
နေပြည်တော် အောက်တိုဘာ ၁၃
ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ညီလာခံ အဖွဲ့ဝင်နိုင်ငံများ၏ (၁၅) ကြိမ်မြောက် ဝန်ကြီးများအဆင့် အစည်းအဝေးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့၌ အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ပိုင်းတွင် “ကမ္ဘာပေါ်ရှိသက်ရှိ အားလုံး မျှဝေခံစားနိုင်သည့် အနာဂတ်အတွက် ဂေဟဗေဒ ဆိုင်ရာ အသွင်ပြောင်းလဲ တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက် ရောက်ကြသည်။
အဖွင့်အမှာစကားပြောကြား
ဖွင့်ပွဲအခမ်းအနားတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဂေဟဗေဒ နှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန ဝန်ကြီး H.E. Mr Huang Runqiu က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင် ညွှန်ကြားရေးမှူး Ms. Inger Anerson နှင့် ဇီဝမျိုးစုံ မျိုးကွဲ ကွန်ဗင်းရှင်း၊ အတွင်းရေးမှူးချုပ် Ms. Elizabeth Maruma Mrema တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံတွင် သစ်တောများ ထာဝစဉ်တည်တံ့ရေး၊ အတန်း အစားကျဆင်းနေသော သစ်တော များ၊ ဂေဟစနစ်များ ပြန်လည် တည်ထောင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝမြှင့်တင် ရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတို့ကို အရှိန်အဟုန် ပိုမိုမြှင့်တင်နိုင်ရန်အတွက် မြန်မာ နိုင်ငံသစ်တောများ ပြန်လည် တည်ထောင်ရေး (၁၀ နှစ်) စီမံ ကိန်းကိုလည်းကောင်း၊ တောရိုင်း တိရစ္ဆာန်များအတွက် နေရင်း ဒေသများ ပြန်လည်တည် ထောင်ခြင်းလုပ်ငန်း အစီအစဉ် (၁၀ နှစ်) စီမံကိန်းကိုလည်းကောင်း နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ သဘာဝထိန်းသိမ်းရေး နယ်မြေ ၄၆ ခု နိုင်ငံဧရိယာ၏ ၆ ဒသမ ၀၈ ရာခိုင်နှုန်း ဖွဲ့စည်းထားပြီး နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂ၏ “ဂေဟစနစ် ပြန်လည်တည်ထောင် ခြင်း ဆယ်စုနှစ်”သည် ယခုနှစ် ၂၀၂၁ ခုနှစ်တွင် စတင်နေပြီဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့်လည်း တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သဘာဝကိုအခြေခံသည့် ဖြေရှင်း ခြင်းနည်းလမ်းများ (Nature-based Solutions) ဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောဆိုင်ရာ ပြဿနာများကို ဖြေရှင်းဆောင် ရွက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟ စနစ်ထိန်းသိမ်းခြင်းနှင့် ကုလ သမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင် ရည်မှန်းချက်များ အောင်မြင်စေရေးတို့ကို အလေး ပေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် “ဇီဝ မျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများ ကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာဥပဒေ” ကို ပြဋ္ဌာန်းခဲ့ပြီး ဒေသခံပြည်သူ များပူးပေါင်းပါဝင်သော သဘာဝ ထိန်းသိမ်းရေးနယ်မြေ စီမံအုပ်ချုပ်မှုများ ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးသည်။
ကိုယ်စားလှယ်များတက်ရောက်
အစည်းအဝေးသို့ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲညီလာခံ အဖွဲ့ဝင် နိုင်ငံများမှ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ အကြီးအကဲ များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်