
နေပြည်တော် အောက်တိုဘာ ၁၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာ သော ဈေးနှုန်းဖြင့် ဝယ်ယူရရှိ နိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေ ဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို တစ်ပိဿာ လျှင် လက်ကားဈေး ငွေကျပ် ၃၇၀ဝိ/-နှုန်းဖြင့် စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချလျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့အတွက် စားအုန်းဆီ ၇၄၀၁၁၇၂ ပိဿာ၊ တန်ချိန် ၁၂၀၉၃ တန် ရောင်းချခဲ့ပြီးဖြစ်သည်။
ဆက်သွယ်ဝယ်ယူနိုင်
ရန်ကုန်မြို့အတွင်းရှိ စားသုံး သူများအတွက် အသင်း၏အစီ အစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိပြီး ကျန်တိုင်း ဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ စားအုန်းဆီများကို လက်ကားဝယ်ယူရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင် များတွင် အသားတင် အကျိုး အမြတ် (၂ ရာခိုင်နှုန်း) ထက် မပို သည့်ဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများသို့ လက်လီ/ လက်ကား ဖြန့်ဖြူး ရောင်းချပေးမည့် လုပ်ငန်းရှင် များအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း၊ အမှတ်(၁၀၄/၁၀၈)ကမ်းနားလမ်း လွတ်လပ်ရေး ရပ်ကွက် (ဆင်မင်းအိမ်ရာ ဓမ္မာရုံ ရှေ့) အလုံမြို့နယ် ဖုန်းအမှတ် ၀၉-၄၄၄၄၃၇၂၉၅၊ ၀၉-၄၀၁၅၂၇- ၀၄၉နှင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၀၁-၂၅၀၂၇၀၊ ၀၉-၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်