
နေပြည်တော် အောက်တိုဘာ ၈
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာန သည် ကိုဗစ်-၁၉ ကာလအတွင်း အများပြည်သူများ စိတ်အပန်း ပြေစေရန်နှင့် ကျန်းမာရေးဗဟု သုတများ ရရှိနိုင်စေရန်ရည်ရွယ်၍ “ရွှေမြန်မာအငြိမ့်” အစီအစဉ်ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့် ပြသနိုင်ရန် ဆောင်ရွက်ခဲ့သည်။
“ရွှေမြန်မာအငြိမ့်” အစီအစဉ် တွင် ရှေ့ထွက်မင်းသမီး မာလာ မြင့်အောင်၊ ခေါင်းဆောင်မင်းသမီး ဇာနည်အောင်၊ လူရွှင်တော် အာဗြဲ၊ ရောင်နီ၊ ဝမ်းတူး၊ လမုန့်တို့ပါဝင် ကြပြီး တေးသီချင်းများကို စာရေး ဆရာ ချစ်စုအောင်၊ ရွာစား အောင်ဝမ်းတူးတို့က ရေးဖွဲ့သီကုံး ပေးကြပြီး အနုပညာဦးစီးဌာန မြန်မာ့ဆိုင်းပညာရှင် ရွာစား နိုင်လင်းဗိုလ်နှင့် အဖွဲ့တို့က မြန်မာ့ ဂီတရသများကို ပြည့်ဝစွာ ပံ့ပိုး ဖြည့်ဆည်းပေးသွားပါမည်။
“ရွှေမြန်မာအငြိမ့်”အဖွဲ့အစီ အစဉ်ကို အောက်တိုဘာ ၁၆ ရက် ည ၉ နာရီတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်