ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့ဝင်များ  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ


ဂီတလောကသားများ၏ အကျိုးစီးပွားများ ဖော်ဆောင်ရေး၊ ဂီတလောက တိုးတက်ထွန်းကားရေးတို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်

 

ရန်ကုန်   အောက်တိုဘာ  ၁၂


ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး  ဦးမောင်မောင်အုန်းသည် မြန်မာ  နိုင်ငံဂီတအစည်းအရုံး (ဗဟို)  ယာယီအမှု ဆောင်အဖွဲ့ဝင်များနှင့် ယနေ့နံနက်ပိုင်း တွင်  ရန်ကုန်မြို့  ပြည်လမ်းရှိ  မြန်မာ့ အသံနှင့်    ရုပ်မြင်သံကြား၌   တွေ့ဆုံပြီး ဂီတလောက  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးသည်။ 
အစည်းအဝေးတွင်    ပြည်ထောင်စု ဝန်ကြီးက ဂီတအနုပညာရှင်များအနေ ဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက် ဂီတ စွမ်းအားဖြင့်    ကြိုးပမ်းဆောင်ရွက်ကြ စေလိုပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ကလည်း အနုပညာလုပ်ငန်းဆောင်ရွက် နေသူများကို “ပညာရှင်” အဖြစ် သတ်မှတ် အလေးထားသကဲ့သို့   လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးရန် မကြာခဏ  မှာကြားလေ့ရှိပါကြောင်း၊     ကိုဗစ် - ၁၉  ကပ်ရောဂါကြောင့်    မွန်းကျပ်နေသော ပြည်သူများ အပန်းပြေစေရန်နှင့် ပျော်ရွှင် တက်ကြွလာစေရန်အတွက် အနုပညာရှင် များက     ဖျော်ဖြေရေး   လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်   ကြိုးပမ်းဆောင် ရွက်ကြစေလိုပါကြောင်း။
ပူးပေါင်းကူညီဆောင်ရွက်သွားမည်
ယခုအခါ   ကိုဗစ် - ၁၉    ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို   ထိန်းချုပ်လာနိုင် မှုနှင့်အတူ     ကိုဗစ် - ၁၉     ကပ်ရောဂါ ကာကွယ်ရေးစည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ   ဖျော်ဖြေရေးလုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ၏ အမှုဆောင် အဖွဲ့မှာ     သက်တမ်း     ပြီးမြောက်ခဲ့ပြီ ဖြစ်သော်လည်း   အခြေအနေအရ   အမှု ဆောင်အဖွဲ့သစ်တစ်ရပ်        ရွေးကောက် တင်မြှောက် ဖွဲ့စည်းနိုင်ခြင်းမရှိသေးသည့် ကာလအတွင်း   ယာယီအမှုဆောင်အဖွဲ့ ဖြင့်     ဖွဲ့စည်းဆောင်ရွက်ခြင်း     ဖြစ်ပါ ကြောင်း၊ ယာယီအမှုဆောင်အဖွဲ့ အနေ ဖြင့် သင်းဖွဲ့စည်းမျဉ်းတစ်ရပ် ရေးဆွဲပြီး  ဂီတလောကသားများ၏ အတည်ပြုချက် ရယူနိုင်ရန်၊    အဆိုပါ   သင်းဖွဲ့စည်းမျဉ်း နှင့်အညီ ဂီတလောကသားများအားလုံး ပါဝင်သည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပ ပြီး   အမှုဆောင်အဖွဲ့အား   ဖွဲ့စည်းကာ တာဝန်    လွှဲပြောင်း/    ပေးအပ်နိုင်ရန် ဆောင်ရွက်ပေးရမည်     ဖြစ်ပါကြောင်း၊ ထိုကဲ့သို့    ဆောင်ရွက်နေသည့်    ကာလ အတွင်း ဂီတလောကသားများ၏ အကျိုး စီးပွားများ ဖော်ဆောင်ရေး၊ ဂီတလောက  တိုးတက်             ထွန်းကားရေးတို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ   အကောင် အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ပါ ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း မိတ်ဖက်အဖွဲ့အစည်းဖြစ်သည် နှင့်အညီ     လိုအပ်သည်များ     ပူးပေါင်း ကူညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ နိုင်ငံဂီတအစည်းအရုံးနှင့်      ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း၊ မြန်မာနိုင်ငံဂီတအစည်း အရုံး  (ဗဟို)  ယာယီအမှုဆောင်အဖွဲ့မှ  နာယကကြီးများနှင့်     အဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကိုလည်းကောင်း ဆွေးနွေးတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်  သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ကို  ၁၉၆၃  ခုနှစ်၊ ဇူလိုင်  ၁၁ ရက်တွင် “မြန်မာနိုင်ငံ ဂီတကောင်စီ” အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး    ၁၉၈၁    ခုနှစ်တွင် “မြန်မာနိုင်ငံဂီတကောင်စီ    စည်းရုံးရေး ကော်မတီ”  အမည်ဖြင့် ပြောင်းလဲခဲ့ရာမှ ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံ ဂီတအစည်း အရုံး(ဗဟို) အမည်သို့ ပြောင်းလဲဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၏ အမှုဆောင် အဖွဲ့မှာ   သက်တမ်း  ပြီးမြောက်ခဲ့ပြီဖြစ် သော်လည်း အမှုဆောင်အဖွဲ့သစ်တစ်ရပ်  ရွေးကောက်တင်မြှောက် ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့်   ကာလအတွင်း   ယာယီ အမှုဆောင်အဖွဲ့အား   ဖွဲ့စည်းပြီး    ဂီတ လောကသားများ၏ အကျိုးစီးပွားများ ဖော်ဆောင်ရေး၊  ဂီတလောက တိုးတက် ထွန်းကားရေးတို့အတွက်       ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း    သိရ သည်။
ဇာတ်ကားများပြသမည့်အခြေအနေ
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် အမှတ်(၂၈) ကုက္ကိုင်း ရိပ်သာလမ်းရှိ  ပြန်ကြားရေးနှင့်     ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန     ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ ရောက်ရှိပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ နာယကများ၊ အလုပ်အမှုဆောင်  အဖွဲ့ဝင်များနှင့်    တွေ့ဆုံ၍    အနုပညာ လုပ်ငန်းများ ပြန်လည်စတင် ဆောင်ရွက် နိုင်မည့် အခြေအနေ၊  ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ဇာတ်ကားများ      ပြန်လည်ပြသ ဆောင်ရွက်နိုင်မည့်       အခြေအနေနှင့် ရုပ်ရှင်လောကသားများ     ကြုံတွေ့နေရ သည့်    အခက်အခဲများအပေါ်    ဖြေရှင်း ဆောင်ရွက်ပေးနိုင်မည့်  အခြေအနေများ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့သည်။             သတင်းစဉ်