ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ နေပြည်တော်ရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသား ကျောင်းသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု ကြည့်ရှုအားပေး

 

 

နေပြည်တော်  အောက်တိုဘာ  ၁၂


ပညာရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြ သော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အခြေခံ ပညာအထက်တန်းကျောင်းများ၌ အသက် ၁၂ နှစ် နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက် တန်း ကျောင်းသား ကျောင်းသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများ ကို သွားရောက်ကြည့်ရှုအားပေးကြသည်။ 
လိုအပ်ချက်ရှိက ကူညီဆောင်ရွက်ပေးမည်
ရှေးဦးစွာ    ဒက္ခိဏသီရိမြို့နယ်   အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၌   ကာကွယ် ဆေးထိုးနှံပေးနေမှုများကို   အားပေးကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ကာကွယ်ဆေး ထိုးခြင်းဖြင့် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ် များဖြစ်သည့် ကျောင်းသား ကျောင်းသူများ ကျန်းမာ ပျော်ရွှင်စွာဖြင့် ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေမည် ဖြစ်ပါကြောင်း၊ ဒေသတွင်းအိမ်နီးချင်း နိုင်ငံများနှင့်    နိုင်ငံတကာတွင်လည်း   ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်    ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများ  ဆောင်ရွက်ရာတွင်  လိုအပ်ချက် အခက်အခဲများရှိပါက အမြန်ဆုံး  ဖြည့်ဆည်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြား ကာ လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ ဆေးရုံမှ   ဆရာဝန်များ၊ သက်ဆိုင်ရာ  ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ   ဝန်ထမ်းများ  ပူးပေါင်း၍ ကာကွယ်ဆေးမထိုးမီ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူခြင်း၊ ကျောင်းသား ကျောင်းသူများ ကိုယ်အပူချိန် တိုင်းတာခြင်း၊   သွေးပေါင်ချိန်ခြင်း၊  ရောဂါအခံ  ရှိ၊ မရှိ   မေးမြန်းခြင်းနှင့်   ကာကွယ်ဆေးထိုးပြီးပါက ကျန်းမာရေးအတွက် ကာကွယ်နေထိုင်ရမည့် အစီ အစဉ်များကို     ပြောကြားဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေး ထိုးနှံပေးကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊   နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဒေါက်တာ မောင်မောင်နိုင်နှင့်   သက်ဆိုင်ရာတာဝန်ရှိသူများ သည် ဇမ္ဗူသီရိမြို့နယ်  အမှတ်(၇)  အခြေခံပညာ အထက်တန်းကျောင်းသို့လည်းကောင်း၊ ဥတ္တရသီရိ မြို့နယ် မင်းကုန်း အခြေခံပညာအထက်တန်းကျောင်း သို့လည်းကောင်း သွားရောက်၍ အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး   ထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးကြသည်။
စနစ်တကျထိုးနှံပေး
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင်     အသက်  ၁၂ နှစ်ပြည့်ပြီးသည့် အလယ်တန်းနှင့်    အထက်တန်း     ကျောင်းသား ကျောင်းသူ    စုစုပေါင်း  ၈၃၉၆၉  ဦးကို   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ      မြန်မာ တစ်နိုင်ငံလုံးမှ      အခြေခံပညာအထက်တန်းကျောင်း နှင့် အလယ်တန်းကျောင်းများတွင် ပညာသင်ယူနေသူ ကျောင်းသား   ကျောင်းသူအားလုံးကို    ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများ  စနစ်တကျထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။           သတင်းစဉ်