မြိတ်ခရိုင်၌ ကျေးလက်လမ်း/တံတားလုပ်ငန်း ၆၈ ခုကို ငွေကျပ်သန်း ၇၀၀၀ ကျော်ဖြင့် ဆောင်ရွက်မည်

 

မြိတ်    အောက်တိုဘာ   ၁၃


တနင်္သာရီတိုင်းဒေသကြီး   မြိတ်ခရိုင်ရှိ   မြို့နယ် အသီးသီးမှ   ကျေးလက်နေပြည်သူများအတွက်  ကျေးလက်လမ်းလုပ်ငန်း   ၃၅ ခုနှင့် တံတားလုပ်ငန်း ၃၃ ခုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏  ၂၀၂၁ - ၂၀၂၂ ကာလတို  ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု နှင့်   တိုင်းဒေသကြီး     ဘဏ္ဍာရန်ပုံငွေကျပ်သန်း  ၇၀၀၀  ကျော်ဖြင့်     ဆောင်ရွက်မည်ဖြစ်ကြောင်း ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။


တံတားလုပ်ငန်း  ၃၃ ခု ဆောင်ရွက်မည်


၂၀၂၁-၂၀၂၂ ကာလတို ဘဏ္ဍာနှစ် ပြည်ထောင်စု   ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၆၉၈ သန်းနှင့် တိုင်း ဒေသကြီး  ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၆၃၀၈ ဒသမ ၂၅ သန်းတို့ဖြင့်  ကွန်ကရစ်လမ်း၊  ကတ္တရာလမ်း၊  မြေသားလမ်း၊   RC တိုင် RC ခင်းလမ်းများခင်းခြင်း နှင့်     သံကူကွန်ကရစ်တံတားများနှင့် Box Culvert များ  တည်ဆောက်ခြင်းစသည့်      လမ်းလုပ်ငန်း ၃၅ ခုနှင့် တံတားလုပ်ငန်း  ၃၃ ခု  ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။  


တာဝန်ယူဆောင်ရွက်


မြိတ်ခရိုင်အတွင်းရှိ       မြို့နယ်များအလိုက်     ဆောင်ရွက်မည့် လမ်းလုပ်ငန်းများမှာ ကွန်ကရစ် လမ်း ၂၁ လမ်း(၁၅/၆ မိုင်)၊ ကတ္တရာလမ်းငါးလမ်း (၂/၄ မိုင်)၊ မြေသားလမ်းခြောက်လမ်း (၁၉/၃ မိုင်)၊ RC တိုင် RC ခင်းလမ်းသုံးလမ်း (၉၄၈ ပေ) တို့ဖြစ်ပြီး  တံတားလုပ်ငန်းများအဖြစ် ၂၅ ပေ သံကူကွန်ကရစ် တံတားနှစ်စင်း၊  ၁၅ ပေ သံကူကွန်ကရစ် တံတား တစ်စင်း၊ ၁၀ ပေ  သံကူကွန်ကရစ်တံတား  ငါးစင်းနှင့်  ငါးပေ သံကူကွန်ကရစ်  Box   Culvert   ၂၅  စင်း တို့ကို   ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသူရက ကြီးကြပ်၍  မြို့နယ်များအလိုက် တာဝန်ယူဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။        

                                                      
ခိုင်ထူး (မြိတ်)