နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးတွေရရှိဖို့ကြိုးစားပြီး ကျောင်းသား ကျောင်းသူတွေကို အခမဲ့ထိုးနှံပေးတာဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မျိုးဆက်ရင်သွေးရတနာတွေ မကျန်ရှိရအောင် လာရောက်ထိုးနှံပါ

ဒေါက်တာစည်သူ 
==========

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးကြပါစို့ ဟူသည့် ဆောင်ပုဒ်အတိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 


    ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပုဂ္ဂလိကကျောင်းများရှိ ကျောင်းသား ကျောင်းသူများအား ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးမည်ဖြစ်သည့်အတွက် အောက်တိုဘာ ၁၂ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac စတင်ထိုးနှံပေးနေပြီဖြစ်ရာ ဆေးထိုးစုရပ်နေရာများ၌ ရောက်ရှိနေကြသည့် ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ကျောင်းသား မိဘများကို တွေ့ဆုံ၍ ဆေးထိုးနှံပေးမှုနှင့်စပ်လျဉ်းသည့် ရင်တွင်းခံစားချက်များကို မေးမြန်းရေးသား ဖော်ပြလိုက်ရပါသည်-

ဦးနေမျိုးထွန်း 
မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဇမ္ဗူသီရိမြို့နယ် 
ကျောင်းသား ကျောင်းသူတွေရဲ့ ပညာသင်ယူမှု အခွင့်အလမ်းရရှိစေဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ မြို့နယ်ပညာ ရေးမှူး၊ ပရဟိတအဖွဲ့အစည်း၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ် အတွင်းမှာတော့ ကျောင်းသား ကျောင်းသူပေါင်း ၆၈၈၇ ဦးရှိပါတယ်။ ဒါကြောင့် ကျောင်းအလိုက်နေ့ရက်တွေသတ်မှတ်ပြီး ဆေးထိုးနှံပေး သွားမှာ ဖြစ်ပါတယ်။ ဇမ္ဗူသီရိမြို့နယ်မှာတော့ စုရပ်တစ်ခုတည်းမှာပဲ ဆေးထိုးဖို့စီစဉ်ထားပါတယ်။ ဆေးထိုးရာမှာ သက်ဆိုင်ရာ ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အခြေခံပညာကျောင်းတွေထိုးပြီးမှ    ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေကို ထိုးနှံပေးပါမယ်။ နောက်ဆုံးအနေနဲ့က ပုဂ္ဂလိက ကျောင်းတွေကို ထိုးနှံပေးမှာဖြစ်ပါတယ်။ ကျွန်တော့်မြို့နယ်မှာ အခြေခံ ပညာအထက်တန်းကျောင်း ကိုးကျောင်း၊ အလယ်တန်းကျောင်း ရှစ် ကျောင်း ရှိပါတယ်။ ဆေးထိုးဖို့ကတော့ ဒီနေ့ကစပြီး အောက်တိုဘာ ၂၆ ရက်အထိလျာထားပါတယ်။ 
    ကျောင်းသား ကျောင်းသူတွေကို ဆေးမထိုးခင်  လူမှုဝန်ထမ်း ဦးစီးဌာန၊ ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ပညာရေးမှူးရုံး၊ ကျောင်းအုပ်ကြီးတွေ၊ ဆရာ ဆရာမတွေ ပူးပေါင်းပြီး အသိပညာပေးတာ၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးတာ၊ အသံချဲ့စက်နဲ့ အသိပေးတာတွေ   ပြုလုပ်ပါတယ်။   ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကနေတစ်ဆင့်လည်း  အသိပေးတာတွေရှိပါတယ်။   နောက်ကျောင်းသား ကျောင်းသူတွေ ပညာသင်ယူခွင့် အခွင့်အလမ်းရရှိစေရေးနဲ့ပတ်သက်တဲ့   ဗီနိုင်းတွေ၊    ကာကွယ်ဆေးထိုးနှံရေးနဲ့ပတ်သက်တဲ့    ဗီနိုင်းတွေကို စိုက်ထူပေးပါတယ်။ နောက်ပြီး မိဘတွေ သဘောတူညီချက်စာရွက် ကိုလည်း    မိဘတွေကိုယ်တိုင်ဖတ်ရှုပြီး     ဆေးရဲ့အကျိုးကျေးဇူးကို နားလည်သဘောပေါက်စေပါတယ်။  ဒီလိုဆောင်ရွက်ပြီးမှ ကလေးတွေ အတွက်ထိုးသင့်တယ်ဆိုတဲ့ မိဘတွေရဲ့ သဘောတူညီချက်လက်မှတ် ရေးထိုးပြီးမှ ထိုးနှံပေးတာဖြစ်ပါတယ်။ ဆေးထိုးနှံရာမှာလည်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေအတိုင်း ပြင်ဆင်ဆောင်ရွက် ထားပါတယ်။  ကျောင်းသား ကျောင်းသူတွေရဲ့  ရောဂါခုခံကာကွယ်ရေး၊ ပညာသင်ယူမှုအခွင့်အလမ်းရရှိရေးနဲ့ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ဆေးထိုးပေးပါ။ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးနည်းလမ်းများနဲ့အညီ    နေထိုင်ကြပါလို့   အကြံပြုတိုက်တွန်း လိုပါတယ်။ 
ဒေါက်တာစည်သူ 
နေပြည်တော် ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး
အခုထိုးမယ့် ကာကွယ်ဆေးအမျိုးအစားက Sinovac ဖြစ်ပါတယ်။ ဒီဆေးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ အရေးပေါ် သုံးစွဲလို့ရတဲ့   ကာကွယ်ဆေးများစာရင်းထဲမှာလည်း   ပါဝင်ပြီးသားဖြစ်ပါ တယ်။  ကျောင်းသား ကျောင်းသူနှစ်ဦးကို ဆေးတစ်လုံးနှုန်းနဲ့ ထိုးမှာဖြစ် ပါတယ်။  အခုပထမအကြိမ်  ထိုးနှံပေးပြီးတဲ့နောက်  လေးပတ်ခြားပြီး ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဒီဆေးက ကျွန်တော် တို့ဆီမှာမှ စတင်ထိုးနေတာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံမှာဆိုရင် ကလေးသူငယ်ဦးရေ  သန်း ၆၀ ကျော်ကို ထိုးနှံပြီးသား   ဖြစ်ပါတယ်။    ဆေးရဲ့    ပြင်းထန်ဘေးထွက်ဆိုးကျိုး အန္တရာယ်ကတော့ လူဦးရေ ၁၀ သိန်းမှာ တစ်ယောက်လောက်ပဲဖြစ်နိုင်တဲ့ ပမာဏရှိပါတယ်။ အခု လက်ရှိအထိလည်း ဘေးထွက်ဆိုးကျိုးခံစားထားရတာမရှိပါဘူး။ 
    ဆေးထိုးရခြင်းရည်ရွယ်ချက်ကတော့ ကျောင်းသား ကျောင်းသူ တွေဆိုတာ လူအစုလိုက် တစ်နေရာတည်းမှာ တက်နေတဲ့ အုပ်စုတွေ ဖြစ်ကြပါတယ်။  ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်   ကူးစက်မှု မြန်နိုင်ပါတယ်။  ဆေးထိုးလိုက်ခြင်းအားဖြင့် ကျောင်းသား ကျောင်းသူ တွေအချင်းချင်း  ကူးစက်မှုလျော့ကျသွားနိုင်ပါတယ်။ နောက်တစ်ခုက ကျောင်းသား ကျောင်းသူတွေကနေ အိမ်ကမိသားစုဝင်တွေကို ကူးစက် နိုင်မှု လျော့ကျသွားနိုင်ပါတယ်။ ဒီလိုလျော့ကျသွားရင်  ကျောင်းတွေ ပြန်ဖွင့်ပြီး ကလေးတွေကို မူလအတိုင်းပညာသင်ကြားနိုင်ဖို့အတွက် ရည်ရွယ်ပြီး   ဆေးထိုးနှံပေးတာဖြစ်ပါတယ်။   ဒီဆေးထိုးဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့   လမ်းညွှန်ချက်အရ   ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ဆေးတွေရရှိဖို့ကြိုးစားပြီး ကျောင်းသား ကျောင်း သူတွေကို    အခမဲ့ထိုးနှံပေးတာဖြစ်ပါတယ်။    ဒါကြောင့် အနာဂတ် မျိုးဆက်ရင်သွေးရတနာတွေ မကျန်ရှိရအောင် လာရောက်ထိုးနှံပါလို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။ 
ဦးအောင်လွင်
လယ်ဝေးမြို့နယ်ပညာရေးမှူး
    လယ်ဝေးမြို့နယ်မှာ ကာကွယ်ဆေးထိုးမယ့်ကျောင်း စုစုပေါင်း ၁၃၇ ကျောင်းရှိပါတယ်။ ဒီနေ့က အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတစ်ခုတည်းမှာ အထက်တန်းကျောင်းသား ကျောင်းသူဦးရေ ၁၀၀ ကို   ထိုးနှံပေးတာပါ။    နောက်နှစ်ရက်အထိ     ဒီကျောင်းမှာပဲ ကျောင်းသား ကျောင်းသူဦးရေ ၁၀၀ ကို ဆက်လက်ထိုးနှံသွားမှာဖြစ်ပါ တယ်။ အောက်တိုဘာ ၁၅ ရက်မှာတော့ လယ်ဝေးမြို့နယ်ထဲမှာရှိတဲ့ ကျောင်း ငါးကျောင်းမှာ ဆက်လက်ထိုးနှံမှာဖြစ်ပါတယ်။ လတ်တလော တော့ အရေအတွက် ဘယ်လောက်ထိုးမယ်ဆိုတာမသိရသေးပါဘူး။ ဆေးထိုးတဲ့အခါမှာလည်း  ဆေးထိုးမယ့်  ကျောင်းသား ကျောင်းသူရဲ့   မိဘ  သို့မဟုတ်   အုပ်ထိန်းသူက   ဆေးထိုးတာကိုသဘောတူကြောင်း လက်မှတ်ထိုးစေပြီးမှသာ  ဆေးထိုးပေးခြင်းဖြစ်ပါတယ်။ 
ဆေးထိုးဖို့ အသိပညာပေးမှုအနေနဲ့ ရေဒီယို၊ သတင်းစာတွေက လည်း ကြေညာပေးနေပါတယ်။ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကလည်း  လက်ကမ်းစာစောင်တွေ  ပေးဝေပြီး အသိပညာပေးပါတယ်။ ကျောင်းဝင်းအတွင်းမှာ ဗီနိုင်းတွေနဲ့ ကလေး တွေ ဆေးထိုးဖို့အစီအစဉ်တွေကိုလည်း မိဘတွေသိအောင် ကြေညာပေး ထားပါတယ်။ ဆေးထိုးပြီးတဲ့ ကလေးတွေအတွက်လည်း နာရီဝက်နားဖို့ နားနေဆောင်တွေ သီးသန့်ထားရှိပါတယ်။ နားနေရင်း ရုတ်တရက် ကျန်းမာရေးချို့ယွင်းလာခဲ့ရင်လည်း   ကျန်းမာရေးစောင့်ရှောက်ခန်း တွေ ထားရှိပါတယ်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့  ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေကိုလည်း   ဆေးထိုးပေးဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီအတွက်လည်း စာရင်းတွေ ကောက်ယူထားပြီးပါပြီ။
မယွန်းနဒီ 
အထက်တန်းကျောင်းသူ    
သမီးက  ၁၀ တန်းတက်နေတာပါ။ ဆေးထိုးဖို့အတွက် ကျောင်းက ဆရာမက ဖုန်းဆက်ပါတယ်။ ဆေးမထိုးခင်  သမီးတို့ကို ကျန်းမာရေး စစ်ဆေးပေးပါတယ်။ အခုလို ဆေးထိုးပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်။ သမီးတို့ ကျောင်းလည်း ပြန်တက်ရတော့မယ်ဆိုတော့ ဝမ်းသာ ပါတယ်။ ကျောင်းကသူငယ်ချင်းတွေနဲ့ ဆရာ ဆရာမတွေကိုလည်း အမြန်ဆုံးတွေ့ချင်လှပြီ။   ဆေးမထိုးရသေးတဲ့   သူငယ်ချင်းတွေနဲ့ ညီမလေး၊  မောင်လေးတွေကိုလည်း   ဆေးအမြန်ဆုံးထိုးကြပါလို့ တိုက်တွန်းလိုပါတယ်။
ဒေါ်တင်တင်ဦး
မိဘအုပ်ထိန်းသူ
    အခုလိုဆေးထိုးပေးတာ ကျွန်မသိပ်ဝမ်းသာပါတယ်။ ကလေး တွေ ကျောင်းမတက်ရတော့ စာလည်းနောက်ကျပါတယ်။ အခုဆေးထိုး ပြီးရင် ကျောင်းပြန်တက်ရတော့မယ်ဆိုတော့ ကျန်းမာရေးအတွက် လည်း စိတ်ချရပါပြီ။ ကျောင်းပြန်တက်ရရင်လည်း  ပုံမှန်လုပ်နေကျ လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာတွေကို  ဆက်ပြီးဂရုစိုက်ခိုင်းမှာပါ။ ဆေးမထိုးရသေးတဲ့   သားသား၊ မီးမီးတွေကိုလည်း   ဆေးထိုးကြပါလို့ ပြောချင်ပါတယ်။ 
မောင်ဟိန်းထက်ဦး
အထက်တန်းကျောင်းသား
    ကျွန်တော်က ၁၀ တန်းကျောင်းသားပါ။   အခုလိုနိုင်ငံတော်အစိုးရက ကျွန်တော်တို့လို အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသား ကျောင်းသူ တွေကို ဆေးထိုးပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ကျောင်းပြန် တက်ချင်နေပါပြီ။ အိမ်မှာစာတွေလေ့လာနေပေမယ့် မသိနားမလည်တာ ရှိရင် ဆရာ ဆရာမတွေကို စာမေးဖို့အခက်တွေ့ပါတယ်။ ဆေးထိုးပြီးရင် ကျောင်းပြန်တက်ရတော့မယ်ဆိုတော့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ စာတွေ ပိုပြီးလေ့လာလို့ရပါပြီ။  ဆေးမထိုးရသေးတဲ့သူငယ်ချင်းတွေ ကိုလည်းဆေးထိုးဖို့ တိုက်တွန်းချင်ပါတယ်။ 

တွေ့ဆုံမေးမြန်း  -  အောင်သန့်
           ဓာတ်ပုံ  -  ကိုကိုအေး