မလေးရှားနိုင်ငံက နိုင်ငံအတွင်းနှင့် ပြည်ပခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို အောက်တိုဘာ ၁၁ ရက်တွင် ဖြေလျှော့ပေးခဲ့

ကွာလာလမ်ပူ   အောက်တိုဘာ   ၁၁

မလေးရှားနိုင်ငံသည်   နိုင်ငံအတွင်းရှိ   အရွယ် ရောက်ပြီးသူ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ဖြစ်သောကြောင့် နိုင်ငံအတွင်းနှင့် ပြည်ပခရီးသွားလာ ခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို အောက်တိုဘာ ၁၁ ရက်တွင် ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။


မလေးရှားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက် မှုများ မြင့်တက်လာသည့်အတွက် အဆိုပါခရီးသွား  လာခွင့်ဆိုင်ရာကန့်သတ်ချက်များကို ဇန်နဝါရီလ အတွင်းက  ချမှတ်ခဲ့ခြင်းဖြစ်သည်။   လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ များသည် နိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံများသို့ ခရီး သွားလာနိုင်ပြီဖြစ်ကြောင်း  မလေးရှားဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့က ပြောကြားသည်။

ထို့ကြောင့် ကာကွယ်ဆေးထိုးနှံပြီးသူများသည် လည်း မိသားစုများနှင့် မိတ်ဆွေများရှိရာ အခြား ပြည်နယ်များသို့ ခရီးသွားလာမှုစတင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ပြည်နယ်နယ်စပ်ဒေသများကို လည်း ကိုဗစ်-၁၉ ရောဂါ နောက်တစ်ကြိမ်မြင့်တက် လာသည့်အချိန်အထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့ က ပြောကြားသည်။


မလေးရှားနိုင်ငံသည် နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့ကျလာသည့်အတွက်   ကိုဗစ်-၁၉ ရောဂါဆိုင်ရာကန့်သတ်ချက်များကို ဖြေလျှော့ပေး ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၆၇၀၀ ရှိကြောင်း သိရသည်။


ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်