နယ်စပ်ရေးရာဝန်ကြီးဌာန စက်မှုလက်မှုပညာသင်တန်းကျောင်းများ၌ သင်တန်းဆင်းပွဲများကျင်းပ

 

နေပြည်တော် အောက်တိုဘာ  ၈   


နယ်စပ်ရေးရာဝန်ကြီးဌာန  ပညာ ရေးနှင့်   လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှု လက်မှု ပညာသင်တန်းကျောင်း ထားဝယ်၊ လပွတ္တာ၊ ပုဏ္ဏားကျွန်း၊  ကျောက်ဖြူတို့တွင်  ၂၀၂၀-၂၀၂၁   ဘဏ္ဍာနှစ်       ပထမအကြိမ် သင်တန်းတွင်    ဆောက်လုပ်ရေး သင်တန်း၊       လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်းနှင့် လက်ကိုင် ဖုန်းပြင်သင်တန်းတို့၏ သင်တန်း ဆင်းပွဲကို အောက်တိုဘာ ၈ ရက် က အဆိုပါသင်တန်းကျောင်းများ ၌   ကျင်းပရာ    နယ်စပ်ဒေသ  တိုင်းရင်းသားလူငယ်များ စက်မှု လက်မှုပညာ   သင်တန်းကျောင်း (ထားဝယ်)တွင်      တနင်္သာရီတိုင်း ဒေသကြီး  ဝန်ကြီးချုပ် ဦးမြတ်ကို က   လည်းကောင်း(အောက်ယာပုံ)၊  နယ်စပ်ဒေသ      တိုင်းရင်းသား လူငယ်များ  စက်မှုလက်မှုပညာ သင်တန်းကျောင်း

(လပွတ္တာ)တွင် ခရိုင်အုပ်ချုပ်ရေးမှူး   ဦးဇော်မျိုး ညွန့်က လည်းကောင်း၊ နယ်စပ် ဒေသ   တိုင်းရင်းသားလူငယ်များ  စက်မှုလက်မှုပညာ       သင်တန်း ကျောင်း(ပုဏ္ဏားကျွန်း)တွင်  ခရိုင် အုပ်ချုပ်ရေးမှူး     ဦးစိန်မြင့်က လည်းကောင်း၊      နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှု လက်မှုပညာ  သင်တန်းကျောင်း (ကျောက်ဖြူ)တွင်   ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး   ဦးချမ်းသာက လည်းကောင်း   တက်ရောက်၍   သင်တန်းဆင်း       အမှာစကား ပြောကြားသည်။


သင်တန်း         ဆင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်     တာဝန်ရှိသူများက ထားဝယ် စက်မှုလက်မှုသင်တန်း ကျောင်းမှ  ထူးချွန်ဆုရသင်တန်း သားများကို    လည်းကောင်း၊ လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက     လပွတ္တာ စက်မှုလက်မှုသင်တန်းကျောင်းမှ ထူးချွန်ဆုရ သင်တန်းသားများ ကိုလည်းကောင်း၊   စစ်တွေခရိုင် အုပ်ချုပ်ရေးမှူးနှင့်  တာဝန်ရှိသူ များက  ပုဏ္ဏားကျွန်း   စက်မှု လက်မှု    သင်တန်းကျောင်းမှ ထူးချွန်ဆုရ   သင်တန်းသားများ ကိုလည်းကောင်း၊   ကျောက်ဖြူ ဒုတိယခရိုင်  အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက  ကျောက်ဖြူ စက်မှုလက်မှု သင်တန်းကျောင်းမှ ထူးချွန်ဆုရ   သင်တန်းသားများ ကို လည်းကောင်း ထူးချွန်ဆုများ နှင့်    သင်တန်းသားများအတွက် သင်တန်းဆင်း အောင်လက်မှတ် များကို ချီးမြှင့်ပေးအပ်သည်။


အဆိုပါ    သင်တန်းကျောင်း လေးကျောင်းတွင် ဆောက်လုပ် ရေးသင်တန်းသား  ၂၀  ၊ လျှပ်စစ် သင်တန်းသား   ၅၀   ၊ ဂဟေ သင်တန်းသား ၄၀  ၊  မော်တော် ယာဉ် စက်ပြင်သင်တန်းသား ၅၀ နှင့်   လက်ကိုင်ဖုန်းပြင်သင်တန်း သား ၂၀   စုစုပေါင်း  ၁၈၀   ဖြင့်  သင်တန်းကာလ ခြောက်လကြာ  လက်တွေ့ခန်းသုံး  ပစ္စည်းများနှင့်   သင်ထောက်ကူပစ္စည်းများ  ပြည့်စုံ စွာ   ထောက်ပံ့ပေးပြီး   နေထိုင်၊ စားသောက်ရေးအခမဲ့ဖြင့် ကိုဗစ်-၁၉    စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်သင်ကြားခဲ့သည်။


နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ  စက်မှုလက်မှုပညာ သင်တန်းကျောင်း   ကိုးကျောင်း တို့မှ    ယနေ့အထိ  စက်ပြင် သင်တန်းတွင်  ၂၀၈၉ ဦး၊ ဆောက် လုပ်ရေး   သင်တန်းတွင်  ၇၉၂ ဦး၊ လျှပ်စစ်သင်တန်းတွင် ၁၀၄၆ ဦး၊ ဂဟေသင်တန်းတွင်  ၉၈၈ ဦး၊ မော်တော်ယာဉ်       စက်ပြင် သင်တန်းတွင်    ၅၉၅  ဦးနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတွင်  ၁၇၄     ဦး     စုစုပေါင်း   ၅၆၈၄ ဦး   သင်တန်းဆင်းပေးနိုင်ခဲ့ပြီး  အလုပ်အကိုင်ရရှိသူ   ၃၆၁၁  ဦး ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၆၃ ဒသမ ၅၃ ရာခိုင်နှုန်း အလုပ် အကိုင်အခွင့်အလမ်း   ဖန်တီး ပေးနိုင်ခဲ့ကြောင်း    သတင်းရရှိ သည်။        
             

သတင်းစဉ်