မွန်ပြည်နယ် ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံအတွင်း အောက်ဆီဂျင်စက်ရုံဖွင့်လှစ်

 

နေပြည်တော်  အောက်တိုဘာ  ၇


မွန်ပြည်နယ် ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံအတွင်း အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါနေရာ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊  အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊   အလှူရှင်များ၊   ဒေသခံပြည်သူများ တက်ရောက်ကြသည်။


ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်က  အဖွင့်အမှာ စကား  ပြောကြားသည်။  ထို့နောက် တိုင်းမှူးက အောက်ဆီဂျင်စက်ရုံအတွက် အောက်ဆီဂျင် လီတာ ၄၀ အိုး ၂၀ နှင့်  ဆက်စပ်ပစ္စည်းများကို ပေးအပ် လှူဒါန်းရာ ကျန်းမာရေးဦးစီးဌာနမှူးက လက်ခံရယူ ပြီး  ဂုဏ်ပြုမှတ်တမ်းလွှာ  ပြန်လည်ပေးအပ်သည်။


ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်၊   တိုင်းမှူး နှင့် တာဝန်ရှိသူများက   အလှူရှင်များကို  ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပြီး အောက်ဆီဂျင်စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ  ကမ္ပည်းမော်ကွန်း အား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။


အဆိုပါ အောက်ဆီဂျင်စက်ရုံကို စက်တင်ဘာ ၂ ရက်တွင် ပြည်နယ်အစိုးရနှင့် စေတနာရှင် အလှူရှင် များက စုပေါင်းတည်ဆောက်လှူဒါန်းခြင်းဖြစ်ပြီး တစ်ရက်လျှင် အောက်ဆီဂျင် လီတာ ၄၀ အိုး ၆၀ ခန့်    ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။                                

သတင်းစဉ်