
နမ္မတူ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည် ခန်းမ၌ ယနေ့နံနက်ပိုင်းက စတင်ကာ အသက် ၄၅ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် နမ္မတူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံလို သည့် စာရင်းပေးသွင်းထားသူ များထဲမှ အသက် ၄၅ နှစ်နှင့် အထက် ဒေသခံပြည်သူများအား ထိုးနှံပေးခြင်းဖြစ်ပြီး၊ ယခုအသုတ် တွင် ကာကွယ်ဆေး အလုံး ၄၀ ရရှိပြီး ကာကွယ်ဆေး တစ်လုံးလျှင် ငါးဦးနှုန်းဖြင့် အသက် ၄၅ နှစ်နှင့်အထက် ဒေသခံပြည်သူ ၂၀၀ အား ကာကွယ်ဆေး ထိုးနှံ ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံမှ တာဝန်ရှိသူတစ်ဦး ထံက သိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေမှု အခြေအနေကို ဗိုလ်မှူးကြီး ကျော်ဇေဝင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်း မင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင်နှင့် တာဝန်ရှိ သူများက ကြည့်ရှုစစ်ဆေးကာ ကာကွယ်ဆေး ထိုးနှံလျက်ရှိသည့် ဒေသခံပြည်သူများအား အားပေး စကားပြောကြားခဲ့ပြီး လိုအပ် သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အနေဖြင့် ဦးစားပေးအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ ထိုးနှံပေးလျက်ရှိရာ မြို့နယ် အတွင်းရှိ ဒေသခံပြည်သူ ၃၄၀၆ ဦးအား ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခဲ့ပြီး ယခုအခါ အသက် ၄၅ နှစ်နှင့်အထက် ဒေသခံ ပြည်သူ ၂၀၀ အား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးပြီးပြီ ဖြစ်သဖြင့် စုစုပေါင်း ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၄၃၅ ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)