
နေပြည်တော် အောက်တိုဘာ ၁၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021)သို့ တက်ရောက်ရန် မော်စကိုမြို့၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည် အောက်တိုဘာ ၁၂ ရက်တွင် ရုရှားနိုင်ငံရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကုမ္ပဏီနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဒေသ စံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် TMK ကုမ္ပဏီမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ ကုမ္ပဏီက တည် ဆောက်ပြီးစီးခဲ့သော ကုန်းတွင်း ရေနံပိုက်လိုင်း တည်ဆောက်မှုနည်းပညာများနှင့် လုပ်ငန်း အတွေ့အကြုံများ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုခဲ့ပြီး သိရှိ လိုသည့် အချက်အလက်များ ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီခွဲ တွင် ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်းမှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် Mr. Sergey Kulagin ဦးဆောင်သောအဖွဲ့နှင့် လျှပ်စစ် နှင့်စွမ်းအင်ဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ “ INSET” အမှတ်တံဆိပ် အသေးစားနှင့် အလတ်စား ရေအားလျှပ်စစ် တာဘိုင်စက်များ၏ ထုတ်လုပ် တပ်ဆင်မှုဆိုင်ရာကိစ္စ၊ စွမ်းဆောင်ရည်မြင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်များ၏ စက်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် PSB ဘဏ်မှ တာဝန်ရှိ သူများ၊ STG-E Engineering မှ CEO တို့နှင့်အတူ ဘဏ်လုပ်ငန်းများ၏ ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များ၊ လုပ်ထုံးလုပ်နည်းများ၊ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် ရေနံတူးဖော်ထုတ်လုပ် ရေး အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများအပေါ် အပြန် အလှန် ဆွေးနွေးခဲ့ကြပြီး ဒေသ စံတော်ချိန် ညနေ ၄ နာရီတွင် LLC (DOLSPECEXPORT) မှ တာဝန်ရှိသူနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများဆိုင်ရာ ရင်းနှီးမြှုပ်နှံနိုင်မှုနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်