တိုင်းဒေသကြီးများရှိ ဆေးရုံကြီးများ၌ အောက်ဆီဂျင်စက် တပ်ဆင်နေမှုအခြေအနေများ ကြည့်ရှု

 

နေပြည်တော်   အောက်တိုဘာ   ၁၀


ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး   တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။


ညှိနှိုင်းဆောင်ရွက်


ထိုသို့ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့ တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀)သို့ ပုသိမ်စက်မှု ဇုန်ရှိ Ayeyarwady Development Public Group မှ လှူဒါန်းသော အောက်ဆီဂျင်ထုတ်လုပ်သည့်စက် ရောက်ရှိတပ်ဆင်နေမှုကိုလည်းကောင်း၊ မကွေးတိုင်း ဒေသကြီး မကွေးမြို့  နယ်မြေခံတပ်မတော်ဆေးရုံ၌ စတင်လည်ပတ်နေသည့်   Oxygen   Plant   စက်ရုံကို လည်းကောင်း  သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက   သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။        

  
သတင်းစဉ်