ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများ ကာကွယ်ဆေးထိုးနှံမှု အားပေးကြည့်ရှု နေပြည်တော် ရှစ်မြို့နယ်ရှိ သတ်မှတ်စုရပ်နေရာ ကျောင်းများတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

 

 

နေပြည်တော် အောက်တိုဘာ ၁၂


Coronavirus   Disease-2019 (Covid-19)    ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး    ကော်မတီ အတွင်းရေးမှူးရုံး၊       ရုံးအဖွဲ့ ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီး ဌာန    ဒုတိယဝန်ကြီး   ဗိုလ်ချုပ် စိုးတင့်နိုင်သည် တာဝန်ရှိသူများ နှင့်အတူ      ယနေ့   နံနက်ပိုင်း တွင် ဇမ္ဗူသီရိမြို့နယ် အမှတ် (၇)အခြေခံပညာ      အထက်တန်း ကျောင်း၌   အသက်  ၁၂ နှစ်နှင့် အထက်   အခြေခံပညာ  အလယ် တန်းနှင့် အထက်တန်း ကျောင်း သား  ကျောင်းသူများ ကာကွယ် ဆေးထိုးနှံမှု အခြေအနေများကို သွားရောက်အားပေး    ကြည့်ရှု သည်။ 
ထိုသို့ ကြည့်ရှုစဉ် သက်ဆိုင် ရာ တာဝန်ရှိသူများက ကာကွယ် ဆေးထိုးနှံပေးနေမှု အခြေအနေ များအား  ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက  ကျောင်းသား ကျောင်းသူများကို       အားပေး နှုတ်ဆက်ကာ  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည် တော်အတွင်း ပညာရေးဝန်ကြီး ဌာန   လက်အောက်ရှိ   အလယ် တန်းနှင့် အထက်တန်း ကျောင်း သား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ခြင်းကို စီမံချက်ဖြင့် ဆောင်ရွက် လျက်ရှိရာ      ပထမဦးဆုံးနေ့ ဖြစ်သည့်   ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့နယ် ရှစ်မြို့နယ် ရှိ     သတ်မှတ်စုရပ်နေရာများ ဖြစ်သော အခြေခံပညာကျောင်း များတွင် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ    စတင်ဆောင်ရွက် လျက်ရှိသည်။
သတင်းစဉ်