
နေပြည်တော် အောက်တိုဘာ ၁၂
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများ သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်အရှေ့ ပိုင်း ကျိုင်းတုံမြို့ရှိ စေတဝန် ပရိယတ္တိ ကမ္မဋ္ဌာန်းကျောင်းတိုက် ၊ ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရာဟုလာ ပရိယတ္တိ စာသင်တိုက်၊ မွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ်အတွင်းရှိ ဘုန်းတော် ကြီးကျောင်းများ၊ ဧရာဝတီတိုင်း ဒေသကြီး ကျိုက်လတ်မြို့ရှိ ဇဝနဗုဒ္ဓ အကယ်ဒမီကျောင်း၊ မစိုးရိမ်တိုက်သစ်ကျောင်း၊ ဓမ္မပါလ မဟာ ရွှေကျင်ကျောင်းတိုက်၊ ရှမ်းကျောင်း ပရိယတ္တိစာသင် တိုက်၊ ညောင်ငူစာသင်တိုက်၊ နှစ်လမ်းကျောင်းတိုက်၊ ထေရာ စာရီ ပရိယတ္တိသီလရှင်စာသင် တိုက်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ရွှေစင်မင်း သီလ ရှင် စာသင်တိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင်သီလရှင်များအတွက်ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ စေတဝန် ပရိယတ္တိ ကမ္မဋ္ဌာန်း ကျောင်းတိုက် ရှိ သံဃာတော်များအား တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ ဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
အလားတူ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ YGW မိဘမဲ့ ကလေးများ စောင့်ရှောက်ရေး ကျောင်းသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ က ယနေ့ မွန်းလွဲပိုင်းတွင် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဣန္ဒြောဘာသ အား ဖူးမြော်ပြီး ဆီ၊ ပဲ၊ စားသောက်ဖွယ်ရာများနှင့် ဆေးပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြောင်း သတင်းရရှိ သည်။ သတင်းစဉ်