ညောင်ဦးခရိုင်အတွင်းရှိ လက်ပံခြေပေါ်မြစ်ရေတင် Solar Pilot စီမံကိန်းအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၉


မန္တလေးတိုင်းဒေသကြီး ညောင်ဦး ခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေး နှင့်       ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဌာန (ရေအရင်းအမြစ်) မှ  တာဝန်ယူဆောင်ရွက်လျက်ရှိသော လက်ပံခြေပေါ်မြစ်ရေတင်  Solar Pilot စီမံကိန်းအား ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ်   ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း    စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်  ကိုကိုဦးနှင့် တာဝန်ရှိသူများက   သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ လက်ပံခြေပေါ်မြစ်ရေတင်   Solar Pilot   စီမံကိန်းမှ  တာဝန်ရှိသူတစ်ဦးက     စီမံကိန်း ဆောင်ရွက်နေမှုအခြေအနေများ အား  ရှင်းလင်းတင်ပြရာ  တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ   ညှိနှိုင်းဆောင်ရွက်ပေးသည်။   ထို့နောက်   တိုင်းဒေသကြီး      ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်    တာဝန်ရှိသူများက စီမံကိန်း  ဆောင်ရွက်နေမှုအခြေ အနေများကို   လိုက်လံကြည့်ရှု စစ်ဆေးကြသည်။


လက်ပံခြေပေါ်မြစ်ရေတင် စီမံကိန်းသည် ၁၉၉၅ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး   ညောင်ဦးခရိုင်အတွင်းရှိ စိုက်ပျိုးဧက ၁၀၀၀ ကျော်ကို အကျိုးဖြစ်ထွန်းစေလျက်ရှိပြီး    ယခုတည်ဆောက်လျက်ရှိသည့် လက်ပံခြေပေါ်မြစ်ရေတင် Solar Pilot စီမံကိန်းပြီးဆုံးပါက မြစ်ရေတင်    စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အား     သုံးစွဲမှုကို လျှော့ချနိုင်မည်     ဖြစ်ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်