
ရန်ကုန် အောက်တိုဘာ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မူပိုင်ခွင့် နှင့် မှတ်ပုံတင်ဌာနခွဲနှင့် ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ပညာ့အလင်းခေတ်မီစာကြည့် တိုက်များကို သွားရောက်စစ်ဆေး၍ သတင်းမီဒီယာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ သတင်းအချက်အလက် မှန်ကန်စွာရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဗဟန်း မြို့နယ် ဝင်္ကပါလမ်းရှိ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ယနေ့အချိန်အခါ တွင် နိုင်ငံတော်ကို ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည် ချက်(၉)ရပ်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မသမာသူ အဖျက် သမားအချို့က နည်းလမ်းအမျိုးမျိုးဖြင့် နှောင့်ယှက် ဟန့်တား ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ အထူး သဖြင့် သတင်းမီဒီယာအချို့က မီဒီယာပလက်ဖောင်း အမျိုးမျိုးကိုအသုံးပြု၍ သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်ကာ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပုံနှိပ်လုပ်ငန်းများ၊ ထုတ်ဝေခြင်းလုပ်ငန်း များကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအတိုင်း ခွင့်ပြုပေးလျက်ရှိပါကြောင်း။
ထိုနည်းတူ သတင်းမီဒီယာလုပ်ငန်းများကိုလည်း သတင်းမီဒီယာ ဥပဒေနှင့်အညီ ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ တစ်ဖက် ကလည်း ကျင့်ဝတ်သိက္ခာစောင့်ထိန်းရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေးရန်လည်း လိုအပ်မည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များ အပေါ် အပြုသဘောရှုမြင် ရေးသားထုတ်လွှင့်မှုများကို ကြိုဆိုရမည်ဖြစ်သော်လည်း အဖျက်သဘော သက်သက်ဖြင့် သတင်းမှားများ၊ သတင်းအတုများ ကို တမင်ဖန်တီးထုတ်လွှင့်မှုများကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ ဖော်ထုတ်တားဆီးကြရမည်ဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သတင်းတု၊ သတင်းမှားများ မဖြစ်ပေါ်စေရေးအတွက် ဖော်ထုတ် တားဆီးပေးကြပါရန်နှင့် ပြည်သူများ သတင်းအချက် အလက် မှန်ကန်စွာရရှိစေရေး နည်းလမ်းပေါင်းစုံ ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် ဆွေးနွေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ပညာ့ အလင်းခေတ်မီစာကြည့်တိုက်၏ စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထ များ ဖြစ်ပေါ်လာရေးနှင့် မှန်ကန်သည့် သတင်း အချက်အလက်များကို စာကြည့်တိုက်များမှတစ်ဆင့် ဖြန့်ဝေပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း။
ဦးစားပေးထားရှိ
စာကြည့်တိုက်တိုင်းတွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစသည့် စာနယ်ဇင်းများကို ပြည်သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် စုံလင်အောင် ထားရှိပေးရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်များတွင် ကျောင်းသားလူငယ်များ ဖတ်ရှုလေ့လာလိုသည့် စာအုပ်စာစောင်များကို ထားရှိပေးကြစေလိုကြောင်း၊ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြုသည့် စာအုပ်စာစောင်များ၊ လူငယ်များ စိတ်ဓာတ်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူပြုသည့် စာအုပ်စာစောင် များကို ဦးစားပေး ထားရှိပေးစေလိုကြောင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ခေတ်နှင့် အညီ မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်သဖြင့် Digital Library Service ပြောင်းလဲဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ထားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်