အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၈ ဒသမ ၃၄ သန်းကျော်ရှိလာ

အဒစ်အဘာဘာ အောက်တိုဘာ ၅


အာဖရိကတိုက်၌ ယမန်နေ့မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၈၃၄၃၉၆၇ ဦး ရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။


အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏  ကျန်းမာ ရေးအေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိက ရောဂါထိန်းချုပ်ရေးနှင့်  ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ     အာဖရိကတိုက်တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့်   သေဆုံးသူစုစုပေါင်း ၂၁၂၄၈၄ ဦးရှိလာကြောင်း သိရသည်။ လက်ရှိတွင် အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၇၆၈၇၉၃၈  ဦးရှိကြောင်း သိရသည်။


တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှား နိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည်  အာဖရိက တိုက်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံး နိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါထိန်းချုပ် ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။


တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၂၉၀၆၈၅၁ ဦးရှိကြောင်းနှင့် မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၃၅၅၆၀ ရှိကြောင်း  အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြား သည်။


အာဖရိကတိုက်၌ အာဖရိကတောင်ပိုင်းဒေသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးဒေသဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ဒုတိယအများဆုံး ဒေသများဖြစ်ကာ အာဖရိကအလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု     အနည်းဆုံးဖြစ် ကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ 
ဘာသာပြန် - အလင်းသစ်