တိုင်းရင်းသားပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများကို အားပေး

စက်ရုံများအနေဖြင့်  ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်လိုအပ်ပြီး အောင်မြင်မှုရရှိအောင် ဆောင်ရွက်သွားစေလို

နေပြည်တော်  အောက်တိုဘာ  ၇


နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်     ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊     ပြည်ထောင်စု ဝန်ကြီးများ၊    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍  ရန်ကုန်တိုင်း ဒေသကြီး   အင်းစိန်မြို့နယ်ရှိ  Mother Industrial Co.,Ltd. စက်ရုံသို့ သွားရောက် လေ့လာကြည့်ရှုသည်။


 ရှင်းလင်းတင်ပြ


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်   Mother Industrial Co.,Ltd. သို့ရောက်ရှိကြပြီး    စက်ရုံ အစည်းအဝေးခန်းမတွင်   စက်မှုဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက     အမှတ် (၂) အကြီးစား စက်မှုလုပ်ငန်းလက်အောက်ရှိ အုတ်ထုတ် လုပ်ရေးစက်ရုံ(တညင်းကုန်း) ရပ်ဆိုင်းခဲ့
ရသည့် အခြေအနေများနှင့်   သဘာဝ
ပတ်ဝန်းကျင်     ထိခိုက်မှုနည်းပါးသည့် အပေါ့စား သဲကွန်ကရစ်တုံး ထုတ်လုပ်ရန် အတွက်  စက်ရုံပိုင်မြေနေရာကို Mother Industrial Co.,Ltd. သို့ နှစ်ရှည်ငှားရမ်းခဲ့ သည့် အခြေအနေများကို ရှင်းလင်းတင်ပြ သည်။ 


ထို့နောက်  Mother IndustrialCo.,Ltd. မှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးရီက  စက်ရုံ တည်ဆောက်မှုသမိုင်းအကျဉ်း၊ လေထု ညစ်ညမ်းမှုနှင့်   သဘာဝပတ်ဝန်းကျင် မထိခိုက်နိုင်သည့် အပေါ့စား သဲကွန်ကရစ် တုံး  (Autoclaved Aerated Concrete Block-AAC) နှင့်   ဖိအားမြင့်ခံကွန်ကရစ် တုံး(Autoclaved Pressed Concrete Block-APC) ထုတ်လုပ်သည့် စက်ရုံအား ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့သည့်  အခြေ အနေ၊    ကုန်ကြမ်းစုဆောင်းခြင်းနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊    AAC နှင့် APC ကွန်ကရစ်တုံးများကို  အသုံးပြုခြင်း ဖြင့်  ရရှိလာမည့်  အကျိုးကျေးဇူးများနှင့် အထွေထွေ      လိုအပ်ချက်များအား 
နိုင်ငံတော်မှ    ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့်အခြေအနေများနှင့် ပတ်သက် ၍  ရှင်းလင်းတင်ပြရာ  နိုင်ငံတော်  စီမံ
အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က စက်ရုံများအားငှားရမ်းစဉ် စက်မှုဝန်ကြီးဌာနမှ  လုပ်ငန်းလိုအပ်ချက် အရ တွဲဖက်ထားသည့် ဝန်ထမ်းများသည် စည်းကမ်းနှင့်အညီ သက်ဆိုင်ရာလုပ်ငန်း ၌     လိုက်ပါဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊    စက်ရုံများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင်    ငှားရမ်း ထားသည့် လုပ်ငန်းအတိုင်းမဟုတ်ဘဲ လုပ်ငန်းပြောင်းလဲလုပ်ဆောင်မည် ဆိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ၏အတည်ပြုချက်နှင့်    ခွင့်ပြုချက်များ   ရယူရန်       လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပုဂ္ဂလိကပိုင်     စီးပွားရေး လုပ်ငန်းများကို   အားပေးပါကြောင်း၊ စက်ရုံများအနေဖြင့်  ပြည်တွင်းလိုအပ် ချက်ကို ဖြည့်ဆည်းထုတ်လုပ်ပေးနိုင်ရန် လိုအပ်ပြီး     အောင်မြင်မှုရရှိအောင် ဆက်လက် ဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းမှာကြားပြီး  လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ယင်းနောက် စက်ရုံမှ ထုတ်လုပ်ထား ရှိသည့်  AAC နှင့်  APC  ကွန်ကရစ်တုံးများ ၏  ခံနိုင်ရည်စွမ်းရည်၊  အသုံးပြုနိုင်သည့် အခြေအနေများနှင့်ပတ်သက်၍  စမ်းသပ် ပြသထားရှိမှုအား  ကြည့်ရှုလေ့လာရာ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးရီက လိုက်လံ ရှင်းလင်းပြသသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်  အဖွဲ့ဝင်များသည် Mother Industrial Co.,Ltd. စက်ရုံအတွင်း AAC နှင့် APC ကွန်ကရစ်တုံးများ ထုတ်လုပ်မှုအဆင့်ဆင့် နှင့်  Physical Laboratory နှင့် Chemical Laboratory တို့အတွင်း အရည်အသွေးစမ်းသပ်စစ်ဆေးမှုတို့ကို လှည့်လည်ကြည့်ရှု  လေ့လာကြရာ     Mother Industrial Co.,Ltd.  ဥက္ကဋ္ဌ ဦးအောင်မြတ်၊ မန်နေးဂျင်း ဒါရိုက်တာ ဦးစိုးရီနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း   သိရ သည်။  

                  
     သတင်းစဉ်