ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေး

 

 

နေပြည်တော်  အောက်တိုဘာ  ၁၂


ပြည်ထောင်စုရွေးကောက်ပွဲ       ကော်မရှင်သည်            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ ( ဌ )တွင်    ပြဋ္ဌာန်းထားသော   “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း” ဆိုသည့်   တာဝန်နှင့်အညီ    နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေး ခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ထားမှု ရှိ၊ မရှိ   စစ်ဆေးဆောင်ရွက်လျက်ရှိရာ  မွန်ပြည်နယ် အခြေစိုက်ဖြစ်ကြသော    အမျိုးသမီးပါတီ(မွန်)ကို ၃.၁၀.၂၀၂၁ ရက်နေ့မှ  ၆.၁၀.၂၀၂၁ ရက် နေ့အထိ လည်းကောင်း၊  ၈၈  မျိုးဆက်ဒီမိုကရေစီပါတီကို ၃.၁၀.၂၀၂၁ ရက်နေ့မှ  ၈.၁၀.၂၀၂၁ ရက်နေ့အထိ လည်းကောင်း၊  မွန်ညီညွတ်ရေးပါတီ  (Mon Unity Party )ကို ၄.၁၀.၂၀၂၁ ရက်နေ့မှ ၈.၁၀.၂၀၂၁ ရက်နေ့ အထိလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအခြေစိုက် ဖြစ်ကြသော   လမ်းပြကြယ်ပါတီ၊   ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီနှင့် မြန်မာ နိုင်ငံ     အလုပ်သမား   လယ်သမား    မဟာမိတ်ပါတီ [Alliance of Myanmar’s Worker and Farmer Party (A.M.W.F.P)]တို့ကို   ၄.၁၀.၂၀၂၁  ရက်နေ့မှ ၈.၁၀.၂၀၂၁  ရက်နေ့အထိလည်းကောင်း၊  ရန်ကုန် တိုင်းဒေသကြီးအခြေစိုက်ဖြစ်ကြသော အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီ၊  ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီတို့ကို       ၄.၁၀.၂၀၂၁  ရက်နေ့မှ ၈.၁၀.၂၀၂၁  ရက်နေ့အထိ   လည်းကောင်း၊   ရှမ်း ပြည်နယ်အခြေစိုက်ဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို    ၄.၁၀.၂၀၂၁  ရက်နေ့မှ ၈.၁၀.၂၀၂၁ ရက်နေ့အထိလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအခြေစိုက်ဖြစ်သော    မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီကို ၄.၁၀.၂၀၂၁ ရက်နေ့မှ ၆.၁၀.၂၀၂၁ ရက်နေ့အထိ လည်းကောင်း၊ ကရင်ပြည်နယ် အခြေစိုက်ဖြစ်ကြ သော   ဖလုံ - စဝေါ်  ဒီမိုကရက်တစ်ပါတီနှင့်   ကရင် အမျိုးသားဒီမိုကရက်တစ်ပါတီ  (Karen  National Democratic Party ) တို့ကို   ၅.၁၀.၂၀၂၁ ရက်နေ့မှ ၈.၁၀.၂၀၂၁ ရက်နေ့အထိလည်းကောင်း  စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ဖြင့်     ဖွဲ့စည်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 
သတင်းစဉ်