အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၈၃၃ ဦးရှိ

နယူးဒေလီ   အောက်တိုဘာ   ၆


အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ   ကူးစက်ခံရသူ ၁၈၈၃၃ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၃၈၇၁၈၈၁ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။


ထို့ပြင်  အိန္ဒိယနိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၇၈ ဦးထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း  ၄၄၉၅၃၈  ဦးရှိလာကြောင်း သိရ သည်။


အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုအများဆုံးမှာ       ကီရာလာပြည်နယ်   တောင်ပိုင်းဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ရောဂါပိုးတွေ့ရှိဆဲလူနာပေါင်း ၂၄၆၆၈၇  ဦးရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


အိန္ဒိယနိုင်ငံ၌    လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉  ရောဂါမှ  ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ  ဆင်းခွင့်ရရှိသူ  ၂၄၇၇၀  ရှိခြင်း ကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ပေါင်း ၃၃၁၇၅၆၅၆ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားသည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်