
နေပြည်တော် အောက်တိုဘာ ၁၂
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံး အောက်ဆီဂျင်စက်နှင့် အခြား ဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်း နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ် ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်း များ၊ မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း နှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီလေးခုမှ ယာဉ်စီးရေ ခုနစ်စီးဖြင့် အောက် ဆီဂျင် (အိုးခွံ) ၁၁၃၇ ခု၊ Oxygen Plant နှစ်ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် လေးခု၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက် (Oxygen Generator) တစ်ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၁၁၁ ခု၊ လက်အိတ် ခုနစ်တန်နှင့် နှာခေါင်းစည်း (Mask) ၁၄ တန် တင်သွင်းခဲ့ပြီး Oxygen Plant နှစ်ခုမှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပြီး အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင် သည်။
သတင်းစဉ်