ပုဂံခေတ်ကတည်ရှိခဲ့သော ရေလမ်းကြောင်းများ၊ မြေမျက်နှာသွင်ပြင်ရှုခင်းများကို ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေး ပူးပေါင်းဆောင်ရွက်

နေပြည်တော်  အောက်တိုဘာ  ၇


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် အတူ  ယနေ့မွန်းလွဲပိုင်းတွင်  ပုဂံကမ္ဘာ့အမွေအနှစ် ဒေသ Component III တွင်ရှိသော ယုန်လွှတ်ကျွန်းသို့ ရောက်ရှိပြီး  ပြည်ထောင်စုဝန်ကြီးက ပုဂံအစယုန် လွှတ်ကျွန်းကဖြစ်၍  ယုန်လွှတ်ကျွန်းသည်  သမိုင်း ကြောင်းတန်ဖိုးကြီးမား၍    မပျက်မယွင်းအောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တူးဖော်သုတေသန လုပ်ငန်းများကိုလည်း  ဆက်လက်ဆောင်ရွက်ရန် လိုကြောင်း တာဝန်ရှိသူများကို မှာကြားသည်။ 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အနော်ရထာမင်းကောင်းမှု စွယ်တော်လေးဆူအနက် တစ်ဆူအပါအဝင်ဖြစ်သည့် တုရင်တောင်စေတီအား  ဖူးမြော်ပြီး ဘဏ္ဍာထိန်းဂေါပကအဖွဲ့ထံ  ငွေကျပ် သိန်း ၃၀ လှူဒါန်းသည်။  ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည်   ပုဂံခေတ်က ရေအရင်းအမြစ် ဖြန့်ဝေ ပေးသည့်    မြကန်နှင့်    ပုဂံမြို့၏ရှုခင်းအလှကို တုရင်တောင်ပေါ်မှနေ၍ ကြည့်ရှုလေ့လာသည်။


ကြည့်ရှုလေ့လာစဉ်  ပြည်ထောင်စုဝန်ကြီးက တုရင်တောင်ခြေရှိ မြကန်သည် ပုဂံမြို့ ၏အထက်ပေ ၂၅၀ ခန့်တွင်တည်ရှိပြီး တုရင်တောင်မှကျသောရေ၊ အနီးပတ်ဝန်းကျင်ချောင်းများမှ စီးဆင်းသောရေများ ကို သိုလှောင်ပြီး ရေစစ်ကန်များဖြစ်သည့် အလံပုဂံ၊ အလယ်ကန်၊ မင်းနန်သူလေးထောင့်ကန်၊ ညောင်လက် ဖက်ကန်၊    ရွှေထီးကန်တို့မှတစ်ဆင့်  ကျုံးထဲသို့ ဝင်ရောက်ကြောင်း သုတေသနပြုလေ့လာ ဖော်ထုတ် ချက်များအရ သိရသဖြင့်  အဆိုပါမြကန် မှတစ်ဆင့် ရေသိုလှောင်မှုနှင့်   ရေပေးဝေမှုစနစ်အဆင့်ဆင့် ဆောင်ရွက်ခဲ့မှုကို အမျိုးသားပြတိုက် (နေပြည်တော်)၊ အမျိုးသားပြတိုက်(ရန်ကုန်)နှင့်   ပုဂံရှေးဟောင်း သုတေသနပြတိုက်တို့တွင်  သဲမြေပုံကဲ့သို့  Model ပုံများဖြင့်  ခင်းကျင်းပြသရန်လိုကြောင်း၊   မြကန်မှ တစ်ဆင့် ပုဂံမြို့သို့ ရေပေးဝေသောစနစ် ဆောင်ရွက် ထားခြင်းသည် ပုဂံခေတ်ရေအသုံးချ စီမံခန့်ခွဲမှုစနစ် ကို တွေ့မြင်နိုင်ပါကြောင်း။


ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ရေပေးဝေ သည့် ရေလမ်းကြောင်းများမှာ ပိတ်ဆို့နေပြီး  ယခင် ရေစီးကြောင်းအတွင်း     ကောင်းစွာမစီးဆင်းနိုင် တော့ဘဲ  ဘုရား၊ စေတီ၊ ပုထိုးများအနီးတွင် ရေကြီးခြင်း၊ ရေဝပ်ခြင်းစသည့်  သဘာဝဘေးအန္တရာယ်များကို ခံစားနေရသည်မှာ ယခုနှစ် မိုးရာသီက မီးမောင်းထိုး ပြသနေပါကြောင်း၊ ထို့ကြောင့် ပုဂံခေတ်က တည်ရှိခဲ့ သော ရေလမ်းကြောင်းများ၊ မြေမျက်နှာသွင်ပြင်ရှုခင်း များကို  ဖွံ့ဖြိုးရေးလုပ်ငန်းများ   ဆောင်ရွက်ခြင်း ကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေး  ဆက်စပ်ဝန်ကြီး ဌာနများ၊   ဒေသခံများနှင့်  လက်တွဲညီညီပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည်   ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်သည်နှင့်အညီ ဥပဒေ၊ စည်းမျည်း၊ စည်းကမ်းများ နှင့်အညီ   စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။                                  

  သတင်းစဉ်