နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ ရှစ်လတာခရီးဖြတ်သန်းခဲ့ပြီ

မိုးအကုန်ဆောင်းအကူး စက်တင်ဘာလသည် မြန်မာနိုင်ငံအတွက် ကမ္ဘာ့ကပ်ရောဂါတတိယလှိုင်းကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့သည့်လ၊ ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ၊ အာဆီယံတို့နှင့် ပိုမို နီးကပ်စွာဆက်ဆံဖြစ်သည့် ကာလတစ်ခုလည်း ဖြစ်ပါသည်။ 


ဦးစားပေးသတ်မှတ်ထားသည့်အုပ်စုများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အားကောင်းသည့်လ၊ ကပ်ရောဂါအရှိန်ကျဆင်းလာသည်နှင့်အမျှ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက်ဖွံ့ဖြိုးမှုတို့ကို ပိုမိုအားပေး၍ စားနပ်ရိက္ခာဖူလုံစေရေး၊ ပြည်သူများ လုံခြုံငြိမ်းချမ်းရေးအတွက် အချိန်ပေးရသည့်ကာလတစ်ခုလည်း ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံအတွက် စက်တင်ဘာလအတွင်း ဆောင်ရွက်ချက်များဟုဆိုလိုက်လျှင် ရေးသား၍ကုန်နိုင်မည်မဟုတ်ပါ။ 

ပြည်တွင်းမတည်မငြိမ်ဖြစ်အောင်၊ တိုင်းပြည်ဆူပူ၍ ပြည်သူများ အေးချမ်းလုံခြုံမှုမရှိအောင် အကြမ်းဖက်မည်သည့်အဖွဲ့အစည်းကမဆို သွေးထိုးနှောင့်ယှက်ပါစေ၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူပူးပေါင်းမှုဖြင့် တစ်စတစ်စတည်ငြိမ်အေးချမ်းမှုအားကောင်းလာနေသည်က အထင်အရှားပင်ဖြစ်ပါသည်။ စက်တင်ဘာတစ်လတာအတွင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက်ဆောင်ရွက်ချက်များအတွင်းမှ အချို့ကို ကောက်နုတ် တင်ပြရမည်ဆိုလျှင် …

 

(ယမန်နေ့မှအဆက်)


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်         ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းသည် စက်တင်ဘာ ၁ ရက်မှ ၇ ရက် အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက် ခဲ့သည်။ ခရီးစဉ်အတွင်း  International Army Games-2021  ပိတ်ပွဲအခမ်းအနား    တက်ရောက် ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စစ်ဘက်၊ အရပ် ဘက်တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်းနှင့်  အထင် ကရနေရာများသို့    သွားရောက်လေ့လာခြင်းတို့ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ် တို့အကြား   ချစ်ကြည်ရင်းနှီးမှုနှင့်     စစ်ဘက် နည်းပညာ၊ သိပ္ပံနှင့်နည်းပညာ၊    သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေး၊ ယဉ်ကျေးမှု ကဏ္ဍစသည်တို့တွင်          ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့သည်ကို မြင်တွေ့ရသည်။


ကိုဗစ်-၁၉   ရောဂါ ကာကွယ်၊   ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၂) ကြိမ်မြောက် ညှိနှိုင်းအစည်း အဝေးကို စက်တင်ဘာ ၁၃ ရက်က  ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က စက်တင်ဘာလအတွင်း    ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေ၊       လက်ရှိဆေးရုံများနှင့် စင်တာများတွင်  ကုသပေးမှုနှင့် ကာကွယ်ဆေးများ ဒေသအသီးသီးသို့       အချိန်မီရောက်ရှိနိုင်ရေး၊ ကာကွယ်ဆေးမှာယူမှု ၊ လှူဒါန်းမှုနှင့် ရရှိလာမည့် အခြေအနေ၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ အား  ခေါ်ယူပေးမှုအခြေအနေနှင့်   ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ၊ မြို့နယ်ဒေသအလိုက် ဦးစားပေးအဆင့် သတ်မှတ်ထိုးနှံဆောင်ရွက်မှုနှင့် QR Code များဖြင့် မှတ်တမ်းပြုစုခြင်းအခြေအနေ တို့ကို ညှိနှိုင်းဆွေးနွေးခဲ့သည်။


စက်တင်ဘာ ၃၀ ရက်က    ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်  ပညာရေး ဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန အလယ်တန်း၊ အထက်တန်း အသက် (၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး    လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့   တက်ရောက်ခဲ့သည်။  စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အလယ် တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူ များအားလုံး ကာကွယ်ဆေး  အပြည့်အဝထိုးနှံပေး ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး  ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့်  ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် မိဘများပါ  အပြန်အလှန် ယုံကြည်စိတ်ချစွာ     ပညာသင်ကြားနိုင်တော့မည်    ဖြစ်သည်။

ဒေသတွင်းနိုင်ငံများနှင့် တက်ကြွစွာပူးပေါင်း

စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်က  ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့်         နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ (15th AMMTC) အစည်းအဝေး နှင့်  ဆက်စပ်အစည်းအဝေးများသို့  မြန်မာနိုင်ငံမှ AMMTC ခေါင်းဆောင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။


(၁၁)ကြိမ်မြောက်  မဲခေါင်-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှု    နိုင်ငံခြားရေးဝန်ကြီးများ  အစည်း အဝေးကို      စက်တင်ဘာ ၈ ရက်က     ကျင်းပရာ  နိုင်ငံခြားရေးဝန်ကြီးဌာန            ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က         ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့သည်။  အလားတူ  ပြည်ထောင်စု ဝန်ကြီးသည် စက်တင်ဘာ ၂၃ ရက်တွင်  ကျင်းပ သည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့်  ဆက်စပ်ကျင်းပသည့်  အာဆီယံ-အမေရိကန်  နိုင်ငံခြားရေးဝန်ကြီးများ  အစည်း အဝေးသို့ တက်ရောက်စဉ် CRPH နှင့် NUG တို့မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များ ကို ရှုတ်ချသွားရန် အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအား    တိုက်တွန်းခဲ့ပြီး     ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများတွင် ယင်းအဖွဲ့ များမှ    ကိုယ်စားလှယ်များ၏     ကိုယ်စားပြုလုပ် ဆောင်ချက်များသည်    တရားဝင်မှုမရှိကြောင်းနှင့်   လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။


ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန              ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် စက်တင်ဘာ ၈  ရက်က   (၅၃)   ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး၊    (၃၅) ကြိမ်မြောက်     အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီ  အစည်း အဝေး၊   (၂၄)     ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီအစည်းအဝေးနှင့်  အာဆီယံစီးပွားရေး ဝန်ကြီးများနှင့် အာဆီယံစီးပွားရေးအကြံပေး ကောင်စီတို့၏  ဆွေးနွေးပွဲများ၊ စက်တင်ဘာ ၁၀ ရက်တွင် (၁၃)ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊  မြန်မာ၊  ဗီယက်နမ်   စီးပွားရေးဝန်ကြီးများ အစည်း အဝေး၊ စက်တင်ဘာ ၁၃ ရက်က  အာဆီယံစီးပွားရေး ဝန်ကြီးများနှင့်  တရုတ်၊ ကိုရီးယား၊ ဆွစ်ဇာလန် အပေါင်းသုံး စီးပွားရေးဝန်ကြီးများ အစည်းအဝေး နှင့် မဲခေါင်-ဂျပန် စီးပွားရေးဝန်ကြီးများအစည်း အဝေး၊     စက်တင်ဘာ ၁၄ ရက်က     အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အမေရိကန်ကုန်သွယ်ရေး        ကိုယ်စားလှယ်တို့ အစည်းအဝေး၊ (၅) ကြိမ်မြောက်   အာဆီယံ - ဟောင်ကောင် (တရုတ်)  စီးပွားရေး ဝန်ကြီးများ အစည်းအဝေး၊  (၁၈) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ စီးပွားရေးဝန်ကြီးများ အစည်း အဝေး၊  (၁၇) ကြိမ်မြောက်    အာဆီယံစီးပွားရေး ဝန်ကြီးများနှင့်   အီးယူကုန်သွယ်ရေးကော်မရှင်နာ တို့ အစည်းအဝေး၊ (၁၀) ကြိမ်မြောက်   အာဆီယံ-ရုရှား   စီးပွားရေးဝန်ကြီးများ  အစည်းအဝေး၊  စက်တင်ဘာ ၁၅ ရက်က အာဆီယံ-ဩစတြေးလျ၊  နယူးဇီလန်  စီးပွားရေးဝန်ကြီးများဆွေးနွေးပွဲ၊ (၂၇) ကြိမ်မြောက်  အာဆီယံ-ဂျပန်  စီးပွားရေးဝန်ကြီး များဆွေးနွေးပွဲ၊  ပထမအကြိမ်  အာဆီယံ-ဗြိတိန် စီးပွားရေးဝန်ကြီးများဆွေးနွေးပွဲ၊ (၉) ကြိမ်မြောက် အရှေ့အာရှစီးပွားရေးဝန်ကြီးများ    အစည်းအဝေး တို့ကို  တက်ရောက်ခဲ့ပြီး   ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေးအရ  ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ကို အရှိန်မြှင့်ဆောင်ရွက်နိုင်ခဲ့သည်။ 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် (၆) ကြိမ်မြောက်         အရှေ့ဖျားစီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးဝင်းရှိန်   တက်ရောက်ခဲ့ပြီး    နှစ်နိုင်ငံအကြား    စိုက်ပျိုးရေး အခြေခံတန်ဖိုးမြှင့် စားသောက် ကုန်ထုတ်လုပ်မှုအပါအဝင် စွမ်းအင် ကဏ္ဍ၊ အခြေခံ အဆောက်အအုံတည်ဆောက်ရေး ကဏ္ဍ၊  စက်မှုကုန်ထုတ်လုပ်ငန်းကဏ္ဍ  စသည့် ပူးပေါင်းဆောင်ရွက်သင့်သည့်  ကိစ္စရပ်များအား      သက်ဆိုင်ရာနိုင်ငံ၏   တာဝန်ရှိသူများနှင့်    ညှိနှိုင်း ဆွေးနွေးခဲ့သည်။     
                           

N စာမျက်နှာ ၈ မှ    

         
ထို့ပြင်    ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် စက်တင်ဘာ ၂၀ ရက်က ကျင်းပသည့်  စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ   ပြည့်မီစေရန်  အရှိန်မြှင့် တင်ဆောင်ရွက်ရေး  အာဆီယံဝန်ကြီးများ ဆွေးနွေး ပွဲသို့  တက်ရောက်၍ မိမိတို့နိုင်ငံအနေဖြင့် SDGs   ရရှိအောင်    အထူးအလေးထားဆောင်ရွက်လျက်ရှိ သည့်အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး  ဟန်ချက်ညီသော      ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့်  မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံ ချက်များကို   ရေးဆွဲပြီးအကောင်အထည်ဖော်လျက် ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ (၅၄) ကြိမ် မြောက် အရှေ့အာရှနှင့် ပစိဖိတ်ကော်မရှင်အစည်း အဝေး၊ (၃၃)ကြိမ်မြောက် အရှေ့အာရှပစိဖိတ်ဒေသ များနှင့်   တောင်အာရှဒေသများအတွက်     ပူးတွဲ ကော်မရှင်အစည်းအဝေးများကို စက်တင်ဘာ ၁၄ ရက်က  အွန်လိုင်းမှကျင်းပရာ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ပြီး (၄၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွား လုပ်ငန်းအစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးမှူးရုံး     ဘုတ်အဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်ပေါ်တိုးတက်မှုနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာအခွင့်အလမ်းများ၊ ဒေသတွင်းနိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌသည် စက်တင်ဘာ ၈ ရက်တွင် ကျင်းပသည့် အာရှ-ပစိဖိတ် ပူးတွဲအဖွဲ့၏    မြန်မာနိုင်ငံ   ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအပေါ်  အကဲဖြတ်ခြင်းနှင့်စပ်လျဉ်း သည့် မြန်မာနိုင်ငံဆောင်ရွက်ချက်များ ဆွေးနွေးခြင်း  အစည်းအဝေးနှင့် စက်တင်ဘာ  ၁၆   ရက်က (၂၃) ကြိမ်မြောက်    အာဆီယံငွေပေးချေမှုစနစ်ဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးတို့ကို တက်ရောက် ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်း ဦးသည်   စက်တင်ဘာ ၃၀ ရက်က  ကျင်းပသည့် (၁၁)  ကြိမ်မြောက်    အာရှ - ပစိဖိတ်ဆိုင်ရာ     နိုင်ငံ တကာဥပဒေဖိုရမ်သို့     ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့သည်။


အလားတူ စက်တင်ဘာ ၁၅ရက်က (၃၉) ကြိမ် မြောက်   အာဆီယံစွမ်းအင်ဆိုင်ရာ    ဝန်ကြီးများ အစည်းအဝေးနှင့်    ဆက်စပ်အစည်းအဝေးများ၊ စက်တင်ဘာ   ၁၆   ရက်က   (၁၈)    ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ    အစည်းအဝေး၊ အာရှ-ပစိဖိတ်        အမျိုးသားလူ့အခွင့်အရေးအဖွဲ့ အစည်းများဖိုရမ်၏ (၂၆) ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေး၊ စက်တင်ဘာ ၂၇ ရက်က တရုတ်-  အာဆီယံအသက်မွေးဝမ်းကျောင်း ပညာရေးပြပွဲနှင့် ဖိုရမ်၊ စက်တင်ဘာ ၂၉ ရက်က အာဆီယံလူမှုရေး- ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ           ဝန်ကြီးများ အစည်းအဝေးများသို့ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ကိုယ်စားလှယ်များကို ထိတွေ့ဆောင်ရွက် ခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကြဉ် ရန် နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုသည့် သတင်းထုတ်ပြန်ချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန က   စက်တင်ဘာ   ၂၃  ရက်တွင်   ထုတ်ပြန်ခဲ့သည်။ ထို့အတူ စက်တင်ဘာ ၂၅ ရက် ရက်စွဲဖြင့် သတင်း ထုတ်ပြန်ရာတွင် ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏(၄၈)ကြိမ် မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာ နိုင်ငံအပေါ်     ဆန့်ကျင်သည့်      ဆွေးနွေးမှုသုံးခုကို မြန်မာနိုင်ငံမပါဝင်ဘဲ   ကျင်းပခဲ့ခြင်း၊   နိုင်ငံရေး ရည်ရွယ်ချက်ဖြင့်   ချမှတ်ထားသည့်  ဆုံးဖြတ်ချက် များနှင့် မမျှတသောလုပ်ပိုင်ခွင့်များ၊ ယင်းယန္တရား များသည်    နိုင်ငံအတွင်း   စိတ်ဝမ်းကွဲပြားမှုများနှင့် အထင်အမြင်လွဲမှားမှုများကိုသာ       ဖြစ်ပေါ်စေ ကြောင်း၊ မြန်မာနိုင်ငံကရင်ဆိုင်နေရသည့် စိန်ခေါ်မှု များကို ဖြေရှင်းရန်အထောက်အကူ မပြုကြောင်းနှင့် အဟန့်အတားပင်ဖြစ်စေကြောင်း၊  ယင်းသို့   နိုင်ငံ တစ်နိုင်ငံတည်းအပေါ်  ပစ်မှတ်ထားသော  ယန္တရား များ၏အစီရင်ခံစာများနှင့်  ပြောကြားချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။


ပြည်သူ့အတွက်မြန်မာ့တပ်မတော်


International Army Games-2021 ပြိုင်ပွဲကြီး ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်  ဩဂုတ် ၂၂ ရက်က ကျင်းပရာ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ နှင့်  ကမ္ဘာ့နိုင်ငံများနှင့်   ရင်ပေါင်တန်းကာ   မြန်မာ့ တပ်မတော်မှ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့် သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲ၊ လေကြောင်းချီတပ်စုများ စွမ်းရည် ပြိုင်ပွဲတို့အပြင်   ဆက်စပ်ပြိုင်ပွဲဖြစ်သည့်     ရိုးရာ ယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲများကိုလည်း   ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဆုအသီးသီးဆွတ်ခူးနိုင်ခဲ့သည်။ 
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့သည်   တင့်ကား မောင်းခြင်းနှင့်   ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အုပ်စုပွဲစဉ် များကို အဆင့်ဆင့်ကျော်ဖြတ်ပြီး စက်တင်ဘာ ၃ ရက်က ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့ရာ  ပြိုင်ပွဲဝင်ရှစ်သင်း အနက်  တတိယဆုရရှိခဲ့သည်။  ဆက်စပ်ပြိုင်ပွဲ တစ်ရပ်ဖြစ်သည့် Creative Competition ပြိုင်ပွဲ တွင်   မြန်မာ့တပ်မတော်မှ   ယဉ်ကျေးမှုတပ်ဖွဲ့ဝင်များ     ပါဝင်ယှဉ်ပြိုင်ရာ ရိုးရာဝတ်စုံဖြင့် ဖျော်ဖြေတင်ဆက် မှုတွင်  ပထမဆု၊  ရုရှားသီချင်းဖြင့်  တစ်ဦးချင်း သီဆိုဖျော်ဖြေ  တင်ဆက်ရာတွင်  ဒုတိယဆု၊ နိုင်ငံ့ ရိုးရာယဉ်ကျေးမှုကို        ပေါ်လွင်ထင်ဟပ်အောင်       ဖျော်ဖြေတင်ဆက်မှုတွင်  ဒုတိယဆုတို့ကို   ရရှိခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် ပရိသတ်များ မဲပေးရွေးချယ် ဆုတွင်လည်း  တတိယဆုကို   ဆွတ်ခူးရရှိခဲ့သည်။   မြန်မာ့တပ်မတော်  ယဉ်ကျေးမှုတပ်ဖွဲ့ဝင်များသည် မြန်မာ့ရိုးရာတူရိယာများဖြင့်     သီချင်းသီဆိုခြင်း၊ ကပြတင်ဆက်ခြင်းတို့ဖြင့်  မြန်မာ့ရိုးရာယဉ်ကျေးမှု   စရိုက်လက္ခဏာများနှင့်  မြန်မာ့အလှ၊  မြန်မာ့ဂီတ တို့ကို ကမ္ဘာကသိအောင် စွမ်းဆောင်လိုက်ခြင်းပင် ဖြစ်ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့်      ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်ကို  စက်တင်ဘာ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။  ယင်းတွင်  မကြာမီ ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို သောအားဖြင့်လည်းကောင်း၊   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများကို       ထိထိရောက်ရောက်    ဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊  တစ်နိုင်ငံလုံး  ထာဝရငြိမ်းချမ်းရေး ရရှိစေရေး၊  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ  အရှိန် အဟုန်မြှင့်တင်နိုင်ရေးတို့အတွက်     နိုင်ငံတော် ကာကွယ်ရေးနှင့်အုပ်ချုပ်မှု   ဆိုင်ရာကိစ္စရပ်များ အပြင်  နိုင်ငံတော်အစိုးရ၏       လုံခြုံရေးနှင့်   အုပ်ချုပ်ရေးယန္တရားများအား  နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ    တပ်မတော်၏   စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ်     ဖေဖော်ဝါရီလ ၂၈ ရက်အထိ ငါးလကြာ  ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း   ဖော်ပြ ထားသည်။


နိုင်ငံရေးပါတီများအား ဥပဒေနှင့်အညီစစ်ဆေး


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်   ဥပဒေနှင့် အညီ           နိုင်ငံရေးပါတီများ၏ပါတီဝင်အင်အာ၊   ပါတီပိုင်ရန်ပုံငွေနှင့်       ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊  စစ်ဆေးခြင်းနှင့် စာရင်း ရှင်းလင်းဖျက်သိမ်းခြင်း၊        ပါတီဆိုင်ရာလုပ်ငန်း များကို စနစ်တကျဆောင်ရွက်ထားမှု ရှိ/ မရှိ စစ်ဆေး ခြင်းတို့ကို  ဩဂုတ်လ ၂၃   ရက်မှ    စက်တင်ဘာလ  ၂၄ ရက်အထိ   စစ်ဆေးဆောင်ရွက်ပေးလျက်ရှိ သည်။

လူမှုဘဝများမြှင့်တင်ပေး


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့် ဆေး ပစ္စည်းများ၊   သားငါးများကို     လက်လီ၊ လက်ကား ရွေ့လျားဈေးကားများဖြင့်          ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ  ပြည်သူများ  လွယ်လင့်တကူ ဝယ်ယူခွင့်ရရှိခဲ့သည်။  ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း အထူးအစီအစဉ်အရ ဆန်အမျိုးအစားစုံကို စက်တင်ဘာလ ၁၄ ရက်မှစတင်၍   ရောင်းချပေးခဲ့ပြီး   လူ တစ်ဦးလျှင် ဆန်ငါးအိတ်အထိ   ဝယ်ယူနိုင်ခဲ့သည်။ ထို့အတူ စားအုန်းဆီလက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ်   ၃၇၀၀   ဖြင့်     ဖြန့်ဖြူးရောင်းချပေးခြင်းကို စက်တင်ဘာ ၂၀ ရက်တွင်     စတင်ခဲ့ပြီး      လက်လီ အရောင်းဆိုင်များကို      နှစ်ရာခိုင်နှုန်းထက်မပိုဘဲ ရောင်းချပေးနိုင်ခဲ့ရာ  စက်တင်ဘာ ၃၀ ရက်အထိ စားအုန်းဆီတန်ချိန် ၅၈၂၉ တန်ခန့် ဖြန့်ဖြူးပေးနိုင်ခဲ့ ကြောင်းသိရှိရသည်။


စက်တင်ဘာ   ၁   ရက်က    အလုပ်သမားများ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်နှင့်    အလုပ် အကိုင်ကျွမ်းကျင်မှု စံသတ်မှတ်မှု ညှိနှိုင်းဆွေးနွေးမှု များကို စက်မှုဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ပြီး ကျွမ်းကျင် လုပ်သားမွေးထုတ်ပေးရေးဆိုင်ရာ    အစီအမံများ ချမှတ်ရေးဆွဲနိုင်ခဲ့သည်။    လူမှုဖူလုံရေးအဖွဲ့နှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် လူမှုဖူလုံရေး  -  ကဲဝဲလ်အထွေထွေ ရောဂါကုဆေးခန်းကို         လှိုင်သာယာမြို့နယ်၌ စက်တင်ဘာ ၁၀   ရက်က ဖွင့်လှစ်ခဲ့သည်။ ထို့အတူ အလုပ်သမားဝန်ကြီးဌာနနှင့်          ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းလျက် အလုပ်ဌာန ၂၇၃၇ ခုမှ အာမခံအလုပ်သမား ၂၃၁၂၉၈ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ကျန်အလုပ်သမားများကို       ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း  စက်တင်ဘာ  ၁၀   ရက်က   သိရှိရ သည်။


အခြေခံပညာနှင့် အဆင့်မြင့်ပညာတက္ကသိုလ် များ၊ ကောလိပ်များနှင့် သင်တန်းကျောင်းများကို ကိုဗစ်-၁၉   ကာကွယ်ရေးနည်းလမ်းများနှင့်အညီ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပညာ ရေးဝန်ကြီးဌာနမှ   ကြိုးပမ်းလျက်ရှိသည်ကိုလည်း စက်တင်ဘာ  ၆ ရက်က မြင်တွေ့ရသည်။  ထို့အတူ အခြေခံပညာစာသင်ကျောင်းများရှိ   လက်တွေ့ခန်း များတွင် စနစ်တကျသင်ယူမှုပြုနိုင်ရေး၊  စာကြည့် တိုက်နှင့် ကျောင်းသုံးပရိဘောဂများ ဖြည့်ဆည်းပေး ရေး၊ ကျောင်းအားကစားရုံအပါအဝင် ကျန်းမာကြံ့ခိုင် ရေးအတွက် စီစဉ်ထားရှိရန်များကိုလည်း ပညာရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးက    လမ်းညွှန် မှာကြားပေးသည်ကိုလည်း မြင်တွေ့ရသည်။
(ဆက်လက်ဖော်ပြပါမည်)