ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်  အောက်တိုဘာ   ၇


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊  နယ်စပ် ဂိတ်အသီးသီးမှ   လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ 


ယင်းသို့  ထုတ်ပေးရာတွင်  အောက်တိုဘာ ၇ ရက်နေ့၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  ကုမ္ပဏီလေးခုမှ  Elevaplus  1G Powder For Injection  ၁၂၄၆၇ ခု၊  Fosbind Tablet အခု ၁၀၀၀၊ Immutil Tablet  ၁၁၈၄ ခု၊ Escigress 5 mg Tablet အခု ၁၀၀၊ Gressami 200 Tablet အခု ၃၀၀၊  Sanbemerosan  Powder  For Injection အခု ၂၀၀၀၊ Pantocard Injection (Pantoprazole) အခု ၂၅၀၀၀။  ရန်ကုန်ဆိပ်ကမ်းများမှ  Disposable Isolation Gown  ၂၇၆  ခု၊ Mask အခု ၄၀၊ Oxygen Cylinder အခု ၂၁၉၀၊ Pressure Reducing Valve အခု ၂၁၉၀  နှင့်  ဆေးဝါးမျိုးစုံ ၈၀ (၂၅၅၅၉၆.၈၂၆ Kg)။ 


နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီသုံးခုတို့မှ  Protable Oxygen Concentrator လေးခု၊ Oxygen Cylinder အခု ၁၀၀၊ Mask ၄၀၀၀ Kg ၊ PPE အခု ၂၇၅၀၊ Oxygen Plant နှစ်ခု ၊ Trolley အခု ၁၅၀ တို့အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

             
 သတင်းစဉ်