ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

 

နေပြည်တော်   အောက်တိုဘာ   ၉


နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၁၄၆ ဒသမ ၂၀၅ သန်းဖြင့်      ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း  ကတ္တရာလမ်း ၄ မိုင်၊ ကျောက် ချောလမ်း ၈ မိုင်၊  အမာခံ ဗြုန်းကျောက်ခင်းခြင်း ၂၀ မိုင် ၆ ဖာလုံ၊   မြေသားလမ်း ၈ မိုင် ၄ ဖာလုံ၊ ၁၅ ပေ သံကူကွန်ကရစ်တံတားတစ်စင်း၊ Box Culvert ငါးစင်း၊ (၁၂၀ x  ၃၀ x ၂၆) ပေ စာသင်ကျောင်းဆောင် တစ်ဆောင်၊  ဆိုလာမီးတပ်ဆင်ခြင်း ၄၁ စုံတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ရာ  ယခုအခါ လုပ်ငန်းအားလုံး  ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


အဆိုပါလုပ်ငန်းများ    ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့်  ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ  ဒေသခံ တိုင်းရင်းသားပြည်သူများအတွက်      လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊  လူမှုစီးပွားဘဝ  တိုးတက်ရေးအတွက် များစွာ  အကျိုးပြုလျက်ရှိကြောင်း သိရသည်။                        

သတင်းစဉ်