လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော် အောက်တိုဘာ  ၁၀


မကွေးတိုင်း   ဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် မူးယစ် ဆေးဝါးများ   ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များတွင်      စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့်  လုံခြုံရေး တပ်ဖွဲ့ဝင်များအား   ဂုဏ်ပြုချီးမြှင့် ခြင်းကို     ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ရှိ   နယ်မြေခံ  တပ်နယ် ခန်းမ၌   ပြုလုပ်ရာ  မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်း   စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်ကိုကိုဦးနှင့် ဌာနဆိုင်ရာ   တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ     တက်ရောက်ကြသည်။


ဦးစွာ   တိုင်းဒေသကြီးဝန်ကြီး ချုပ်က   ဂုဏ်ပြုအမှာစကားပြော ကြားသည်။ ထို့နောက် ဝန်ကြီး ချုပ်နှင့်  တိုင်းမှူးတို့က လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံ   ဆောင်ရွက်ခဲ့ကြ သည့်   လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  ဖော်ထုတ်ဖမ်းဆီး ရမိသည့်  လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊      မူးယစ် ဆေးဝါးများအား   ကြည့်ရှုခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်