သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ ဖြန့်ဖြူးရောင်းချ ယနေ့ထိ ပိဿာ ၄,၆၀၃,၇၂၀ ၊ တန်ချိန် ၇၅၂၂ တန် ရောင်းချခဲ့ပြီးဖြစ်

 

နေပြည်တော်    အောက်တိုဘာ    ၆


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူ တင်သွင်းခဲ့သည့် စားအုန်းဆီများကို တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် (၃၇၀ဝိ/-) နှုန်းဖြင့် စက်တင်ဘာ ၂၀  ရက်မှ စတင်ရောင်းချ လျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ အတွက် စားအုန်းဆီ ပိဿာ (၄,၆၀၃,၇၂၀) ၊ တန်ချိန် (၇၅၂၂) တန်ရောင်းချခဲ့ပြီးဖြစ်သည်။ 


ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက်အသင်း၏ အစီအစဉ် ဖြင့် ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက် ရှိပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက်ရောင်းချ ပေးမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို လက်ကားဝယ်ယူရောင်းချ သူများအနေဖြင့်    လက်လီအရောင်းဆိုင်များတွင်   အသားတင် အကျိုးအမြတ် (၂ ရာခိုင်နှုန်း)ထက် မပိုသည့်ဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများသို့    ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများသို့   လက်လီ/လက်ကား  ဖြန့်ဖြူးရောင်းချ ပေးမည့်     လုပ်ငန်းရှင်များအနေဖြင့်     မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊    အမှတ်(၁၀၄/၁၀၈)   ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်   (ဆင်မင်းအိမ်ရာဓမ္မာရုံရှေ့)  အလုံမြို့နယ် ဖုန်းအမှတ်၊ ၀၉-၄၄၄၄၃၇၂၉၅၊ ၀၉-၄၀၁၅၂၇၀၄၉နှင့် ရန်ကုန်တိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၀၁-၂၅၀၂၇၀၊ ၀၉-၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။  


သတင်းစဉ်