ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး (၉) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးသို့ တက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၇


အင်ဒိုနီးရှားသမ္မတနိုင်ငံ  တရား ရုံးချုပ်မှကြီးမှူး၍      (၉) ကြိမ် မြောက် အာဆီယံ တရားသူကြီး ချုပ်များကောင်စီ အစည်းအဝေး (The 9th Meeting of the Council of ASEAN Chief Justices) ကို ယနေ့  နံနက် ၈ နာရီတွင်  ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်       ကျင်းပရာ ပြည်ထောင်စု  တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည်    နေပြည် တော်ရှိ     ပြည်ထောင်စုတရား  လွှတ်တော်ချုပ်ရုံးမှ   ပါဝင်တက် ရောက်သည်။


အမှာစကားပြောကြား


ဖွင့်ပွဲအခမ်းအနားတွင်  အင်ဒို နီးရှားသမ္မတနိုင်ငံ  တရားရုံးချုပ်၊  တရားသူကြီးချုပ်    The   Hon. Muhammad  Syarifuddin က အဖွင့်အမှာစကား   ပြောကြား သည်။ ထို့နောက်  ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး နှင့်     တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ တရားသူကြီး ချုပ်များ၊     ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက အဖွင့်အမှာ  စကား ပြောကြားကြသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့    အာဆီယံ အတွင်းရေးမှူးချုပ် H.E. Mr. Lim Jock Hoi လည်း တက်ရောက်၍  အမှာစကားပြောကြားသည်။


ပါဝင်ဆွေးနွေး


ယင်းနောက် အစည်းအဝေး ကို ဆက်လက်ကျင်းပရာ အာဆီယံ တရားသူကြီးချုပ်များ   ကောင်စီ (CACJ) လုပ်ငန်းအဖွဲ့များဖြစ်ကြ သည့် အာဆီယံတရားရေးသတင်း အချက်အလက်ပေါ်တယ် (ASEAN Judiciaries Portal)၊  အာဆီယံ ဒေသတွင်း တရားမမှုခင်း ဆင့်စာ ဆင့်ဆိုမှုလွယ်ကူစေရေး (Facilita-ting Service of Civil Processes within ASEAN)၊ မှုခင်းစီမံခန့်ခွဲမှု နည်းလမ်းများနှင့် တရားရုံးနည်း ပညာအသုံးပြုမှု (Case Manage-ment and Court Technology)၊ တရားစီရင်ရေးဆိုင်ရာ လေ့ကျင့် သင်ကြားပေးခြင်း        (Judicial Education   and    Training) ၊ နိုင်ငံဖြတ်ကျော်    ဖြစ်ပွားသည့် မိသားစုမှုခင်းဆိုင်ရာ     ကလေး သူငယ် အငြင်းပွားမှုများဖြေရှင်း ရေး (Cross-Border Disputes Involving Children)၊ အာဆီယံ နှင့် အခြားသော မိတ်ဖက်နိုင်ငံများ  တွေ့ဆုံဆွေးနွေးမှုပြုခြင်း (ASEAN + Meetings)၊    အနာဂတ်တွင် ကောင်စီ၏လုပ်ငန်းများ လေ့လာ ရေး (Study Group on Future Work of CACJ) စသည့် လုပ်ငန်း အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ် စားလှယ်များက   တင်သွင်းလာ သည့်        အစီရင်ခံစာများအပေါ် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် အာဆီယံတရားသူကြီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် များက ပါဝင်ဆွေးနွေးကြသည်။ 


ဂျာကာတာ ကြေညာချက် ထုတ်ပြန်


ထို့ပြင် ပြည်ထောင်စုတရား သူကြီးချုပ်သည် ယခင်နှစ် ကျင်းပ ခဲ့သည့် (၈) ကြိမ်မြောက် အာဆီယံ တရားသူကြီးချုပ်များ    ကောင်စီ အစည်းအဝေးပြီးနောက် ကိုဗစ်-၁၉  ကပ်ရောဂါ၏   အကျိုးသက် ရောက်မှုများ၊  ဖြေရှင်းမှုများနှင့် စပ်လျဉ်း၍  မြန်မာနိုင်ငံတရားစီရင် ရေးကဏ္ဍ၏ ဆောင်ရွက်မှုများကို   တင်ပြဆွေးနွေးသည်။ ထို့နောက်  အစည်းအဝေးတွင်  တက်ရောက် လာကြသည့်   အာဆီယံတရား သူကြီးချုပ်များကောင်စီ  အဖွဲ့ဝင် များသည် “ဂျာကာတာ ကြေညာ ချက်  (Jakarta   Declaration)”  ကို       အတည်ပြုထုတ်ပြန်ခဲ့ကြ သည်။


အစည်းအဝေးသို့ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး နှင့်အတူ   ပြည်ထောင်စု   တရား လွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသည့် ဦးမျိုးမောင်၊ ဦးကြည် သိန်း၊   ဦးခင်မောင်ကြီး၊  ဦးတင် ဟုန်၊   ဒေါ်ခင်မေရီနှင့်   CACJ  ၏  လုပ်ငန်းအဖွဲ့အသီးသီးတွင် ပြည် ထောင်စုတရားလွှတ်တော်ချုပ်မှ  ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ က   လေ့လာသူများအဖြစ်   ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရ သည်။


သတင်းစဉ်