
ဆိပ်ဖြူမြို့နယ်အတွင်း အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်-
ဦးမြင့်ဦး
ဆိပ်ဖြူမြို့နယ် ပညာရေးမှူး
မေး။ ဆိပ်ဖြူမြို့နယ်အနေနဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား
ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ ပညာရေး ဌာနအနေနဲ့ ကြိုတင်ပြင်ဆင်ထားမှုအခြေအနေတွေကို သိပါရစေ။
ဖြေ။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ လမ်းညွှန်ကတည်းက တိုင်း
ဒေသကြီးအစိုးရက ၁-၁၀-၂၀၂၁ ရက်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာနနဲ့ လူ/ကယ်/ပြန် ဌာနတို့ကိုခေါ်ပြီး အစည်းအဝေးလုပ်တယ်။ အစည်းအဝေးလုပ်တော့ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရမယ်လို့ လမ်းညွှန်ကတည်းကစပြီး ကျွန်တော်တို့ က မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ အခြေခံပညာအလယ်တန်း ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အခြေခံပညာအထက် တန်းကျောင်း အဲဒီကျောင်းတွေမှာရှိတဲ့ အလယ်တန်းကျောင်း Grade-6 ပေါ့၊ အလယ်တန်းအဆင့်ကနေပြီးတော့ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူတွေရဲ့စာရင်းကို မွေးသက္ကရာဇ်နှင့်တကွ အဖေ၊ အမေရဲ့နာမည်နဲ့ နောက်ပြီး သူ့ရဲ့ဖုန်းနံပါတ်၊ ဆက်သွယ်ရန် နေရပ်လိပ်စာတွေကို တောင်းပြီးတော့မှ ကျွန်တော်တို့က အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူတွေကို ရွေးထုတ်လိုက်ပါတယ်။ များသောအားဖြင့် Grade-6 မှာတော့ အသက် ၁၂ နှစ် မပြည့်တဲ့ ကျောင်းသား ကျောင်းသူက အနည်းငယ်ရှိတာပေါ့။ ကျန်တဲ့ Grade-7 ကစပြီးတော့ အထက်တန်း ကျောင်းသား ကျောင်းသူတွေက ၁၂ နှစ် ပြည့်တာ များပါတယ်။ အဲဒီလိုတောင်းပြီးတော့ စာရင်းများပြုစုထား တာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံရင် အဆင်သင့်ဖြစ်အောင်လို့ပေါ့။
မေး။ ကျွန်တော်တို့ ဆိပ်ဖြူမြို့နယ်အနေနဲ့ အသက် ၁၂ အထက်
ကျောင်းသား ကျောင်းသူ ဦးရေကိုလည်း သိပါရစေ။
ဖြေ။ ကျွန်တော်တို့ အဲဒီလို စာရင်းတွေခေါ်ပြီးတော့ ပြုစုလိုက်တဲ့အခါ
မှာ စုစုပေါင်း ၃၄၂၆ ဦး ရှိပါတယ်။ အသက် ၁၂ နှစ်အထက်ပေါ့။
မေး။ ကျွန်တော်တို့ ဆိပ်ဖြူမြို့နယ်အနေနဲ့ ကာကွယ်ဆေးထိုးနှံပေး
သွားမယ့် နေရာတွေကိုလည်း ထပ်မံသိပါရစေ။
ဖြေ။ ကျွန်တော်တို့ ကာကွယ်ဆေးထိုးပေးမယ့်ဇုန်တွေကို ငါးခု
သတ်မှတ်ထားပါတယ်။ ငါးခု သတ်မှတ်ထားတဲ့အခါမှာ အထက-ဆိပ်ဖြူ၊ အထက-ကဇွန်းမ၊ အထက-အောက်ဆိပ်၊ အထက-လက်ဆည်၊ အထက- အင်းဂံ ဆိုပြီးတော့ သတ်မှတ်ထားပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အထက-ထိန်ကန်တို့ဆိုတာက အားလုံးနဲ့ ဝေးနေတော့ အထက-အောက်ဆိပ်တို့က လူဦးရေနည်းတဲ့အတွက် အထက-အောက်ဆိပ်ပြီးတဲ့အခါ အထက-ထိန်ကန်တို့ကို ကူးပြောင်း ပြီးတော့ Mobile လုပ်ပြီးတော့ ထိုးပေးမယ်လို့ ရည်ရွယ်ထားပါတယ် ခင်ဗျ။ အဓိက ကတော့ ဇုန်ငါးခုအနေနဲ့ ဆေးထိုးပေးဖို့ရာ သတ်မှတ် ထားပါတယ်။
မေး။ ဆရာကြီးအနေနဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား
ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံတာနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောပေးချင်တာရှိရင် ထပ်မံပြောကြားပေးစေလိုပါတယ်။
ဖြေ။ နိုင်ငံတော်ကနေပြီးတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို
ကျောင်းသား ကျောင်းသူတွေကို ထိုးပေးပါလို့ လမ်းညွှန်လာ တယ်။ လမ်းညွှန်လာတဲ့အခါမှာ ပညာသင်နှစ် အခွင့်အလမ်း တစ်နှစ် မဆုံးရှုံးရအောင် ဗီနိုင်းတွေထဲမှာ ပါတဲ့အတိုင်းပဲဖြစ်ပါတယ်။ ကလေး တွေအတွက် ရည်ရွယ်ချက်ကတော့ ပညာသင်နှစ် တစ်နှစ် နောက်ကျမှာ ကြောက်တယ်။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ရဲ့တာဝန်၊ နိုင်ငံတော်ရဲ့ တာဝန်တွေကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမယ့် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေ နိုင်ငံ့ရတနာလေးတွေဟာ ပညာသင်ခွင့် မဆုံးရှုံးဘဲနဲ့ ကျန်းကျန်းမာမာနဲ့ လုံခြုံစိတ်ချပြီးတော့ ပတ်ဝန်းကျင် ကောင်းမှာ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ပြီးတော့ ဉာဏ်ရည် ထက်မြက်တဲ့၊ ကျန်းမာတဲ့၊ ပျော်ရွှင်တဲ့ ကလေးတွေဖြစ်ဖို့ ရည်ရွယ်ပါ တယ်။ ကျောင်းသား ကျောင်းသူတွေလည်း ကာကွယ်ဆေးထိုးပြီးတော့ အမြန်ဆုံး ကျောင်းတက်နိုင်ကြဖို့ ရည်ရွယ်ပါတယ်။ အဲဒီလို ရည်ရွယ် တဲ့အတွက် မိဘရော၊ ကလေးရော စိတ်ပါလက်ပါနဲ့ ကာကွယ်ဆေး ထိုးကြဖို့ အကြံပြုတိုက်တွန်းပါတယ်။
ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ဆရာ။
တွေ့ဆုံမေးမြန်း- မျိုးမြင့်အောင်၊ ဓာတ်ပုံ- အေးအေးစိုး