
ကနောင်
(ယမန်နေ့မှအဆက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် စက်တင်ဘာ ၁ ရက်မှ ၇ ရက် အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့ သည်။ ခရီးစဉ်အတွင်း International Army Games-2021 ပိတ်ပွဲအခမ်းအနား တက်ရောက် ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စစ်ဘက်၊ အရပ် ဘက်တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်းနှင့် အထင် ကရနေရာများသို့ သွားရောက်လေ့လာခြင်းတို့ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအစိုးရနှင့် တပ်မတော် နှစ်ရပ်တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက် နည်းပညာ၊ သိပ္ပံနှင့်နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေး၊ ယဉ်ကျေးမှု ကဏ္ဍစသည့်တို့တွင် ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်နိုင်ခဲ့သည်ကို မြင်တွေ့ရသည်။
ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာ (၁၂)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကို စက်တင်ဘာ ၁၃ ရက်က ကျင်းပခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စက်တင်ဘာလအတွင်း ကိုဗစ်- ၁၉ ရောဂါကူးစက်မှု အခြေအနေ၊ လက်ရှိဆေးရုံများနှင့် စင်တာများ တွင် ကုသပေးမှုနှင့် ကာကွယ်ဆေးများ အချိန်မီ ဒေသအသီးသီးသို့ရောက်ရှိနိုင်ရေး၊ ကာကွယ်ဆေး မှာယူမှု၊ လှူဒါန်းမှုနှင့် ရရှိလာမည့် အခြေအနေ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအား ခေါ်ယူ ပေးမှုအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ မြို့နယ်ဒေသအလိုက် ဦးစားပေးအဆင့် သတ်မှတ်ထိုးနှံဆောင်ရွက်မှုနှင့် QR Code များ ဖြင့် မှတ်တမ်းပြုစုခြင်းအခြေအနေတို့ကို ညှိနှိုင်း ဆွေးနွေးခဲ့သည်။
စက်တင်ဘာ ၃၀ ရက်က ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အလယ်တန်း၊ အထက်တန်းအသက် ၁၂ နှစ်နှင့်အထက် ကျောင်း သား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအားလုံး ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာကွယ် ဆေးထိုးနှံထားခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူ များ၊ ဆရာ၊ ဆရာမများနှင့် မိဘများပါ အပြန်အလှန် ယုံကြည်စိတ်ချစွာ ပညာသင်ကြားနိုင်တော့မည် ဖြစ်သည်။
ဒေသတွင်းနိုင်ငံများနှင့် တက်ကြွစွာပူးပေါင်း
စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်က ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ (15th AMMTC) အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာ နိုင်ငံမှ AMMTC ခေါင်းဆောင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
(၁၁)ကြိမ်မြောက် မဲခေါင်-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို စက်တင်ဘာ ၈ ရက်က ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့သည်။ အလားတူ ပြည်ထောင်စု ဝန်ကြီးသည် စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ နှင့် ဆက်စပ်ကျင်းပသည့် အာဆီယံ- အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ် CRPH နှင့် NUG တို့မှ ကျူးလွန် လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချ သွားရန် အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားတိုက်တွန်းခဲ့ပြီး ကုလသမဂ္ဂနှင့် အခြားနိုင်ငံ တကာအဖွဲ့အစည်းများတွင် ယင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၏ ကိုယ်စားပြုလုပ်ဆောင်ချက် များသည် တရားဝင်မှုမရှိကြောင်းနှင့် လက်မခံနိုင် ကြောင်း ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် စက်တင်ဘာ ၈ ရက်က (၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများအစည်းအဝေး၊ (၃၅) ကြိမ်မြောက် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီအစည်းအဝေး၊ (၂၄) ကြိမ် မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသကောင်စီ အစည်းအဝေးနှင့် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေးအကြံပေး ကောင်စီတို့၏ ဆွေးနွေးပွဲများ၊ စက်တင်ဘာ ၁၀ ရက်တွင် (၁၃)ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ စက်တင်ဘာ ၁၃ ရက်က အာဆီယံစီးပွားရေးဝန်ကြီး များနှင့် တရုတ်၊ ကိုရီးယား၊ ဆွစ်ဇာလန် အပေါင်း သုံး စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် မဲခေါင်-ဂျပန်စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ စက်တင်ဘာ ၁၄ ရက်က အာဆီယံစီးပွားရေးဝန်ကြီး များနှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်တို့ အစည်းအဝေး၊ (၅)ကြိမ်မြောက် အာဆီယံ - ဟောင်ကောင်(တရုတ်) စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၈)ကြိမ်မြောက် အာဆီယံ- အိန္ဒိယ စီးပွားရေးဝန်ကြီးများအစည်းအဝေး၊ (၁၇)ကြိမ် မြောက် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အီးယူ ကုန်သွယ်ရေးကော်မရှင်နာတို့အစည်းအဝေး၊ (၁၀)ကြိမ်မြောက် အာဆီယံ- ရုရှား စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ စက်တင်ဘာ ၁၅ ရက်က အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန်စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ၊ (၂၇)ကြိမ်မြောက် အာဆီယံ- ဂျပန် စီးပွားရေးဝန်ကြီးများဆွေးနွေးပွဲ၊ ပထမအကြိမ် အာဆီယံ- ဗြိတိန် စီးပွားရေးဝန်ကြီးများဆွေးနွေးပွဲ၊ (၉)ကြိမ်မြောက် အရှေ့အာရှစီးပွားရေးဝန်ကြီးများ အစည်းအဝေးတို့ကို တက်ရောက်ခဲ့ပြီး ဒေသတွင်း နိုင်ငံများနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် (၆) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို စက်တင် ဘာ ၂ ရက်မှ ၄ ရက်အထိကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန် တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား စိုက်ပျိုးရေးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုအပါအဝင် စွမ်းအင်ကဏ္ဍ၊ အခြေခံ အဆောက်အအုံတည်ဆောက်ရေးကဏ္ဍ၊ စက်မှုကုန် ထုတ်လုပ်ငန်းကဏ္ဍ စသည့် ပူးပေါင်းဆောင်ရွက် သင့်သည့်ကိစ္စရပ်များအား သက်ဆိုင်ရာနိုင်ငံ၏ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် စက်တင်ဘာ ၂၀ ရက်က ကျင်းပသည့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရန် အရှိန်မြှင့် တင်ဆောင်ရွက်ရေး အာဆီယံဝန်ကြီးများ ဆွေးနွေး ပွဲသို့ တက်ရောက်၍ မိမိတို့နိုင်ငံအနေဖြင့် SDGs ရရှိအောင် အထူးအလေးထား ဆောင်ရွက်လျက် ရှိသည့်အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် မြန်မာနိုင်ငံ စီးပွားရေးပြန်လည်ဦးမော့စေရေး စီမံချက်များကို ရေးဆွဲပြီးအကောင်အထည်ဖော် လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ (၅၄)ကြိမ် မြောက် အရှေ့အာရှနှင့် ပစိဖိတ်ကော်မရှင်အစည်း အဝေး၊ (၃၃)ကြိမ်မြောက် အရှေ့အာရှပစိဖိတ်ဒေသ များနှင့် တောင်အာရှဒေသများအတွက် ပူးတွဲ ကော်မရှင်အစည်းအဝေးများကို စက်တင်ဘာ ၁၄ ရက်က အွန်လိုင်းမှကျင်းပရာ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ပြီး (၄၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွား လုပ်ငန်းအစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးမှူးရုံး ဘုတ်အဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်ပေါ်တိုးတက်မှုနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ၊ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာ များကို ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌသည် စက်တင်ဘာ ၈ ရက်တွင် ကျင်းပသည့် အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့၏ မြန်မာနိုင်ငံ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးလုပ်ငန်းစဉ်များအပေါ် အကဲဖြတ်ခြင်းနှင့် စပ်လျဉ်းသည့် မြန်မာနိုင်ငံ ဆောင်ရွက်ချက်များ ဆွေးနွေးခြင်းအစည်းအဝေးနှင့် စက်တင်ဘာ ၁၆ ရက်က (၂၃) ကြိမ်မြောက် အာဆီယံငွေပေးချေမှု စနစ်ဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးတို့ကို တက်ရောက် ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး သည် စက်တင်ဘာ ၃၀ ရက်က ကျင်းပသည့် (၁၁) ကြိမ်မြောက် အာရှ - ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာ ဥပဒေဖိုရမ်သို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ခဲ့သည်။
အလားတူ စက်တင်ဘာ ၁၅ ရက်က (၃၉) ကြိမ် မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ စက်တင်ဘာ ၁၆ ရက်က (၁၈) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး၊ အာရှ- ပစိဖိတ် အမျိုးသားလူ့အခွင့်အရေးအဖွဲ့ အစည်းများဖိုရမ်၏ (၂၆)ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေး၊ စက်တင်ဘာ ၂၇ ရက်က တရုတ်- အာဆီယံ အသက်မွေးဝမ်းကျောင်း ပညာရေးပြပွဲနှင့် ဖိုရမ်၊ စက်တင်ဘာ ၂၉ ရက်က အာဆီယံလူမှုရေး- ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးများသို့ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များကို ထိတွေ့ဆောင်ရွက် ခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကြဉ် ရန် နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုသည့် သတင်းထုတ်ပြန်ချက်အား နိုင်ငံခြားရေးဝန်ကြီး ဌာနက စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့အတူ စက်တင်ဘာ ၂၅ ရက် ရက်စွဲဖြင့် သတင်း ထုတ်ပြန်ရာတွင် ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၈)ကြိမ် မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာ နိုင်ငံအပေါ်ဆန့်ကျင်သည့် ဆွေးနွေးမှုသုံးခုကို မြန်မာနိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့ခြင်း၊ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ချမှတ်ထားသည့် ဆုံးဖြတ်ချက် များနှင့် မမျှတသောလုပ်ပိုင်ခွင့်များ၊ ယင်းယန္တရား များသည် နိုင်ငံအတွင်း စိတ်ဝမ်းကွဲပြားမှုများနှင့် အထင်အမြင် လွဲမှားမှုများကိုသာ ဖြစ်ပေါ်စေ ကြောင်း၊ မြန်မာနိုင်ငံက ရင်ဆိုင်နေရသည့် စိန်ခေါ် မှုများကို ဖြေရှင်းရန် အထောက်အကူမပြုကြောင်း နှင့် အဟန့်အတားပင်ဖြစ်စေကြောင်း၊ ယင်းသို့ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားသော ယန္တရားများ၏ အစီရင်ခံစာများနှင့် ပြောကြားချက် များကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ပယ်ချ ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။
ပြည်သူ့အတွက်မြန်မာ့တပ်မတော်
International Army Games-2021 ပြိုင်ပွဲ ကြီးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၂ ရက်က ကျင်းပရာ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းကာ မြန်မာ့တပ်မတော်မှ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင် ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲ၊ လေကြောင်းချီတပ်စုများ စွမ်းရည်ပြိုင်ပွဲတို့အပြင် ဆက်စပ်ပြိုင်ပွဲဖြစ်သည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုအသီးသီး ဆွတ်ခူး နိုင်ခဲ့သည်။
မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့သည် တင့်ကား မောင်းခြင်းနှင့် ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အုပ်စု ပွဲစဉ်များကို အဆင့်ဆင့်ကျော်ဖြတ်ကာ စက်တင် ဘာ ၃ ရက်က ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ရှစ်သင်းအနက် တတိယဆုရရှိခဲ့သည်။ ဆက်စပ် ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် Creative Competition ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ယဉ်ကျေးမှုတပ်ဖွဲ့ ဝင်များ ပါဝင်ယှဉ်ပြိုင်ရာ ရိုးရာဝတ်စုံဖြင့် ဖျော်ဖြေ တင်ဆက်မှုတွင် ပထမဆု၊ ရုရှားသီချင်းဖြင့် တစ်ဦး ချင်းသီဆိုဖျော်ဖြေတင်ဆက်ရာတွင် ဒုတိယဆု၊ နိုင်ငံ့ရိုးရာယဉ်ကျေးမှုကို ပေါ်လွင်ထင်ဟပ်အောင် ဖျော်ဖြေတင်ဆက်မှုတွင် ဒုတိယဆုတို့ကို ရရှိခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် ပရိသတ်များ မဲပေးရွေးချယ် ဆုတွင်လည်း တတိယဆုကို ဆွတ်ခူးရရှိခဲ့သည်။ မြန်မာ့တပ်မတော် ယဉ်ကျေးမှုတပ်ဖွဲ့ဝင်များသည် မြန်မာ့ရိုးရာ တူရိယာများဖြင့် သီချင်းသီဆိုခြင်း၊ ကပြတင်ဆက်ခြင်းတို့ဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် မြန်မာ့အလှ၊ မြန်မာ့ဂီတ တို့ကို ကမ္ဘာကသိအောင် စွမ်းဆောင်လိုက်ခြင်းပင် ဖြစ်ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်ကို စက်တင်ဘာ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ယင်းတွင် မကြာမီ ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို သောအားဖြင့်လည်းကောင်း၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရှိန် အဟုန်မြှင့်တင်နိုင်ရေးတို့အတွက် နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ အပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ ငါးလကြာ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း ဖော်ပြထားသည်။
နိုင်ငံရေးပါတီများအား ဥပဒေနှင့်အညီစစ်ဆေး
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့် အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီ ပိုင်ရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်း ခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ် တကျဆောင်ရွက်ထားမှု ရှိ/ မရှိ စစ်ဆေးခြင်းတို့ကို ဩဂုတ်လ ၂၃ ရက်မှ စက်တင်ဘာလ ၂၄ ရက်အထိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
လူမှုဘဝများမြှင့်တင်ပေး
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့် ဆေး ပစ္စည်းများ၊ သားငါးများကို ဈေးနှုန်းချိုသာစွာ လက်လီလက်ကား ရွေ့လျားဈေးကားများဖြင့် ရောင်းချပေးလျက်ရှိရာ ပြည်သူများ လွယ်လင့်တကူ ဝယ်ယူခွင့်ရရှိခဲ့သည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အထူးအစီအစဉ်အရ ဆန်အမျိုးအစား စုံကို စက်တင်ဘာလ ၁၄ ရက်မှစတင်၍ ရောင်းချ ပေးခဲ့ပြီး လူတစ်ဦးလျှင် ဆန်ငါးအိတ်အထိ ဝယ်ယူ နိုင်ခဲ့သည်။ ထို့အတူ စားအုန်းဆီလက်ကားဈေး တစ်ပိဿာလျှင်ငွေကျပ် ၃၇၀၀ ဖြင့် ဖြန့်ဖြူးရောင်းချ ပေးခြင်းကို စက်တင်ဘာ ၂၀ ရက် တွင် စတင်ခဲ့ပြီး လက်လီအရောင်းဆိုင်များကို ၂ ရာခိုင်နှုန်းထက် မပိုဘဲ ရောင်းချပေးနိုင်ခဲ့ရာ စက်တင်ဘာ ၃၀ ရက် အထိ စားအုန်းဆီတန်ချိန် ၅၈၂၉ တန်ခန့် ဖြန့်ဖြူး ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာ ၁ ရက်က အလုပ်သမားများ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်နှင့် အလုပ် အကိုင်ကျွမ်းကျင်မှု စံသတ်မှတ်မှု ညှိနှိုင်းဆွေးနွေးမှု များကို စက်မှုဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ပြီး ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးရေးဆိုင်ရာ အစီအမံများ ချမှတ်ရေးဆွဲနိုင်ခဲ့သည်။ လူမှုဖူလုံရေး အဖွဲ့နှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လူမှုဖူလုံရေး- ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းကို လှိုင်သာယာမြို့ နယ်၌ စက်တင်ဘာ ၁၀ ရက်က ဖွင့်လှစ်ခဲ့သည်။ ထို့အတူ အလုပ်သမားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းလျက် အလုပ်ဌာန ၂၇၃၇ ခုမှ အာမခံအလုပ်သမား ၂၃၁၂၉၈ ဦးအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ကျန် အလုပ်သမား များကို ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း စက်တင်ဘာ ၁၀ရက်က သိရှိရသည်။
အခြေခံပညာနှင့် အဆင့်မြင့်ပညာ တက္ကသိုလ် များ၊ ကောလိပ်များနှင့် သင်တန်းကျောင်းများကို ကိုဗစ်- ၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပညာ ရေးဝန်ကြီးဌာနမှ ကြိုးပမ်းလျက်ရှိသည်ကိုလည်း စက်တင်ဘာ ၆ ရက်က မြင်တွေ့ရသည်။ ထို့အတူ အခြေခံပညာစာသင်ကျောင်းများရှိ လက်တွေ့ခန်း များတွင် စနစ်တကျ သင်ယူမှုပြုနိုင်ရေး၊ စာကြည့် တိုက်နှင့် ကျောင်းသုံးပရိဘောဂများ ဖြည့်ဆည်း ပေးရေး၊ ကျောင်းအားကစားရုံအပါအဝင် ကျန်းမာ ကြံ့ခိုင်ရေးအတွက် စီစဉ်ထားရှိရန်များကိုလည်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားပေးသည်ကိုလည်း မြင်တွေ့ရ သည်။ (ဆက်လက်ဖော်ပြပါမည်)