တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

 

နေပြည်တော် အောက်တိုဘာ   ၈


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို    တိုင်းဒေသကြီးနှင့်  ပြည်နယ်       အသီးသီးတို့၌  တပ်မတော်မှ   ဆေးအဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ  ဆရာဝန် များ၊   သူနာပြုများ၊    ကျန်းမာရေး ဝန်ထမ်းများနှင့်   စေတနာ့ဝန်ထမ်း များက      ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို     အင်တိုက် အားတိုက်  ဆောင်ရွက်ပေးလျက် ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊      သာသနာ့ နွယ်ဝင်သီလရှင်များ၊  ဘာသာရေး ခေါင်းဆောင်များ    အပါအဝင် လူမျိုးမရွေး၊     ဘာသာမရွေး အသက်(၅၅)နှစ်    အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊   အကျဉ်းသူများ၊   မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည် ရောဂါအခံရှိသူ များ၊    ကယ်ဆယ်ရေးစခန်းများနှင့် ယာယီတိုက်ပွဲရှောင်     စခန်းများ အတွင်းရှိ   ပြည်သူများ စသည့်  ဦးတည်အုပ်စု  ၁၆စုသတ်မှတ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး များကို      နေ့စဉ်ထိုးနှံပေးလျက်ရှိ သည်။   ယနေ့တွင်လည်း    ရှမ်း ပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ ၌ ၄၇၁ ဦး၊     ရှမ်းပြည်နယ် (အရှေ့ပိုင်း)  အတွင်းရှိ    မြို့နယ်   ရှစ်မြို့နယ်တို့၌   ၅၅၃၀၊   မွန် ပြည်နယ်နှင့်     ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၃မြို့နယ်တို့၌ ၂၂၇၆၃ ဦး၊  တနင်္သာရီတိုင်းဒေသ ကြီး   ကလိန်အောင်မြို့နယ်နှင့် မြိတ်မြို့နယ်တို့၌   ၁၈၅၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီး   ရန်ကင်း မြို့နယ်၊       မြောက်ဥက္ကလာပ မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့၌ ၂၅၀၀ ၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ     မြို့နယ်  ၁၃မြို့နယ်တို့၌ ၂၃၁၀၈ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ      မြို့နယ် ခုနစ်မြို့နယ်တို့၌ ၃၆၂၀ ၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ    ခရိုင် ခုနစ်ခရိုင်အတွင်း၌ ၄၈၉၀၃ ဦး၊  ပဲခူးတိုင်းဒေသကြီး  အုတ်တွင်း မြို့နယ်၊       မိုးညိုမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့၌ ၁၆၂၅ ဦး တို့ကို တပ်မတော်ဆေးအဖွဲ့များက  ပြည်သူ့ဆေးရုံများမှ    ဆရာဝန် များ၊  သက်ဆိုင်ရာ  ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်  ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံပေး ခြင်းများ     ဆောင်ရွက်ပေးနိုင်ခဲ့ သည်။


ယင်းသို့  ဆောင်ရွက်ပေးနေမှု များကို  သက်ဆိုင်ရာမှ    တာဝန်ရှိ သူများက       သွားရောက်ကြည့်ရှု အားပေးပြီး   လိုအပ်သည်များ   ညှိနှိုင်း   ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။     


သတင်းစဉ်