
နေပြည်တော် အောက်တိုဘာ ၁၁
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၁၁ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီခြောက်ခု မှ Vitamin K2 D3 Capsules ၅၀၀၁ ၊ U4 tablet ၅၁၅၂ ခု၊ Vitamin C 500MG ၁၀၁၁၆ ခု၊Zamatib Tablet ၁၃၁၃၅ ခု၊ Vita DHA(Multivitamin & Omega 3)Tablet ၁၀၈၀၃ ခု၊ Azinam 500 Tablet ၉၈၉၂ ခု၊ ရန်ကုန် ဆိပ်ကမ်းများမှ နှာခေါင်းစည်း ၈၉၈၀၀၀ ၊ Regulator ၁၀၀၀၊ ဆေးဝါးမျိုးစုံ ၂၅ မျိုး (၁၁၄၆၁၁.၃၈)Kg ၊ နယ်စပ် (မြဝတီ၊ ချင်းရွှေဟော်)တွင် ကုမ္ပဏီသုံးခုတို့မှ Chlor - phenamine Maleate Injection ၈၈၇၅ Kg ၊ Syringe ၄၇၆၉၂ ခု၊ Infusion ၂၀၀၀ ၊ Vitamin B6 Injection ၂၈၉၈ Kg ၊ Glucose Injection ၈၆၆၄၉ Kg ၊ နှာခေါင်း စည်း ၄၈၅၈၀ Kg ၊ Liquid Oxygen ၁၅၃၃၁ m3 တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်