
နေပြည်တော် အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများ ကို ယနေ့ မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာ ရေး တိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်သည်။
ထို့ပြင် အဆိုပါဆေးရုံသို့ Ayeyarwady Aid Association ပရဟိတအဖွဲ့မှ အောက်ဆီဂျင်အိုး ငါးလုံးနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းရာ ဆေးရုံမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက် ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံ အတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်