
အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် (၁၂) နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။
ဒေါ်နုနုသာ
ကျောက်ဖြူမြို့နယ်ပညာရေးမှူး
မေး ။ ဆရာမကြီးတို့ရဲ့ အထက်တန်း/အလယ် တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့ အစီ အစဉ်နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ်ရှင့်။
ဖြေ ။ အသက် ၁၂ နှစ်ပြည့် ကလေးများကို ကာကွယ်ဆေးထိုးဖို့လို့ ကျွန်မတို့ မြို့နယ်မှာ ထက်ဆင့်သင်နှင့် လယ်ဆင့်သင်ကျောင်း ၁၅၈ ကျောင်း ရှိပါတယ်။ IDP က တစ်ကျောင်း ပါတယ်။ ဘုန်းတော်ကြီး ပညာသင်ကျောင်းက လေးကျောင်းပါပါတယ်။ အဲဒီအထဲမှာ ၁၂ နှစ်ပြည့် ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူ ၁၅၆၄၅ ဦးရှိပြီး တော့ ဒီကလေးတွေကို မြို့နယ်အစိုးရ အဖွဲ့အစည်း၊ ခရိုင်ဆရာဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြီးတော့နောက်ဌာန ဆိုင်ရာတွေနဲ့ပူးပေါင်းပြီး ဒီကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းကို ကြိုတင်ပြီး စီမံချက်ရေးဆွဲရပါတယ်။ ကျောက်ဖြူမြို့နယ်မှာ အဲဒီလိုစီမံချက်ဆွဲပြီး ဆေးထိုး မယ့်စုရပ် နယ်မြေစုရပ် စတဲ့စုရပ် ၁၅ ခု သတ်မှတ် ထားပါတယ်။
IDP စခန်းက သီးခြားတစ်ခုပါ။ ကျန်တဲ့ကျောင်း တွေက ၁၄ ခု ဖြစ်ပါတယ်။ မြို့ပေါ်မှာကျတော့ ကျောင်းသား၊ ကျောင်းသူ ၃၈၂၈ ဦးကို ထိုးပါမယ်။ တစ်ရက်ကို ဦးရေ ၁၀၀၀ နှုန်း ထိုးနှံနိုင်အောင်အတွက် ၁၅၈ ကျောင်းက ကျောင်းအုပ်တွေကို ခေါ်ယူပြီးတော့ ဒီနေ့ အစည်းအဝေးလုပ်ပါတယ်။ ဆေးထိုးနှံမယ့် စာရင်းကိုလည်း တိတိကျကျပြုစုမယ်။ ဆေးထိုးနှံ ရာမှာလည်း စာရင်းဖြည့်သွင်းဖို့အတွက် ကွန်ပျူတာ နည်းပညာပိုင်းဆိုင်ရာ ဆရာတွေကို စုရပ်တစ်ခုမှာ ၃၀၀၀ အထက်ဆိုရင် ဆရာ၊ ဆရာမ ခြောက်ဦး၊ ၂၀၀၀ အောက်ဆိုရင် သုံးဦးစီထားရှိဖို့ စီစဉ် ဆောင်ရွက်ထားရှိပါတယ်။ မနက်ဖြန်မှာ Software နည်းပညာပိုင်း ရေးသွင်းနည်းသင်တန်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီး သင်ကြားပေးပို့ စီစဉ်ထားပါတယ်။
မေး ။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမယ့် စုရပ် ၁၅ ခုရဲ့ နေရာလေးတွေသိချင် ပါတယ်ရှင့်။
ဖြေ ။ ကာကွယ်ဆေး ထိုးနှံမယ့် စုရပ်တွေက အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းအုပ်စု၊ စုရပ် (၁) မှာ ကျောင်းက ၂၃ ကျောင်း ပါရှိပြီးတော့ ၃၈၂၈ ဦးကို ထိုးနှံပါမယ်။ အခြေခံပညာ အထက်တန်းကျောင်း (ဂုံးချွိန်) အုပ်စု၊ စုရပ် (၂) မှာ ကျောင်းက ရှစ်ကျောင်းပါရှိပြီးတော့ ၉၅၁ ဦးကို ထိုးနှံပါမယ်။ မူလတန်းလွန်ကျောင်း (စေမော်) အုပ်စု၊ စုရပ် (၃) မှာ ကျောင်းက ၁၂ ကျောင်းပါရှိပြီး ၉၉၆ ဦး ကို ထိုးပါမယ်။ နောက်အုပ်စု တစ်ခုကတော့ အခြေခံ ပညာအထက်တန်းကျောင်း ဆင်ဘုတ်ကျွန်းချောင် အုပ်စု စုရပ် (၄) မှာ ကျောင်းက ၁၇ ကျောင်းပါရှိပြီး ၁၂၂၃ ဦးကို ထိုးနှံပါမယ်။
အခြေခံပညာအထက်တန်းကျောင်း (မင်းပြင်) အုပ်စု၊ စုရပ် (၅) မှာ ၉၈၈ ဦး၊ အခြေခံပညာအထက် တန်းကျောင်း (ဇင်ချောင်း) အုပ်စု၊ စုရပ်(၆)မှာ ၁၀၅ ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)ဘောရဘာအုပ်စု၊ စုရပ် (၇) မှာ ၄၈၉ ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (စနဲ) အုပ်စု၊ စုရပ် (၈) မှာ ၆၁၉ ဦး၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) (ဒွေးချ) အုပ်စု၊ စုရပ် (၉) မှာ ၅၁၆ ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) လှံပျောက်အုပ်စု၊ စုရပ် (၁၀) မှာ ၁၄၂၅ ဦး၊ အခြေခံပညာအထက်တန်း ကျောင်း (ကပိုင်ချောင်း) အုပ်စု၊ စုရပ် (၁၁) မှာ ၁၀၁၅ ဦးကို နှစ်ရက်ထိုးပါမယ်။ အခြေခံပညာ အထက်တန်း ကျောင်း (ငွေတွင်းတူး) အုပ်စု၊ စုရပ် (၁၂) မှာ ၇၆၆ ဦးကို နှစ်ရက်ထိုးပါမယ်။ အခြေခံပညာ အထက်တန်းကျောင်း (မြို့ချောင်း) အုပ်စု၊ စုရပ် (၁၃) မှာ ၁၀၂၇ ဦး၊ အခြေခံပညာအထက်တန်းကျောင်း (အောက်မဒေကျွန်း) အုပ်စု၊ စုရပ် (၁၄) မှာ ၃၁၄ ဦးနဲ့ စုရပ် (၁၅) ကျောက်တစ်လုံး IDP စခန်းမှာတော့ ၇၉ ဦး ရှိပါတယ်။ စုစုပေါင်းကတော့ ၁၅၆၄၅ ဦး ထိုးနှံပေးသွားပါမယ်။
မေး ။ ကျောင်းသား၊ ကျောင်းသူတွေကို စုရပ်တွေ မှာ ကာကွယ်ဆေးထိုးနှံဖို့အတွက် အသိ ပေးချက်တွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲရှင့်။
ဖြေ ။ ကာကွယ်ဆေးထိုးနှံဖို့အတွက် အထက်က အောက်တိုဘာ ၁၀ ရက် နောက်ပိုင်းမှာ စတင်ထိုးနှံဖို့ဖြစ်တဲ့အတွက်ကြောင့် နယ်မြေခံ ကျောင်းတွေက ဆရာကြီး၊ ဆရာမကြီးတွေ အားလုံး ကို အသိပေးထားပြီးဖြစ်ပါတယ်။ ကျောင်းအုပ်ကြီး တွေက ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံပြီးတော့ ၁၂ နှစ်ပြည့် ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ အတွက် သဘောတူညီချက်ပါရှိတဲ့ လက်မှတ်ကို လည်း ရယူထားမှာပါ။ မိဘတွေရဲ့ သဘောတူညီချက် နဲ့သာ ဒီဆေးထိုးနှံမှုကို လုပ်ပါမယ်။ အတန်းပိုင် ဆရာတွေကတစ်ဆင့် ဆေးထိုးဖို့အတွက် ကျောင်း သားတွေကို လက်ဆင့်ကမ်းမယ်။ သဘောတူညီချက် ရပြီဆိုတာနဲ့ ဘယ်ကျောင်း၊ ဘယ်ကျောင်းတွေကို ထိုးနှံမယ်။ ပြီးတော့ မနက်၊ ညနေပိုင်း ခွဲပြီးထိုးနှံဖို့ စီစဉ်မှာဖြစ်ပါတယ်။
မေး ။ မကြာခင်မှာ အခြေခံပညာကျောင်းတွေကို ပြန်လည် ဖွင့်လှစ်တော့မယ်လို့ သိရ ပါတယ်။ ကျောင်းတွေပြန်လည်ဖွင့်ဖို့အတွက် ဆရာ မကြီးတို့အနေနဲ့ ဆောင်ရွက်ထားရှိမှုလေး သိချင် ပါတယ်ရှင့်။
ဖြေ ။ ကျောင်းတွေ ပြန်ဖွင့်ဖို့အတွက်ဆိုရင် ဒီကျောင်းမဖွင့်ခင် ကိုဗစ် တတိယလှိုင်း ဝင်နေတဲ့အချိန်မှာ Grade-6 ၊ Grade-7 သင်ထောက် ကူပြုပစ္စည်းတွေ၊ ရသစာပေစာအုပ်တွေ ပိတ်မိ နေတဲ့အတွက် စက်တင်ဘာလကုန်ကတည်းက ကျောင်းတွေအသီးသီးကို အချိန်မီရောက်နိုင်အောင် ထုတ်ပေးထားပါတယ်။ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးတွေအပြင် ကျောင်းဖွင့်ဖို့အတွက်လည်း ကြိုတင်ပြင်ဆင် ထားရှိပါတယ်။ ရေရရှိရေးနှင့် လက်ဆေးဘေစင်များကိုလည်း ပြန်လည်ပြင်ဆင် ထားရှိမှုတွေကို မေလကတည်းက ဆောင်ရွက် ထားရှိပြီး ဖြစ်ပါတယ်။
မေး ။ ခုကျောင်းတွေဖွင့်တဲ့အခါမှာ ဆရာ ဆရာမတွေအားလုံးရော ကိုဗစ်ကာကွယ် ဆေးထိုးနှံထားပြီးပါသလားရှင့်။
ဖြေ ။ ကိုဗစ်ကာကွယ်ဆေးကို ဆရာ ဆရာမ အားလုံး ၉၁ ဒသမ ၆၆ ရာခိုင်နှုန်း ထိုးနှံ ထားပြီးဖြစ်ပါတယ်။ မထိုးရသေးသူတွေကတော့ နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ လောက်ပဲ ကျန်ပါတော့တယ်။
မေး ။ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေပြေ ဆောင် ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာန/အဖွဲ့ အစည်းတွေကို သိပါရစေ။
ဖြေ ။ ကာကွယ်ဆေးထိုးနှံဖို့ ပူးပေါင်းဆောင်ရွက် တာကတော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ၅ ဦးကော်မတီ ဖွဲ့စည်း ထားပါတယ်။ ပထမ ၅ ဦး ကော်မတီနဲ့ အစည်းအဝေး ပြုလုပ်ပါတယ်။ နောက်ပြီးတော့ ဌာနပေါင်းစုံဖြင့် စီမံချက်တစ်ခုရေးဆွဲထားပါတယ်။
မေး ။ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအပေါ် ဆရာမကြီးရဲ့ ပီတိစကားသံလေးကို ပြောကြားပေးပါရှင့်။
ဖြေ ။ ကျွန်မကတော့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်။ ကိုဗစ် တတိယလှိုင်း ဝင်လာတဲ့အခါ ကျောင်းတွေ ပြန်ပိတ်လိုက်တော့ စိတ်ခံစားရတာပေါ့။ ကလေးတွေက စာသင်ချင်တယ်၊ သူတို့က ကျောင်းဖွင့်ဖို့ မျှော်လင့်တယ်။ ဒီကာကွယ် ဆေး အချိန်မီထိုးနှံပြီးရင် ဆရာ ဆရာမတွေရော၊ ကျောင်းသူ၊ ကျောင်းသားတွေရော ပျော်ရွှင်ကြမယ် ထင်ပါတယ်။ ပြန်ပြီးတော့ ကျောင်းတွေမှာ စိုစို ပြည်ပြည်တွေနဲ့ ကျောင်းတွင်းဝန်းကျင် စိမ်းလန်း စိုပြည်ရေး၊ ကျောင်းသား၊ ကျောင်းသူတွေ ပျော်ပျော် ရွှင်ရွှင်စာသင်ယူနေတဲ့ မြင်ကွင်းကိုပဲ ကျွန်မတို့ မြင်ချင်ပါတယ်။
မေး ။ ဆရာမကြီးအနေနဲ့ ဖြည့်စွက်ပြောကြား ချင်တာ ပြောပြပေးပါရှင့်။
ဖြေ ။ ဖြည့်စွက်ပြောချင်တာကတော့ လုပ်ငန်း အနေနဲ့ ကျောင်းကို မြန်မြန်ပြန်ဖွင့်ချင် ပါပြီပေါ့နော်။ ဒီရောဂါပြတ်တာနဲ့ ကျောင်းကိုမြန်မြန် ဖွင့်လို့ရှိရင် ကျောင်းရဲ့လုပ်ငန်းတွေကို အချိန်မီမီနဲ့ ဆောင်ရွက်နိုင်မယ်။ ကျောင်းရဲ့လုပ်ငန်းဆိုတာက တစ်နှစ်တာ ၁၀ လကာလ စာသင်ရမှာဖြစ်ပါတယ်။ အဲဒီကျောင်းသင်ကြားရေး ၁၀ လကို ကျွန်မတို့က မမီတော့ဘူး။ အဲဒီ ၁၀ လကို ကျွန်မတို့ ဝန်ကြီးဌာန ကနေပြီး သင်ရိုးကို ညှိနှိုင်းပြီးတော့ ကျောင်းဖွင့် တဲ့အချိန်မှာ စာသင်ကြားရေးကိုပဲ ဦးစားပေးပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အခုလိုဖြေကြားပေးတဲ့အတွက် ဆရာမကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။
တွေ့ဆုံမေးမြန်းသူ - ဒေါ်ခင်ယုယုနွယ်
ဓာတ်ပုံ - ဖြိုးဝေလင်း၊ တင်ထွန်းဦး