင်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။ 


ဟုမ္မလင်းမြို့နယ်၌   လက်ဖက် စိုက်ပျိုးသည့် ကျေးရွာအုပ်စုပေါင်း ၃၃ အုပ်စုရှိပြီး   လက်ဖက်စိုက်ပျိုးဧက ၈၀၀၀  ကျော်ရှိကာ လက်ဖက်စိုက်ပျိုး သည့်တောင်သူ  ၂၀၀၀  ကျော်ရှိကြောင်း သိရသည်။


လှိုင်ဘွား
(ဗန်းမောက်)