
အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းခဲ့မှုကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်နှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စီမံဆောင်ရွက် နေတဲ့ အခြေအနေကို သိပါရစေ။
ဦးမင်းကို ။ ။ ကျွန်တော်တို့ ဧရာဝတီညွှန်ကြားရေးမှူး တိုင်းဒေသကြီး အတွင်း မှာ အောက်တိုဘာလအတွင်း အသက် ၁၂ နှစ်နဲ့ အထက် အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးဖို့အတွက် စီမံဆောင်ရွက်လျက် ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ အခြေခံပညာအလယ်တန်းကျောင်း၊ အထက်တန်း ကျောင်း၊ ဘကကျောင်းများနဲ့ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား၊ကျောင်းသူပေါင်း နှစ်သိန်းလေးသောင်း ကျော်ကို ဆေးထိုးနှံပေးဖို့ရှိပါတယ်။ ဆေးထိုးနှံဖို့ အတွက် အခြေခံပညာအလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနဲ့ ကျေးလက် ကျန်းမာရေးဌာန ခွဲများမှ လျာထားစုရပ်နေရာ ၃၁၃ နေရာလျာထား ပါတယ်။ နောက်ပြီး ဆေးထိုးမယ့်အဖွဲ့ကိုလည်း ခရိုင်နဲ့မြို့နယ်များမှာ ဆေးထိုးအဖွဲ့ ၂၄၀ နဲ့ ရေလမ်း ခရီးနဲ့ တစ်ခြားဝေးလံတဲ့ နေရာတွေမှာ ခရိုင်/မြို့နယ် ကျန်းမာရေးဌာနတွေက မသွားရောက်နိုင်တဲ့ နေရာများကို တပ်မတော်က ဆေးထိုးအဖွဲ့ ၁၃ ဖွဲ့က ပူးပေါင်းပြီး စုစုပေါင်း ဆေးထိုးအဖွဲ့ ၂၅၆ ဖွဲ့နဲ့ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအားလုံး ကို ပြည့်ပြည့်ဝဝ အချိန်နဲ့တစ်ပြေးညီ ဆေးထိုးနှံပေး နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါတယ်။
မေး ။ ။ ကျန်းမာရေးဌာနအနေနဲ့ အသက် ၁၂နှစ် နှင့်အထက် ကျောင်းသား၊ ကျောင်းသူ တွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး မည့် ဆေးအမျိုးအစားကို ရှင်းပြပေးပါရှင့်။
ဒေါက်တာ ဇော်မင်းထွန်း ။ ။ အသက် ၁၂ နှစ် ကုသရေးနှင့်ပြည်သူ့ ပြည့်ပြီး ကျောင်းသူ၊ ကျန်းမာရေးဦးစီးဌာနမှူး ကျောင်းသားတွေကို
ထိုးနှံပေးမယ့်ဆေးကတော့ Sinovac vaccine ကာကွယ်ဆေး ဖြစ်ပါတယ်။ အရင်တုန်းကတော့ ဒီဆေးကို စက်မှုလက်မှုလုပ်ငန်းတွေနဲ့ အလုပ်ရုံ တွေမှာ စပြီးတော့ ထိုးနှံပေးခဲ့ပါတယ်။ ဒီဆေးက နိုင်ငံတကာမှာလည်း သုံးနှစ်အထက်ကနေစပြီး တော့ ၁၈ နှစ်အထိ ကလေးတွေမှာ စိတ်ချလက်ချ ထိုးနှံနိုင်ကြောင်း သုတေသနအထောက်အထား တွေရှိပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ကျောင်းတွေပြန်ဖွင့်ခဲ့မယ်ဆိုရင် ကျောင်းသူ၊ ကျောင်းသားတွေအတွင်း ကူးစက်မှုလျော့ကျရေး၊ ကလေးမိဘတွေအနေနဲ့ ကျောင်းတွေကို ကိုယ့် ကလေးတွေကို စိတ်ချလက်ချလွှတ်နိုင်ဖို့ရယ်၊ နောက်တစ်ချက်က ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းကိုလာတက်ကြပြီး အိမ်ကိုပြန်ကြမယ်။ အဲ့ဒီအခါ အိမ်တွေမှာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ထိတွေ့မှုဖြစ်ပြီးတော့ သက်ကြီးရွယ်အိုတွေမှာ အန္တရာယ်မဖြစ်အောင် ရည်ရွယ်ထားရှိပြီး အချိန်မီ ထိုးနှံပေးဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ စီစဉ် ထားတာကတော့ လေးပတ်ခြားပြီးရင် နှစ်ခါ ရအောင်ထိုးပါမယ်။
မေး ။ ။ ပညာရေးဌာနအနေနဲ့ အသက် ၁၂ နှစ် နှင့်အထက် အခြေခံပညာကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့အတွက် စာရင်းပြုစုဆောင်ရွက်နေမှု လေး ပြောပြပေးပါရှင့်။
ဦးတင်လှိုင် ။ ။ တိုင်း ဒေသ ပညာရေးမှူး ကြီး အတွင်းမှာ ဒုတိယညွှန်ကြားရေးမှူးချုပ် အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းများက ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ဖို့နဲ့ ကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်း ဒေသကြီးအနေနဲ့ အထက်တန်း၊ အလယ်တန်း ကျောင်းသားပေါင်း နှစ်သိန်းသုံးသောင်းကျော်ကို အောက်တိုဘာလအတွင်းမှာ ကာကွယ်ဆေး အပြီး ထိုးနှံနိုင်ဖို့ စီမံဆောင်ရွက်နေပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေး ထိုးနှံနိုင်ဖို့အတွက် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာ ကျောင်းအသီးသီးမှာရှိတဲ့ ကျောင်း အကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းအဖွဲ့ ဝင် များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနဲ့ ပူးပေါင်းပြီးတော့ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိ ပေးလှုံ့ဆော် ဆွေးနွေးပြီး အကြောင်းကြားခြင်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ကလေးတွေ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသက် ၁၂ နှစ်နှင့် ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးအပြည့်အဝ ထိုးနှံ ပေးနိုင်ဖို့အတွက် ကျောင်းသားမိဘများကလည်း ဒီဆေးထိုးခြင်းလုပ်ငန်းမှာ ပူးပေါင်းပါဝင်ဖို့ လိုအပ် ပါကြောင်း ပြောကြားလိုပါတယ်။
မေး ။ ။ အခြေခံပညာကျောင်းတွေမှာ အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမယ်ဆိုတာ သိပါသလား။ ကာကွယ်ဆေး ထိုးနှံပေးတာနဲ့ပတ်သက်ပြီး ရင်တွင်း ခံစားချက်ကို ပြောပြပေးပါရှင့်။
ဒေါ်ချစ်မွန် ။ ။ ကျွန်မကတော့ ဒေါ်ချစ်မွန် (ကျောင်းသားမိဘ) ဖြစ်ပါတယ်။ ပုသိမ်မြို့ အကောက်ဆိပ်လမ်းမကြီး၊ ကမ်းနားလမ်းမှာ နေပါ တယ်။ ကျွန်မကတော့ အ.ထ.က ၂၊ နဝမတန်းမှာ ပညာသင်ကြားနေတဲ့ မချမ်းမြေ့နိုင်ရဲ့ မိခင်ဖြစ်ပါတယ်။ ကျောင်းကနေကလေးကို ကိုဗစ်ကာကွယ် ဆေးထိုး ရမယ်လို့ စာရင်းကောက်ယူပါတယ်။ ကိုယ်တိုင်လည်း ကာကွယ်ဆေးထိုးပြီးဖြစ်တယ်။ ကလေးတွေကို လည်း ကာကွယ်ဆေးထိုးပေးမယ်ဆိုတော့ မိဘ အနေနဲ့ ဝမ်းသာမိပါတယ်။ ကာကွယ်ဆေးဆိုတာ ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်တာ ဖြစ်လို့ စီစဉ်ပေးတဲ့သူများကို ကျေးဇူး တင်ပါကြောင်း ပြောကြားလိုပါတယ်ရှင်။
ခင်စန္ဒာဆွေ(ပြန်/ဆက်)