မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းစာအုပ် ပြင်ဆင်ဖြည့်စွက်၍ ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိ

နေပြည်တော်   အောက်တိုဘာ   ၁၁


ဗိုလ်ချုပ်အောင်ဆန်းနှင့်    ပတ်သက်၍ မွေးဖွားခဲ့သည့်အချိန်မှစ၍ ကျဆုံးသည့် အချိန်အထိတိုင် ကလေးဘဝ မူလတန်း၊ အလယ်တန်း       ကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းသားဘဝ၊ သခင်ဘဝ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ ဖြတ်သန်း လာခဲ့ရသော      နိုင်ငံရေးသမားဘဝ၊ တပ်မတော်သားဘဝနှင့် ဖဆပလခေတ်  နိုင်ငံရေး   ကြိုးပမ်းမှုဘဝများကို   ပုံစံ အမျိုးမျိုးဖြင့် ရဟန်းရှင်လူ ပညာရှိများ ရေးသားထားခဲ့သည်မှာ အများအပြားပင် ရှိပါသည်။   ထိုမျှမက   လွတ်လပ်ရေး ကြိုးပမ်းမှုကာလတစ်လျှောက် ပြောကြား ခဲ့သော မိန့်ခွန်းများမှာလည်း များပြားလှ ပါသည်။   ပုံနှိပ်ထုတ်ဝေထားပြီးလည်း ဖြစ်ပါသည်။ ရှေ့ဆက်၍လည်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အကြောင်းအရာများကို မိမိတို့ဖော်ပြလိုသော အဓိကအကြောင်း  အရာကို   ဇောင်းပေး၍   ရေးသားပြုစု ထုတ်ဝေကြဦးမည်ဖြစ်ပါသည်။


ယခုအခါ     မြန်မာ့သမိုင်းအဖွဲ့မှ ပညာရှင်ကြီးများက  ဗိုလ်ချုပ်အောင်ဆန်း ၏ အတ္ထုပ္ပတ္တိကို ငယ်ဘဝမှသည် ကျဆုံးရ ချိန်အထိ      ဖြစ်ပျက်တွေ့ကြုံခဲ့သော   အဖြစ်အပျက်များကို    အသက်အပိုင်း အခြားအလိုက် ခေတ်အပိုင်းအခြားအလိုက် ခွဲခြား၍  တာဝန်ယူကာ အဂတိကင်းစွာ သုတေသနပြုစုရေးသားခဲ့ကြပါသည်။      ခေတ်ပြိုင်အထောက်အထား     မှတ်တမ်း များကိုသာမက   ခေတ်ပြိုင်ဖြစ်သော သက်ရှိထင်ရှားလည်း   ရှိနေသေးသော သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများနှင့်   တွေ့ဆုံ မေးမြန်း၍    ရရှိသောအချက်အလက် များကို       ကိုးကားအသုံးပြု၍လည်း ရေးသားပြုစုခဲ့ကြပါသည်။    အခါခါ ပြန်ဖတ်၊  အခါခါ  ဖြည့်စွက်၊  အခါခါ ပြုပြင်၍ ရေးသားပြီး ပထမအကြိမ်အဖြစ် ၂၀၂၀  ပြည့်နှစ်က   ထုတ်ဝေဖြန့်ချိခဲ့ပါ သည်။ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနသည် အပြည့်စုံဆုံး၊ အကောင်းဆုံးဖြစ်အောင် အစဉ်ကြိုးပမ်း  ဆောင်ရွက်လျက်ရှိသည့်အတွက် ယခု ဗိုလ်ချုပ်အောင်ဆန်းစာအုပ်ကို ပြင်ဆင် ဖြည့်စွက်၍ ဒုတိယအကြိမ်အဖြစ် ထပ်မံ  ထုတ်ဝေဖြန့်ချိလိုက်ပါသည်။   အပြည့် စုံဆုံး၊  အကောင်းဆုံးဟု  မဆိုနိုင်သော် လည်း ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်း နှင့်ပတ်သက်၍ကား    အတော်အတန် ပြည့်စုံသော     စာအုပ်ဖြစ်ပြီဟူ၍ကား ဆိုနိုင်ပါသည်။    သို့ပါ၍   ဤစာအုပ်ကို ဖတ်ရှုပြီး   စာဖတ်သူ  ရဟန်းရှင်လူတို့ အား လည်းကောင်း၊ ပြည်တွင်း ပြည်ပ ပညာရှင်  သုတေသီအပေါင်း   ဝေဖန် ဆန်းစစ်ကြပါဟု    ပြောလိုပါသည်။ မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင် သမိုင်းပညာ ရှင်ကြီးများ   ရေးသားပြုစုပြီး   စာအုပ် ဖြစ်မြောက်ရေးအတွက်      သမိုင်း သုတေသနဌာနမှ အရာထမ်း၊ အမှုထမ်း များ၏ ကြိုးပမ်းမှုတစ်ရပ်ဟု မှတ်ယူရပါ သည်။ ထိုမျှမက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို လေ့လာသုတေသန ပြုစုသူများ  မလွဲမသွေ  ဖတ်မှတ်ရမည့် စာအုပ်တစ်အုပ်ဖြစ်ပါကြောင်း  တင်ပြ လိုက်ပါသည်။

စာအုပ်ကို    သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ ဖုန်း-၀၆၇- ၄၀၈၃၈၄၊    အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊  ကုမုဒြာကြာပန်းအဝိုင်း အနီး၊ ဖုန်း ၀၆၇-၄၁၈၄၂၆ နှင့် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမျိုးသားပြတိုက်ရှိ သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ ဖုန်း-၀၁-၃၉၅၁၉၀၊ ၃၉၅၁၉၂ တို့တွင်     တန်ဖိုးငွေကျပ် ၁ဝဝဝဝ ဖြင့် ဖြန့်ချိလိုက်သည်။              

 သတင်းစဉ်