အိန္ဒိယနိုင်ငံသည် အာဆီယံအတွက်သာမက မြန်မာနိုင်ငံအတွက်လည်း အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်

 

နေပြည်တော် အောက်တိုဘာ ၈


စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာပွင့်ဆန်းသည် ယနေ့  နံနက် ၁၁  နာရီခွဲတွင်    ဗီဒီယိုကွန်ဖရင့်ဖြင့်   ကျင်းပသည့် Indo-ASEAN Business Summit & Expo သို့  တက်ရောက်အမှာစကားပြောကြားသည်။


အခမ်းအနားတွင်     ပြည် ထောင်စုဝန်ကြီးက အာဆီယံနှင့်   အိန္ဒိယနိုင်ငံတို့အကြား   စီးပွားရေး နှင့်       ကုန်သွယ်မှုများတွင်      ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်မှာ    အချိန် ကာလအားဖြင့်  ကြာမြင့်ခဲ့ပြီဖြစ် ပါကြောင်း၊ အာဆီယံနှင့်  အိန္ဒိယ တို့သည်  စီးပွားရေး၊ ယဉ်ကျေးမှု၊ ကုန်သွယ်မှုတွင်လည်း     အလွန် နက်ရှိုင်းသည့်     ဆက်ဆံရေးရှိပါ ကြောင်း၊    အိန္ဒိယနိုင်ငံသည် အာဆီယံအတွက်သာမက မြန်မာ နိုင်ငံအတွက်လည်း     အကြီးဆုံး ကုန်သွယ်ဖက်       နိုင်ငံဖြစ်ပါ ကြောင်း၊    အာဆီယံ- အိန္ဒိယ   စီးပွားရေးပူးပေါင်း  ဆောင်ရွက်မှု မှတစ်ဆင့်  ဒေသတွင်းရှိ   ပြည်သူ များအတွက်   အခွင့်အလမ်းများနှင့်   အောင်မြင်မှုများကို    ယူဆောင် လာနိုင်မည်ဟု     မိမိအနေဖြင့်  ယုံကြည်ပါကြောင်း၊  အာဆီယံ-အိန္ဒိယ FTA အောက်မှ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာ အကူအညီ၊ သင်တန်း/ ဆွေးနွေးပွဲ များတွင်     ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်      ဒေသတွင်း        နိုင်ငံများနှင့် သာမက အခြားနိုင်ငံများနှင့်လည်း  ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း။


မြန်မာနိုင်ငံအနေဖြင့်  ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး   လုပ်ငန်းများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို  ဖွဲ့စည်း   ဆောင်ရွက်လျက်ရှိရာ  ဒေသတွင်း        စီးပွားရေးဖွံ့ဖြိုး တိုးတက်လာ    စေရေးအတွက်     မိတ်ဖက်နိုင်ငံများနှင့်    လက်တွဲ ဆောင်ရွက်သွား  လိုပါကြောင်း၊  ထို့ပြင်   ကုန်သွယ်မှု    တိုးမြှင့်ရေး နှင့်     အဆင်ပြေချောမွေ့စေရေး အတွက် အရေးပါသည့် အကောက် အခွန် မဟုတ်သော  အတားအဆီး များ    ဖြေလျှော့ရေးအတွက်လည်း  ပူးပေါင်း    ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ နိုင်ငံများအကြား ပူးပေါင်းဆောင် ရွက်မှုများမှတစ်ဆင့် ကိုဗစ်-၁၉ ကပ်ရောဂါ        ကာလအတွင်း  ရင်ဆိုင်နေကြရသည့်   ကမ္ဘာလုံး ဆိုင်ရာ       စီးပွားရေးစိန်ခေါ်မှု များကို   ဖြေရှင်းနိုင်မည်ဖြစ်ပြီး  အေးချမ်းပြီး  ဖွံ့ဖြိုးတိုးတက်သော ဒေသအဖြစ်  ဖန်တီးသွားနိုင်မည် ဟု ယုံကြည်ပါကြောင်း  ပြောကြားသည်။


အဆိုပါ Business Summit & Expo သို့ အိန္ဒိယ သမ္မတနိုင်ငံ  ကုန်သွယ်ရေးနှင့်    စက်မှုဝန်ကြီး ဌာနဝန်ကြီး  H.E. Mr. Piyush Goyal နှင့်   အာဆီယံနိုင်ငံများမှ     ကုန်သွယ်ရေး      ဝန်ကြီးများ၊   အိန္ဒိယနိုင်ငံ Confederation of Indian Industry (CII) မှ  ဥက္ကဋ္ဌ Mr.T V Narendran ၊  ညွှန်ကြား ရေးမှူးချုပ်    Mr.Chandrajit    Banerjee နှင့်      တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်