မြန်မာနိုင်ငံပြန်တမ်း

 

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် 
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
 

၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်       သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး   ဝန်ကြီးဌာန၊   သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ပါမောက္ခချုပ် ဒေါက်တာ  ခင်မောင်ဆင့်   ကို  အစမ်းခန့်ကာလ  (၁)  နှစ်ပြည့်မြောက်သည့် နေ့မှစ၍  အတည်ပြုခန့်ထားလိုက်သည်။ 
၂။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်        ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ  ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဇော်မိုးဝင်း  ကို ဝန်ထမ်းရေးရာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်အဖြစ်    တာဝန်ဝတ္တရားများကို     စတင် ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။