
ဗျူနိုအေးရိစ် အောက်တိုဘာ ၇
အာဂျင်တီးနားနိုင်ငံက တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို အသက် ၃ နှစ်မှ ၁၁ နှစ်ကြားအရွယ်ကလေးငယ်များအား ထိုးနှံပေးရန် အတည်ပြုကြောင်း သိရသည်။
အာဂျင်တီးနားကျန်းမာရေးဝန်ကြီး ကာလာ ဗစ်ဇိုတီက အဆိုပါဆေးအား ကလေးငယ်များအား ထိုးနှံပေးရန် အတည်ပြုကြောင်း လွန်ခဲ့သော ရက်သတ္တပတ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံတစ်ဝန်း၌ အဆိုပါအသက်အရွယ် အပိုင်းအခြားရှိ ကလေးငယ်ဦးရေ ခြောက်သန်းနီးပါး ရှိသည်။
အဆိုပါကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးမှုကို ယခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက် ရန် စီစဉ်ထားကြောင်း အာဂျင်တီးနားကျန်းမာရေး ဝန်ကြီး ကာလာ ဗစ်ဇိုတီက ပြောသည်။
ယင်းသို့ ကလေးငယ်များ ကာကွယ်ဆေးထိုးနှံ မှုခံယူပြီးပါက စာသင်ကျောင်းများပြန်လည်ဖွင့်လှစ် နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း ပညာရေးဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။
လက်ရှိတွင် အာဂျင်တီးနားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ငါးသန်းကျော်ရှိပြီး အဆိုပါ ရောဂါကြောင့် သေဆုံးသူ ၁၁၅၀၀၀ ရှိကြောင်း သိရ သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်