နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းနှင့် ကျိုက္ကဆံအားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

အောင်ဆန်းအားကစားပြိုင်ဝင်းသည် နှစ်ပေါင်း ၁၁၂ နှစ်ရှိပြီဖြစ်ပြီး 
ယခင်က အရှေ့တောင်အာရှတွင် အကောင်းဆုံးဖြစ်ခဲ့သည့် သမိုင်းဝင် အားကစားပြိုင်ဝင်းတစ်ခုဖြစ်

နေပြည်တော်  အောက်တိုဘာ  ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊   နိုင်ငံတော်   ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် သည်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ  ဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီး မြထွန်းဦး၊   ဗိုလ်ချုပ် ကြီး မောင်မောင်ကျော်၊  ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးသိန်း ညွန့်၊ ဦးခင်မောင်ဆွေ၊  ကောင်စီ တွဲဖက်အတွင်းရေးမှူး   ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်   ဦးတင် ထွဋ်ဦး၊   ဦးလှမိုး၊ ဦးအောင်သန်းဦး၊   ဒေါက်တာချာလီသန်း၊   ဦးခင်ရီ၊ ဒေါက်တာသက်ခိုင်ဝင်း၊   ဦးမင်း သိန်းဇံ၊   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးလှစိုး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ     တပ်မတော် အရာရှိကြီးများ၊     ရန်ကုန်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး၊  မြို့တော် ဝန်နှင့်  တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း  ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ   အောင်ဆန်း  အားကစား ပြိုင်ဝင်းနှင့်    တာမွေမြို့နယ်ရှိ ကျိုက္ကဆံ  အားကစားကွင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ပြန်လည်အဆင့်မြှင့်တင်


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ  ဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့်          မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း သို့ ရောက်ရှိပြီး အားကစားပြိုင်ဝင်း ပြန်လည်     အဆင့်မြှင့်တင်တည်  ဆောက်ရေးအတွက်   ကြည့်ရှု စစ်ဆေးရာ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်   တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။


ယင်းနောက်     အောင်ဆန်း အားကစားပြိုင်ဝင်း အစည်းအဝေး ခန်းမတွင်       ပြည်ထောင်စုဝန်ကြီး  ဦးမင်းသိန်းဇံက  အားကစားဝင်း ဆိုင်ရာ   အချက်အလက်များနှင့် သမိုင်းအကျဉ်း၊  အဆောက်အဦ များ ပျက်စီးနေမှုအခြေအနေများ ကို ရှင်းလင်းတင်ပြသည်။


နှစ်ပေါင်း ၁၁၂ နှစ်ရှိပြီ


ရှင်းလင်းတင်ပြမှုများအပေါ်         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်က  အောင်ဆန်းအားကစားပြိုင်ဝင်း သည် နှစ်ပေါင်း ၁၁၂ နှစ်ရှိပြီဖြစ်ပြီး   ယခင်က   အရှေ့တောင်အာရှတွင် အကောင်းဆုံးဖြစ်ခဲ့သည့် သမိုင်း ဝင်   အားကစားပြိုင်ဝင်းတစ်ခု ဖြစ်ကြောင်း၊    အားကစားဝင်းအား ပြန်လည်အဆင့်မြှင့်တင်     တည် ဆောက်ရာတွင်      နိုင်ငံတကာ အဆင့်မီပွဲများ      ကျင်းပနိုင်ရေး အတွက် ထည့်သွင်းစဉ်းစားဆောင်  ရွက်ရန်လိုကြောင်း၊ တည်ဆောက် ရေးလုပ်ငန်းများ   ဆောင်ရွက်ရာ တွင် ယာဉ်များ  ရပ်နားရန်အတွက် နေရာများ၊  ပရိသတ်များ ဝင်ထွက် သွားလာမှု        အဆင်ပြေစေရေး အတွက် ခုံးကျော်တံတားများနှင့်  မြေအောက်လမ်းကူး   လူသွား ဥမင်များ၊   ဘတ်စ်ကားမှတ်တိုင် များ     ထည့်သွင်း တည်ဆောက်ရန် လိုအပ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေချိန် ကာလတွင်   လက်ရှိအားကစား ကွင်း၌ လေ့ကျင့်ရေးဆောင်ရွက် နေသော   အားကစားသမားများ  အားကစားနည်းများအလိုက်  လေ့ ကျင့်ရေး ဆောင်ရွက်နိုင်ရန် နေရာ များ  ကြိုတင်စဉ်းစားဆောင်ရွက် ထားရန်လိုကြောင်း      မှာကြား သည်။


အဆိုပါ အောင်ဆန်းအားကစား ပြိုင်ဝင်းအား   ၁၉၀၆ ခုနှစ်တွင် စတင်   ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး   မူလအမည်မှာ    BAA  (Burma Athletic Association Ground) ဖြစ်ကြောင်း၊  လူစည်ကားသော ပြည်တွင်း အားကစားပြိုင်ပွဲများ နှင့် နိုင်ငံတကာဆိုင်ရာ အားကစား ပြိုင်ပွဲများအပြင် အထူးတလည်  အမှတ်တရဖြစ်စေသော ပြပွဲဖြစ် သည့် ရေခဲပေါ်မှ အားလပ်ရက်နေ့ (Holiday on Ice) ခေါ် ရေခဲပြင် ပြပွဲကြီးအား     ကျင်းပပြုလုပ်ခဲ့ ကြောင်း၊  ၁၉၅၃ ခုနှစ် အောက်တို ဘာ ၁၇ ရက်တွင် မူလအမည် BAA (Burma Athletic     Association  Ground)   အမည်မှ    အောင်ဆန်း အားကစားပြိုင်ဝင်းအဖြစ် ပြောင်း လဲသတ်မှတ်ခဲ့ခြင်း  ဖြစ်ကြောင်း သိရသည်။


အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်


ညနေပိုင်းတွင်        နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များသည်          တာမွေမြို့နယ်ရှိ ကျိုက္ကဆံ       ဘတ်စကက်ဘော အားကစားရုံနှင့် အားကစားနှင့် ကာယပညာသိပ္ပံ  (ကျိုက္ကဆံကွင်း) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး ပြီး   အားကစားကွင်းအလိုက်  အဆင့်မြှင့်တင်      ဆောင်ရွက်နိုင် မည့်   အခြေအနေ၊  အားကစား သမားများ အမှန်တကယ်လေ့ကျင့် ဆောင်ရွက်နိုင်ရေး   လုပ်ဆောင် ပေးရန် လိုအပ်သည့်   အခြေအနေ နှင့် အမျိုးသားအားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေ အနေများနှင့် ပတ်သက်၍ လိုအပ်  သည်များ      လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်