ဒေသတွင်း ဆိုက်ဘာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အာဆီယံ၏ ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၆


(၆) ကြိမ်မြောက်  စင်ကာပူနိုင်ငံတကာ ဆိုက်ဘာသီတင်းပတ် (6th Singapore International Cyber Week- SICW) ကို စင်ကာပူ နိုင်ငံ  ဆိုက်ဘာလုံခြုံရေးအေဂျင်စီ (CSA) က  Virtual စနစ်ဖြင့် အောက်တိုဘာ  ၄ ရက်မှ  ၈  ရက်အထိ ကျင်းပလျက်ရှိသည်။


ယနေ့ ကျင်းပသည့် (၆) ကြိမ်မြောက် အာဆီယံဆိုက်ဘာလုံခြုံရေးဝန်ကြီးများညီလာခံ   (6th ASEAN Ministerial Conference on Cybersecurity - AMCC) သို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန် တက်ရောက်ခဲ့ပြီး ဆိုက်ဘာလုံခြုံရေး  ခြိမ်းခြောက်မှုဆိုင်ရာ ကိစ္စ၊ မူဝါဒများ၊ ဆိုက်ဘာစံနှုန်းများ  အကောင်အထည်ဖော် ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့်   ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ညှိနှိုင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အရေးကြီး သည့် သတင်းအချက်အလက်အခြေခံအဆောက်အအုံ ကာကွယ် ရေးနှင့် ဆိုက်ဘာလုံခြုံရေး၊ ကျွမ်းကျင်လုပ်သား အရင်းအမြစ် တည်ဆောက်ရေး ကိစ္စရပ်များကို အခြားအာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊  တာဝန်ရှိသူများနှင့်အတူ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်  ဒေသတွင်း  ဆိုက်ဘာပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အာဆီယံ၏ဆွေးနွေး ဘက်နိုင်ငံများမှ  ကိုယ်စားလှယ်များနှင့်  ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။


 အဆိုပါ ညီလာခံသို့ အာဆီယံနိုင်ငံများမှ ဆိုက်ဘာလုံခြုံ ရေးနှင့်သက်ဆိုင်သော    ဝန်ကြီးများ၊    ဒုတိယဝန်ကြီးများ၊ 
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့် ဆွေးနွေးဘက်နိုင်ငံ များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်