အောက်တိုဘာလဆန်းပိုင်းမှာ ရောဂါကူးစက်ခံရသူ ခုနစ်ရာခိုင်နှုန်းခန့်သာရှိတော့တာနဲ့ ဆေးရုံတက်ရောက်ရသူများစွာ လျော့နည်းသွားတာ လက်တွေ့ပါပဲ။ ဒါဟာအစိုးရတစ်ရပ်အနေနဲ့ ပြည်သူလူထုအပေါ်၊ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဘယ်လောက်ထိအလေးထားတယ်ဆိုတာ ဖော်ပြချက်ပါပဲ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်းအား  ဂျပန်သတင်းမီဒီယာဖြစ်သည့်  Mainichi Shimbun သတင်းစာက  အောက်တိုဘာ ၅ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့ပြီး မေးမြန်းဖြေကြားမှုများကို ယင်းသတင်းစာတွင် အောက်တိုဘာ ၁၀ ရက်က ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆက်သွယ်မေးမြန်းဖြေကြားထားမှုများနှင့်ပတ်သက်၍ ဖော်ပြလိုက်ပါသည် -

 

(ယမန်နေ့မှ အဆက်) 
စီးပွားရေးမူဝါဒ
မေး။       SAC   အနေနဲ့    အခုဖြစ်ပွားနေတဲ့ 
    ကိုဗစ်-၁၉ ကပ်ရောဂါကို ဘယ် လိုဖြတ်ကျော်သွားမှာပါလဲ။    ဆေးတွေ ရရှိဖို့နဲ့     ကုသစောင့်ရှောက်မှုစနစ်ကို ထိန်းသိမ်းနိုင်မယ့်  အဓိကမူဝါဒတွေရှိရင် သိပါရစေ။
ဖြေ။     ဒီမေးခွန်းကို       ဖြေခွင့်ရတာ 
       ဝမ်းသာပါတယ်။  ကျွန်တော်တို့ အစိုးရရဲ့ကိုဗစ်-၁၉ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေနဲ့   လက်တွေ့ လုပ်ဆောင်နေတာတွေကို  နိုင်ငံတကာ ကလည်း တော်တော်များများ  မသိကြပါ ဘူး။ ဝေဖန်လည်း ခံရပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး    ကျွန်တော့်ကို ကျယ်ကျယ်ပြန့်ပြန့်လေး ရှင်းပြခွင့်ပြုပါ လို့ပြောလိုပါတယ်။  ကိုဗစ်-၁၉   ကပ် ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံတော်ဝန်ကြီး ချုပ်အနေနဲ့  “လူ့အသက်ထက်   အရေး ကြီးတာဘာမှမရှိ” ဆိုတဲ့   မူဝါဒနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်။   ကျွန်တော် တို့နိုင်ငံမှာ   ကိုဗစ်-၁၉    တတိယလှိုင်း ကာလအတွင်း  ရောဂါကူးစက်မှု  အကြီး အကျယ် ခံစားခဲ့ရပါတယ်။    တပ်မတော် က နိုင်ငံတော်တာဝန်ယူပြီးနောက်ပိုင်း မှာ လူစုလူဝေးနဲ့ ဆူပူဆန္ဒပြခဲ့တာတွေ၊ ကျန်းမာရေးဝန်ထမ်းအချို့က   ကျင့်ဝတ် တွေကို  မလိုက်နာဘဲ CDM လှုပ်ရှားမှုနဲ့ လုပ်ငန်းခွင်ပျက်ကွက်ခဲ့တာတွေက ပိုမို ဆိုးရွားစေခဲ့ပါတယ်။       ကျွန်တော်တို့ အစိုးရအနေနဲ့ အသည်းအသန်ကြိုးပမ်း ဆောင်ရွက်ခဲ့ရပါတယ်။  

ဇူလိုင်လ     ၂၃ ရက်နေ့မှာ ကိုဗစ်ရောဂါ   ဆေးစစ်ခဲ့သူများ အနက်   ၄၁   ရာခိုင်နှုန်းအထိ    ပိုးတွေ့ခဲ့ ပါတယ်။ ဆေးရုံတွေမှာ လူနာရောက်ရှိ မှုမြင့်တက်ခဲ့ပါတယ်။  လူနာတွေအတွက် ဆောက်ဆီဂျင်လိုအပ်ချက်   မြင့်မားခဲ့ပါ တယ်။   ဒါတွေကို    နိုင်ငံတော်အစိုးရ၊ လူမှုရေးအဖွဲ့အစည်းတွေ၊    တာဝန်သိ ပြည်သူလူထု၊    တာဝန်သိကျန်းမာရေး ဝန်ထမ်း‌တွေ၊  တပ်မတော်ဆေးတပ်ဖွဲ့ဝင် တွေက ကြိုးစားပမ်းစား ဝိုင်းဝန်းဖြေရှင်း ခဲ့ရပါတယ်။   လက်တွေ့အနေနဲ့     အခု    အောက်တိုဘာလဆန်းပိုင်းမှာ   ရောဂါ ကူးစက်ခံရသူ    ခုနစ်ရာခိုင်နှုန်းခန့်သာ ရှိတော့တာနဲ့   ဆေးရုံတက်ရောက်ရသူ များစွာလျော့နည်းသွားတာ   လက်တွေ့ ပါပဲ။ ဒါဟာအစိုးရတစ်ရပ်အနေနဲ့ ပြည်သူ လူထုအပေါ်၊ ကျန်းမာရေးစောင့်ရှောက်မှု အပေါ် ဘယ်လောက်ထိအလေးထားတယ် ဆိုတာ    ဖော်ပြချက်ပါပဲ။    ဒီနေရာမှာ ကျွန်တော်တို့ကို    ကူညီခဲ့တဲ့နိုင်ငံတွေရှိခဲ့ ပါတယ်။   အိမ်နီးချင်း   တရုတ်၊   အိန္ဒိယ၊ ထိုင်းနိုင်ငံတို့အပါအဝင်   ကမ္ဘောဒီးယား၊ အာဆီယံ AHA  ၊   ဂျပန်နိုင်ငံတို့ကလည်း ကူညီခဲ့ပါတယ်။  အချို့လည်း    မကူညီတဲ့ အပြင်     ဖြစ်စဉ်တွေကို    မသုံးသပ်ဘဲ ဆန့်ကျင်ဘက်တွေပြောနေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေလည်းရှိပါတယ်။ ဥပမာ အားဖြင့် GAVI COVAX Facility အဖွဲ့က မကြာသေးခင် ၃၀-၈-၂၀၂၁ ရက်နေ့က ကြေညာချက်တစ်စောင်   ထုတ်ပြန်ခဲ့ပါ တယ်။ ဒီကြေညာချက်မှာ သူတို့က မြန်မာ နိုင်ငံကို  ကိုဗစ်-၁၉   ကာကွယ်ဆေးတွေ ပေးခဲ့သယောင် ပြောထားတာလည်း ရှိပါ တယ်။  သူတို့အနေနဲ့  အခုချိန်ထိ  ကိုဗစ် ကာကွယ်ဆေးအစီအစဉ်အနေနဲ့   မြန်မာ နိုင်ငံကို  ကိုဗစ်ကာကွယ်ဆေးတစ်လုံးမှ မပေးသေးပါဘူး။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွား/   သေဆုံးမှုကို လျှော့ချဖို့၊ ကူးစက်ပြန့်ပွားမှုကို တားဆီး ဖို့နဲ့  ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွား ရေးထိခိုက်မှုကို         လျှော့ချနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့    ဆောင်ရွက်လျက် ရှိပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုး စုရပ်တွေအပါအဝင်       ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ တဲ့နေရာတွေကို  မြန်မာနိုင်ငံမှာ  တရား မဝင်အဖွဲ့အစည်းဖြစ်တဲ့   NUG   နဲ့   PDF အကြမ်းဖက်အဖွဲ့တွေက   ၃၀-၉-၂၀၂၁ ရက်နေ့အထိ   အကြမ်းဖက်တိုက်ခိုက်မှု စုစုပေါင်း ၁၆  ကြိမ် ကြုံတွေ့ခဲ့ရပါတယ်။ လုပ်ငန်းဆောင်ရွက်နေသူတွေနဲ့ ကာကွယ် ဆေး   လာရောက်ထိုးနှံသူတွေ    အသက် သေဆုံးတဲ့အထိဖြစ်ခဲ့ရသလို  အချို့ဆိုရင် ထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ ပါတယ်။  တတိယလှိုင်းမှာ  အခြားကမ္ဘာ့ နိုင်ငံတွေနည်းတူ   မြန်မာနိုင်ငံမှာလည်း ဒယ်လ်တာမျိုးဗီဇပြောင်း ရောဂါပိုးကြောင့် ရောဂါဖြစ်ပွားမှုနဲ့  ပိုးတွေ့ရှိမှုနှုန်း  မြင့်မား ခဲ့ပေမယ့်   မိဘပြည်သူတွေရဲ့    ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာတာနဲ့အတူ ရောဂါဖြစ်ပွားမှုနဲ့     ပိုးတွေ့ရှိမှုနှုန်းတွေ သိသာစွာ   ကျဆင်းလျက်ရှိတဲ့အတွက် အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အနေနဲ့  အမှတ်စဉ်(၆)၊  သေဆုံးမှုအနေနဲ့ အမှတ်စဉ်(၅)နေရာမှာရှိပါတယ်။ မြန်မာ နိုင်ငံအနေနဲ့  ကိုဗစ်-၁၉   ကာကွယ်ဆေး တွေရရှိဖို့အတွက် ၂၀၂၀ ပြည့်နှစ် နှစ်ကုန် ပိုင်းမှစတင်ပြီး GAVI COVAX Facility နဲ့ ညှိနှိုင်းခြင်း၊  ကာကွယ်ဆေးထုတ်လုပ်တဲ့ မိတ်ဆွေနိုင်ငံတွေနဲ့       နိုင်ငံအချင်းချင်း (Bilateral) ညှိနှိုင်းခြင်းတွေ ဆောင်ရွက် ခဲ့ပြီး အိန္ဒိယနိုင်ငံက ကာကွယ်ဆေး သန်း ၃၀ doses ကို စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ပါ တယ်။ ဒါပေမဲ့ COVAX Facility က ၎င်းရဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေကို    Round-4 အထိ ကာကွယ်ဆေးပံ့ပိုးမှုတွေ ဆောင်ရွက် ခဲ့ပေမယ့်   မြန်မာနိုင်ငံကို    ဒီနေ့ဒီအချိန် အထိ ကာကွယ်ဆေးပို့ဆောင်မှု မရှိသေး သလို ပို့ဆောင်မယ့်ကာလနဲ့ပတ်သက်လို့လည်း   အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့တာတွေ ရှိခဲ့ပါတယ်။  အိန္ဒိယနိုင်ငံအနေနဲ့   သူတို့ နိုင်ငံရဲ့   ရောဂါဖြစ်ပွားမှုအခြေအနေအရ ကာကွယ်ဆေးတင်ပို့ခြင်းကို     ခေတ္တ ရပ်ဆိုင်းထားခဲ့ပြီး          မြန်မာနိုင်ငံကို ကာကွယ်ဆေးလှူဒါန်းမှု ၁ ဒသမ ၅ သန်း doses နဲ့ ဝယ်ယူမှု  နှစ်သန်း doses  စုစု ပေါင်း ၃  ဒသမ ၅   သန်း   doses   သာ ပို့ဆောင်နိုင်ခဲ့ပါတယ်။     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီနဲ့  နိုင်ငံတော်အစိုးရ အဖွဲ့အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထပ်မံရရှိရေးနဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းတွေ အရှိန်အဟုန်မြှင့်တင်ဆောင် ရွက်နိုင်ရေးတို့ကို အထူးဦးစားပေးလုပ်ငန်း  များအဖြစ် လမ်းညွှန်မှု၊ ပံ့ပိုးမှုတွေပေးအပ် ခဲ့ရာ ၂-၁၀-၂၀၂၁ ရက်နေ့အထိ နိုင်ငံတော် ရဲ့အစီအစဉ်နဲ့  ဝယ်ယူထားတဲ့ကာကွယ် ဆေးနဲ့ မိတ်ဆွေနိုင်ငံတွေက လှူဒါန်းတဲ့ ကာကွယ်ဆေး ၂၃ သန်းကျော် doses အား လက်ခံရရှိပြီးဖြစ်ပါတယ်။ 


နောက်ထပ်  ၂၀၂၁   ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက    ဝယ်ယူ ထားမှုနဲ့  လှူဒါန်းမှုကနေပြီး   ကာကွယ် ဆေး ၁၄ သန်း doses ထပ်မံရရှိမှာဖြစ်ပါ တယ်။   ပြည်တွင်းမှာ   ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ကိုလည်း  မိတ်ဆွေနိုင်ငံ တွေနဲ့       ညှိနှိုင်းဆောင်ရွက်လျက်ရှိ ပါတယ်။  ဒါ့အပြင်  ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့    ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးတွေ  တင်သွင်းထိုးနှံရာမှာ    ပုဂ္ဂလိကကဏ္ဍကလည်း      ကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်ဖို့အတွက်   စနစ်တကျ တင်သွင်းခွင့်          ပြုတာတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော် ရဲ့အစီအစဉ်နဲ့ ဝယ်ယူထားတဲ့ ကာကွယ် ဆေးတွေ၊   လှူဒါန်းမှုတွေက    ရရှိတဲ့ ကာကွယ်ဆေးတွေနဲ့ ပုဂ္ဂလိကကဏ္ဍမှ တင်သွင်းတဲ့    ကာကွယ်ဆေးတွေကို အသုံးပြုပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်း  ဆောင်ရွက်ရာမှာ    ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး      ထိုးနှံခြင်းလုပ်ငန်း   လမ်းညွှန်နဲ့အညီ       ရေးဆွဲထားတဲ့   Myanmar  National  COVID-19   Vaccine Deployment Plan အရ အသက်အုပ်စုအလိုက်       ပြည်သူတွေ၊    ကျန်းမာရေးဝန်ထမ်းတွေ၊     အကျဉ်း ထောင်/အချုပ်ထောင်မှ အကျဉ်းသား တွေ၊ မသန်စွမ်းသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေမှ တပ်ဖွဲ့ ဝင်နဲ့ မိသားစုဝင်‌တွေ၊ ရွှေ့ပြောင်းအုပ်စု တွေနဲ့ ယာယီစခန်း‌တွေမှာ    ရောက်ရှိနေ သူတွေ၊   အသက်   ၁၂    နှစ်နဲ့အထက်   ကျောင်းသားလူငယ်တွေ       စသဖြင့် ဦးတည်အုပ်စု ၂၄ ခုသတ်မှတ်ပြီး  ဦးစား ပေးအစီအစဉ်တွေအလိုက်   ကာကွယ် ဆေးထိုးနှံခြင်း   စီမံခန့်ခွဲမှု   သတင်း အချက်အလက်စနစ်        (Vaccine Management Information System) မှာ စနစ်တကျထည့်သွင်းပြီး ကာကွယ် ဆေးတွေ   ထိုးနှံပေးလျက်ရှိပါတယ်။ မည်သူတစ်ဦးတစ်ယောက်မျှ  မကျန် ရှိစေရေးနဲ့   လူမျိုး၊    ကိုးကွယ်သည့် ဘာသာ၊   ကျားမ၊   လူမှုစီးပွားအဆင့် အတန်း၊ နိုင်ငံရေးနှီးနွှယ်မှုအရ ခွဲခြား  ခြင်းမပြုဘဲ ထိုးနှံပေးလျက်ရှိပါတယ်။ 


ကာကွယ်ဆေး    ထိုးနှံပြီးပါက လည်း ထိုးနှံပြီးကြောင်း   QR code ပါရှိတဲ့လက်မှတ်တွေ  ထုတ်ပေးခြင်း ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။   ၂၇-၁-၂၀၂၁ရက်နေ့မှ ၂-၁၀-၂၀၂၁ ရက် နေ့အထိ လူဦးရေ စုစုပေါင်း ၈ ဒသမ ၃၉ သန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီးဖြစ်ပါတယ်။ ကာကွယ် ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၃ ဒသမ ၈၇ သန်းရှိပြီး အသက် ၁၈ နှစ်နှင့် အထက် လူဦးရေရဲ့ ၁၀ ဒသမ ၄၉ ရာခိုင် နှုန်းခန့်ကို   အကြိမ်ပြည့်ထိုးနှံပေးပြီး ဖြစ်ပါတယ်။

c စာမျက်နှာ ၁၀ မှ
ပထမအကြိမ် ထိုးနှံပြီးစီးတဲ့သူ ၄ ဒသမ  ၅၁ သန်းရှိပြီဖြစ်တဲ့အတွက် စုစုပေါင်း အကြိမ်ရေ ၁၂ ဒသမ ၂၆သန်း ထိုးနှံပြီး ဖြစ်ပါတယ်။    ရည်မှန်းကာကွယ်ဆေး  အကြိမ်ရေရဲ့ ၁၆ ဒသမ ၆၁ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ပါတယ်။     ကျွန်တော်တို့ အနေနဲ့    ဒီနှစ်ကုန်ပိုင်းမှာ   ကိုဗစ်-၁၉ ထိုးနှံဖို့   အကျုံးဝင်တဲ့   လူဦးရေရဲ့ ၅၀  ရာခိုင်နှုန်းကို    ကိုဗစ်ကာကွယ်ဆေး    ထိုးနှံပြီးစီးဖို့          ရည်မှန်းချက်ထား   ဆောင်ရွက်လျက်ရှိပါတယ်။ ဘယ်သူ တွေ၊   ဘယ်နိုင်ငံတွေက   ကူညီသည် ဖြစ်စေ၊  မကူညီသည်ဖြစ်စေ   ကာကွယ် ဆေးထိုးနှံပေးဖို့ ဆေးတွေကို မိတ်ဆွေ နိုင်ငံတွေက ပံ့ပိုးပေးဖို့ကို    သဘောတူညီ ချက်ရရှိပြီး ဖြစ်ပါတယ်။ 
မေး။    မြန်မာနိုင်ငံရဲ့          စီးပွားရေး
     လုပ်ဆောင်ချက်တွေကို SAC အနေနဲ့    ဘယ်လိုများ      ပြန်လည် တည်ဆောက်သွားဖို့ရှိပါသလဲ။ NLD အစိုးရရဲ့            ထိပ်ပိုင်းအဆင့်ဆင့် လုပ်ဆောင်ခဲ့တာတွေမှာက  မရှင်းလင်း မှုတွေရှိခဲ့တော့   အာဏာထိန်းသိမ်းမှု အပြီးမှာ SAC ရဲ့စီးပွားရေးမူဝါဒတွေက နေ  ထိန်းညှိနိုင်ဖို့  အချို့သောဂျပန်စီးပွား ရေးလုပ်ငန်းတွေက   မျှော်လင့်နေကြ တယ်လို့    သိထားရပါတယ်။   SAC ရဲ့ စီးပွားရေးဆိုင်ရာမူဝါဒ အဓိကအချက် အလက်တွေကို NLD အစိုးရလက်ထက် နှိုင်းယှဉ်ပြီးတော့  ပြောပြပေးစေချင်ပါ တယ်။
ဖြေ။    နိုင်ငံတော်အစိုးရအနေနဲ့  စီးပွား 
    ရေးမူဝါဒနဲ့     ပတ်သက်ပြီး အချက် သုံးချက် ဆောင်ရွက်သွားပါမယ်။ (တစ်)   စိုက်ပျိုးရေးနှင့်   မွေးမြူရေးကို အခြေခံသည့်      ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့်   ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပြီး   အခြား စီးပွားရေးကဏ္ဍများကိုလည်း   ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင်   တည်ဆောက် ရေး၊   (နှစ်)   ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်   ဖော်ဆောင်ပြီး   နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား  ပြည်သူတစ်ရပ်လုံး၏ စီးပွားရေး     ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ (သုံး) ပြည်တွင်းစီးပွား ရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏         ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့် အလမ်းများ   ဆောင်ရွက်ဖော်ဆောင် ရေး။ လတ်တလောအနေနဲ့ တိုင်းပြည် သာယာဝပြောရေးနဲ့       စားရေးရိက္ခာ ဖူလုံရေး  ဦးစားပေးဆောင်ရွက်လျက်ရှိ ပါတယ်။  မြန်မာနိုင်ငံဟာ  စိုက်ပျိုးရေး၊ မွေးမြူရေးကို    အခြေခံတဲ့နိုင်ငံဖြစ်လို့ သမဝါယမနဲ့     ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို   ဖွဲ့စည်းပြီး ကျေးလက် ဒေသတွေအထိ   စိုက်ပျိုးမွေးမြူရေးကို ခေတ်မီနည်းစနစ်တွေနဲ့          ထိထိ ရောက်ရောက်          အစုအဖွဲ့အလိုက် စုပေါင်းဆောင်ရွက်နိုင်ရေး၊  အကူအညီ အထောက်အပံ့များပေးရေး ဆောင်ရွက် လျက်ရှိပါတယ်။ 
ရေရှည်အနေနဲ့    ခေတ်မီစိုက်ပျိုး မွေးမြူရေးအတွက်  လူ့စွမ်းအားအရင်း အမြစ်များရရှိရေး    စိုက်ပျိုးမွေးမြူရေး ကျောင်း၊   သိပ္ပံ၊   ကောလိပ်တွေ  ဒေသ အလိုက် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါတယ်။  အစိုးရအနေနဲ့   မြန်မာနိုင်ငံကို ကမ္ဘာ့အခြေခံ စားရေးရိက္ခာဖြည့်တင်းပေး နိုင်သောနိုင်ငံအဖြစ်  ရေရှည်စီမံချက်ထား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။   လက်ရှိ အစိုးရအနေနဲ့ ယခင်အစိုးရအဆက်ဆက် ချုပ်ဆိုခဲ့တဲ့ စီးပွားရေးသဘောတူညီချက် စာချုပ်တွေကို       ပယ်ဖျက်ခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့     မြန်မာနိုင်ငံနဲ့ လက်တွဲဆောင်ရွက်မယ့်    နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု  စီးပွားရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်     ဖိတ်ခေါ်ထားပါ တယ်။  ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ခေါင်းဆောင်၊    ကိုယ်စားလှယ်အချို့လည်း လာရောက်ဆွေးနွေးလျက်ရှိပါတယ်။ NLD အစိုးရလက်ထက်နဲ့ ကွာခြားချက်ကတော့ မြန်ဆန်မှုလို့ပဲ     ပြောရမှာဖြစ်ပါတယ်။ အဖြစ်နိုင်ဆုံးလုပ်ငန်းဖြစ်တဲ့     စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းကို    အလေးထားပါ တယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်း တွေ   ဝင်ရောက်လာရင်၊   ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့   ကိုက်ညီရင်  အမြန်ဆုံး အလုပ်ဖြစ်စေမှာဖြစ်ပါတယ်။
နိုင်ငံတကာဆက်ဆံရေး
မေး။    တရုတ်ကို  နိုင်ငံတကာမိတ်ဖက် 
    အဖြစ်နဲ့    ဘယ်လိုမြင်ပါသလဲ။ SAC   အနေနဲ့   အာဆီယံ၊ ရုရှား၊ ဥရောပ၊ အမေရိကန်နဲ့        ဂျပန်နိုင်ငံတို့နဲ့ရော ဘယ်လိုများဆက်ဆံရေး  တည်ဆောက် သွားမှာပါလဲ။
ဖြေ။    တရုတ်နိုင်ငံဟာ      မြန်မာနိုင်ငံ
     အတွက်တော့ အိမ်နီးချင်းကောင်း နိုင်ငံတစ်နိုင်ငံ၊  မဟာဗျူဟာမိတ်ဖက်နိုင်ငံ တစ်နိုင်ငံ၊    သမိုင်းကြောင်းရှည်ကြာစွာ ငြိမ်းချမ်းစွာ    အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ ဆွေမျိုးပေါက်ဖော်နိုင်ငံတစ်နိုင်ငံ   ဖြစ်ပါ တယ်။  မြန်မာ့အရေးမှာ အမြဲကူညီဖြေရှင်း ပေးနေတဲ့     နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာလည်း အလားတူပါပဲ။ 
အခုနောက်ပိုင်းမှာ  ရုရှားနိုင်ငံနဲ့ပိုမိုပြီး မဟာဗျူဟာမြောက်   ဘက်စုံဆက်ဆံရေး အစီအစဉ်တွေ     ပိုမိုတိုးတက်လျက်ရှိပါ တယ်။        အာဆီယံနိုင်ငံတွေအနေနဲ့ အာဆီယံပဋိညာဉ်၊   အာဆီယံသဘောတူ ညီချက်တွေအတိုင်း       နီးကပ်ရင်းနှီးစွာ ဆက်ဆံလျက်ရှိပါတယ်။  အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့    ဆက်ဆံရေးကို အထူးအလေးထား   ဆောင်ရွက်လျက်ရှိပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံတွေ အားလုံးနဲ့   မိတ်ဝတ်မပျက်   ရင်းနှီးစွာ ဆက်ဆံနိုင်ဖို့   ကြိုးပမ်းလျက်ရှိပေမယ့် အချို့ဥရောပနိုင်ငံတွေ၊   အမေရိကန်တို့နဲ့ ဆက်ဆံရေးကတော့     အမျိုးမျိုးသော ပိတ်ဆို့မှု၊   ဝေဖန်မှုတွေကြောင့်   အခက် အခဲအချို့ရှိပါတယ်။          ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးကတော့ မြန်မာနိုင်ငံအနေနဲ့ အလေးထားပါတယ်။        အခုထိလည်း ဆက်သွယ်  ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနဲ့   ဂျပန်ဟာ    သမိုင်းကြောင်းအရ ရှည်လျားတဲ့ဆက်ဆံမှုရှိခဲ့လို့   ဒီအစဉ် အလာကို     ဆက်လက်ထိန်းသိမ်းသွား လိုတဲ့ဆန္ဒပဲရှိပါတယ်။ 
မေး။    လက်ရှိအခြေအနေအရ မြန်မာ
    နိုင်ငံအတွင်းမှာ    ဂျပန်နိုင်ငံက ODA   နဲ့ လုပ်ဆောင်နေတဲ့   စီးပွားရေး လုပ်ငန်းတွေ    ဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲနေတဲ့အပေါ် ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ။    ဂျပန်နိုင်ငံ ODA နဲ့ လုပ်ဆောင်
    နေတဲ့   စီးပွားရေးလုပ်ငန်းအချို့ကို ဂျပန်ရဲ့  အဖွဲ့အစည်းအချို့   ကန့်ကွက်မှု ကြောင့်   ရပ်တန့်နေတာ၊   အခက်အခဲ ဖြစ်ပေါ်နေတာတွေကို  စိတ်မကောင်းစွာ တွေ့ရှိရပါတယ်။   ဒီကိစ္စတွေဟာ    မြန်မာ ပြည်သူလူထုကို   တိုက်ရိုက်အကျိုးပြုတဲ့ လုပ်ငန်းတွေပဲဖြစ်ပါတယ်။    ကျွန်တော့် အနေနဲ့   မြန်မာနိုင်ငံမှာ    ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေကို             အစွဲကင်းကင်းနဲ့ မြင်အောင်ကြည့်ပေးပါ။ သုံးသပ်ပေးပါ လို့ပဲပြောချင်ပါတယ်။
မေး။    ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား
    ကောင်းမွန်တဲ့    ဆက်ဆံရေးကို ထိန်းသိမ်းဖို့     မရှိမဖြစ်လိုအပ်တာက ဘာလို့ထင်ပါသလဲ။
ဖြေ။    ဂျပန်နဲ့          မြန်မာနိုင်ငံကြား
    ကောင်းမွန်တဲ့           ဆက်ဆံရေး ထိန်းသိမ်းဖို့     မရှိမဖြစ်လိုအပ်တာက ကျွန်တော်ခုနကပြောတဲ့အတိုင်း   မြန်မာ နိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့     ဖြစ်စဉ်တွေကို အစွဲကင်းကင်းနဲ့ မြင်အောင်ကြည့်ပေးပါ၊ သုံးသပ်ပေးပါလို့ပဲ ပြောချင်ပါတယ်။
မေး။    နောက်လာမယ့် ငါးနှစ်မှာ မြန်မာ
    နိုင်ငံကို ဘယ်လိုနိုင်ငံမျိုး   ဖြစ်စေ ချင်ပါသလဲ။
ဖြေ။    နောင်လာမယ့်   ငါးနှစ်အတွင်းမှာ
    မြန်မာနိုင်ငံကို     နိုင်ငံရေးအရ စစ်မှန်စည်းကမ်းပြည့်ဝတဲ့   ပါတီစုံဒီမို ကရေစီစနစ်ကို  လက်တွေ့ကျင့်သုံးနေတဲ့ နိုင်ငံ၊   စီးပွားရေးအရ   ကမ္ဘာ့နိုင်ငံ‌တွေရဲ့ အခြေခံစားရေးရိက္ခာကို ခေတ်မီစိုက်ပျိုး မွေးမြူရေးစနစ်၊ ဝန်ဆောင်မှုစနစ်တွေနဲ့ ဖြည့်ဆည်းပေးနေတဲ့နိုင်ငံ၊ လူမှုရေးအရ တိုင်းရင်းသားအားလုံး၊    အဖွဲ့အစည်း  အားလုံး         ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့   သဟဇာတဖြစ်ရေးကို တည်ဆောက်နိုင်တဲ့     နိုင်ငံဖြစ်စေလို ပါတယ်။ 
မေး။    မြန်မာနိုင်ငံအနေနဲ့  အာဆီယံ
    အထူးကိုယ်စားလှယ်       လာ ရောက်လည်ပတ်မှုကို      ဘယ်တော့ လက်ခံသွားဖို့ရှိပါသလဲ။
ဖြေ။    အာဆီယံအထူးကိုယ်စားလှယ် 
    ကို ကျွန်တော်တို့  ဖိတ်ခေါ်ထား ပြီးဖြစ်ပါတယ်။       မြန်မာနိုင်ငံက လက်မခံတာမဟုတ်ပါဘူး။  အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့    အချို့ အာဆီယံပြင်ပနိုင်ငံတွေက    ကန့်သတ် ချက်သဘောပါတဲ့   ဆောင်ရွက်မှုတွေ ဆောင်ရွက်တာ၊     ဖိအားပေးနေတာသာ ဖြစ်ပါတယ်။ 
မေး။    SAC က ခန့်အပ်ထားတဲ့ ကုလ 
    သမဂ္ဂဆိုင်ရာ     သံအမတ်ကြီး ကိစ္စနဲ့ပတ်သက်လို့   UN   ရဲ့   တုံ့ပြန်မှု ကြာမြင့်နေတဲ့အပေါ်     ဘယ်လိုယူဆ ထားပါသလဲ။
ဖြေ။    ကုလသမဂ္ဂအနေနဲ့   SAC   က 
    ခန့်အပ်ထားတဲ့       ကုလသမဂ္ဂ ဆိုင်ရာ  သံအမတ်ကြီးကိစ္စနဲ့ ပတ်သက် လို့ တုံ့ပြန်မှုကြာမြင့်နေတာဟာ သူတို့ရဲ့ သဘောထားအတိုင်းပဲ    ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ UN(United Nation)ဆိုတာ နိုင်ငံတွေပေါင်းစုထားတဲ့  နိုင်ငံ များ အစုအဖွဲ့ဖြစ်ပါတယ်။ အစိုးရများ (Government) အစုအဖွဲ့မဟုတ်ပါဘူး။ မြန်မာနိုင်ငံတည်ရှိနေသရွေ့၊   မြန်မာ နိုင်ငံမှာ  ဘယ်အစိုးရတက်တက်  ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်နေဦးမှာ ဖြစ်ပါ တယ်။   ကုလသမဂ္ဂအပါအဝင်     အဖွဲ့ အစည်းအချို့၊ နိုင်ငံအချို့အနေနဲ့ နိုင်ငံ တကာရေးရာတွေကို ဆောင်ရွက်ရာမှာ သတ်မှတ်ပဋိညာဉ်၊  ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊   အသိအမှတ်ပြုပြီး   စီရင် ဆုံးဖြတ်ချက်တွေအတိုင်းသာ ဆောင် ရွက်ကြဖို့နဲ့ စံနှုန်းနှစ်မျိုးထား  (Double Standard) ဆောင်ရွက်ခြင်းမှ ရှောင်ရှား ဖို့လိုအပ်ပါတယ်။
မေး။    ခုပြောသွားတဲ့           Double
    Standard   ဆိုတာဘာလဲ။ မြန်မာနိုင်ငံကိုတစ်မျိုး၊ အခြားနိုင်ငံတွေ ကို တစ်မျိုးလုပ်နေတယ်လို့  ဆိုလိုတာ လား။
ဖြေ။    ဟုတ်ပါတယ်။       ဒီလိုစင်ပြိုင် 
    အစိုးရတွေ၊         စစ်ဘက်က နိုင်ငံတော်တာဝန်ယူလို့ ပေါ်ပေါက်လာ တဲ့ ပုန်ကန်သူအစိုးရတွေ ကမ္ဘာ့သမိုင်း မှာ အများကြီးပါဗျာ။ ယခင်က အများ အားဖြင့်   ဘယ်လိုဆုံးဖြတ်ခဲ့ကြသလဲ။  ဒါစီရင်ထုံးပဲ။ ဥပမာပဲ။ ခုမှ မြန်မာနိုင်ငံ အပေါ်မှာ      နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်နေတာလို့ ကျွန်တော်မြင်တယ်။
မေး။    အာဆီယံအထူးကိုယ်စားလှယ် 
    နဲ့     ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့်တွေ့ခွင့်မပေးနိုင်တာလဲ။
ဖြေ။    အမေးနဲ့ပဲ      ပြောလိုပါတယ်။ 
    ဂျပန်မှာ ဝန်ကြီးချုပ်တစ်ယောက် (ဝန်ကြီးတစ်ယောက်၊       လွှတ်တော် အမတ်တစ်ယောက်) လာဘ်စားမှု (ဒါမှ မဟုတ်)   အမှုတစ်ခုခုနဲ့      ရင်ဆိုင်နေတဲ့ အချိန်မှာ        အခြားနိုင်ငံတစ်ခုက    တွေ့ခွင့်တောင်းရင်      ခင်ဗျားတို့အစိုးရ က   တွေ့ခွင့်ပေးပါသလားလို့ပဲ ပြောလို  ပါတယ်။        ။