
ဂျကာတာ အောက်တိုဘာ ၁၁
အင်ဒိုနီးရှားအစိုးရသည် နိုင်ငံတကာခရီးသည်များ အတွက် ကန့်သတ်စောင့်ကြည့်ကာလကို ရောဂါအစပျိုး ပြောင်းလဲမှုအဆင့်အရ ရှစ်ရက်မှ ငါးရက်အထိ လျှော့ချ လိုက်ကြောင်း ပင်လယ်ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု ရေးရာ ညှိနှိုင်းရေးဝန်ကြီး လူဟတ်ဘင်ဆာပန်ဂျိုင်တန် က ပြောသည်။
လေးရက်မြောက်နေ့တွင် ပီစီအာရ် အဖြေသည် ကိုရိုနာဗိုင်းရပ်စ်မရှိကြောင်း ပြသခဲ့မည်ဆိုပါက ငါးရက် မြောက်နေ့တွင် ကန့်သတ်စောင့်ကြည့်မှုကို ရုပ်သိမ်း ဖယ်ရှားပေးမည်ဖြစ်ကြောင်း ပန်ဂျိုင်တန်က ဗာကျူရယ် နည်းပညာသုံး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးထားသည့် ခရီးသည်များနှင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ငါးရာခိုင်နှုန်းထက် လျော့နည်းကျဆင်း သည့် နိုင်ငံများမှ ခရီးသည်များအတွက် ဘာလီသို့ပျံသန်း သည့် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများကို အောက်တိုဘာ ၁၄ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်သည်။
အစိုးရ၏သတင်းထုတ်ပြန်ချက်အရ ခရီးသည်များ သည် ခရီးထွက်ခွာခြင်းမပြုမီ ကိုဗစ်-၁၉ ကင်းစင်ကြောင်း စမ်းသပ်စစ်ဆေးမှုကို သုံးရက်အတွင်းပြုလုပ်ရမည်ဖြစ် ကြောင်း သိရသည်။ ထို့အပြင် ကျန်းမာရေးအာမခံအတွက် အမေရိကန်ဒေါ်လာ အနည်းဆုံး ၁၀၀၀၀၀ ရှိရမည်ဖြစ် သကဲ့သို့ အင်ဒိုနီးရှား၌ရှိနေစဉ် နေထိုင်မှုအတွက် ကြိုတင်စာရင်းသွင်းထားသည့် အထောက်အထားလည်း ရှိရမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျွန်းစုနိုင်ငံအတွင်း၌ ရှိနေ သည့် ခရီးသည်များ၏အခြေအနေကို ခြေရာခံ အက်ပလီ ကေးရှင်းများနှင့် စောင့်ကြည့်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အစိုးရကိုကူညီဒီဇိုင်း ရေးဆွဲထားသည့် PeduliLindungi အက်ပလီကေးရှင်း ဖြင့်လည်း စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။
ဆင်ဟွာ