
ထန်းတပင် အောက်တိုဘာ ၁၀
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်း လေးကျောင်းတို့မှ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူ ၈၃၂၉ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ထန်းတပင်မြို့နယ်အတွင်း အခြေခံ ပညာအထက်တန်းကျောင်း ရှစ်ကျောင်း၊ အ.ထ.က(ခွဲ) ၁၁ကျောင်း၊ အ.လ.က ခြောက်ကျောင်း၊ အ.လ.က(ခွဲ) ရှစ်ကျောင်းနှင့် မူလွန် ၁၅ ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း ၄၈ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း လေးကျောင်းတို့မှ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူ ၈၃၂၉ ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ရာ ကာကွယ်ဆေးရရှိချိန်တွင် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ ကိုးဖွဲ့ကို ဖွဲ့စည်းထားရှိပြီးဖြစ်သလို စုရပ် ၂၈ နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်သည်။
ဇင်မင်းထိုက်(ထန်းတပင်)