
နိုင်ငံပိုင်စက်ရုံများ ရပ်ဆိုင်းထားရသည့်အတွက် တိုင်းပြည်အတွက် ထိခိုက်နစ်နာမှုများစွာရှိကြောင်း၊ သို့ဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားသည့် နိုင်ငံတော်ပိုင်စက်ရုံများအား ပြန်လည် လည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်းများရရှိမှု ၊ သွင်းအားစုများရရှိမှုနှင့် ဈေးကွက် ရရှိရေးအပေါ် သုံးသပ်တွက်ချက်၍ ဆောင်ရွက်သွားရမည်ဖြစ်ပြီး ထုတ်ကုန်များကိုလည်း အရည်အသွေးပြည့်မီအောင် ထုတ်လုပ်သွားရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှု များစွာရှိကြောင်း၊ သို့ဖြစ်၍ တာဝန်ရှိသူများအဆင့်ဆင့်က နိုင်ငံပိုင်ပစ္စည်းများ လူ၏ပေါ့လျော့မှုကြောင့် လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ဝန်ထမ်းအားလုံး အသိတရားရှိရှိဖြင့် စေ့စေ့စပ်စပ်သုံးစွဲနိုင်ရေး အသိပေးဆောင်ရွက်သွားကြရန်လိုကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၉-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)